မြန်မာနိုင်ငံကို နောက်ထပ် အရေးယူမှုများ ပြုလုပ်ရန် အမေရိကန် အထက်လွှတ်တော်အမတ်များက သမ္မတ ဂျိုးဘိုင်ဒန်အစိုးရအား တိုက်တွန်း
NEWS
PUBLISHED 28 APRIL 2021 REF:REUTERS
တပ်မတော်က အာဏာလွှဲပြောင်းရယူခြင်းနှင့် ဆန္ဒပြသူများအား ဖြိုခွင်းသည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ၏ ဝင်ငွေများကို ထိန်းချုပ်ခြင်း အပါအဝင် မြန်မာနိုင်ငံက တပ်တော်အစိုးရအပေါ် ဘိုင်ဒန်အစိုးရက နောက်ထပ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် ဧပြီ ၂၇ ရက်တွင် အမေရိကန် အထက်လွှတ်တော်အမတ်များ ပါဝင်သည့် နှစ်ပါတီအုပ်စုက တိုက်တွန်းလိုက်သည်။
လူသားအပေါ် ကျူးလွန်မှုများ မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရသော်လည်း မြန်မာပြည်သူလူထုကို ထောက်ပံ့ရေးအတွက် လမ်းကြောင်းသစ်များကို စူးစမ်းရန် ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျက်ဖ်မာ ကလေ၊ ရီပတ်ပလီကင် အထက်လွှတ်တော်အမတ် မာကိုရူဘီယိုနှင့် အခြားအထက်လွှတ်တော်အမတ် လေးဦးတို့က နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကင်နှင့် ဘဏ္ဍာရေးဝန်ကြီး ဂျာနတ်ရယ်လန်တို့ကို ပေးစာ တစ်စောင်တွင် တိုက်တွန်းခဲ့ကြသည်။
အမေရိကန် ထိပ်တန်းစွမ်းအင်ကုမ္ပဏီ ရှယ်ဗရွန် အပါအဝင် စီးပွားရေးလုပ်ငန်းများထံမှ မူပိုင်ခများ၊ မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းထံ စီးဆင်းမှုရပ်သွားရန် ဘိုင်ဒန်အစိုးရ ဆောင်ရွက်ပေးမှုအပေါ် ၎င်းတို့က လိုလားနေကြသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် အမေရိကန် အရေးယူပိတ်ဆို့မှုကို ခံထားရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် ခေါင်းဆောင်များကို ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုပေးနေသည့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်က လုပ်ငန်းတစ်ခု ဖြစ်သည်။
မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းသည် ရှယ်ဗရွန်က အစုရှယ်ယာ ၂၈ ဒသမ ၃ ရာခိုင်နှုန်း ပါဝင်သော ရတနာ သဘာဝဓာတ်ငွေ့လုပ်ကွက်၌ ပါတနာ ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်ကို အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် မြန်မာနှင့် အဆက်အသွယ် ဖြတ်တောက်ရန် ရှယ်ဗရွန်၊ Total တို့ အပါအဝင် စွမ်းအင်ကုမ္ပဏီများကို လူ့အခွင့်အရေး အုပ်စုများက တိုက်တွန်းထားသည်။
ရှယ်ဗရွန်၊ Total ကဲ့သို့ ကုမ္ပဏီများ ပါဝင်သည့် အစုစပ်လုပ်ငန်းများက ရရှိသော သဘာဝဓာတ်ငွေ့ ဝင်ငွေသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံနီးပါးရှိသောကြောင့် သဘာဝဓာတ်ငွေ့မှ ရရှိသည့် ဝင်ငွေသည် မြန်မာအစိုးရအတွက် ပြည်ပငွေ အများဆုံးရရှိစေသည့် တစ်ခုတည်းသော အရင်းအမြစ် ဖြစ်သည်ဟု အမေရိကန် အထက်လွှတ်တော်အမတ်များက ပြောကြားသည်။
အဆိုပါ အစုစပ်လုပ်ငန်းများက ရရှိသည့်ငွေများကို မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းအရ ရွေးကောက်ထားတဲ့ အစိုးရတက်လာချိန်အထိ ထိန်းသိမ်းစောင့်ရှောက်သည့် အဖွဲ့တစ်ခု၌ သိမ်းထားရန် သို့မဟုတ် လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စများအတွက် အသုံးပြုရန် အမေရိကန်လွှတ်တော်အမတ်များက အဆိုပြုထားသည်
https://news-eleven.com/article/207418
No comments:
Post a Comment