တောင်ဥက္ကလာပမြို့နယ် ရဲစခန်းအနီးတွင် ပေါက်ကွဲမှု ဖြစ်ပွား
NEWS
PUBLISHED 28 APRIL 2021
တောင်ဥက္ကလာပမြို့နယ် ရဲစခန်းအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။
တောင်ဥက္ကလာပမြို့နယ်ရှိ မြို့မရဲစခန်းတွင် မွန်းလွဲ ၃ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိသည်ဟု သိရသော်လည်း အရေအတွက်မည်မျှ ထိခိုက်ဒဏ်ရာ ရခဲ့သည်ကို မသိရှိရသေးပေ။
“စခန်းရှေ့တော့ မဟုတ်ဘူး။ စခန်းဘေးကလမ်းမှာ ပေါက်တာ။ အထိအခိုက်တော့ ရှိတယ်။ ဘယ်လောက်ရှိသလဲတော့ မသိရသေးဘူး”ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
သစ္စာလမ်းပေါ်ရှိ တောင်ဥက္ကလာပမြို့မရဲစခန်း ဘေးပေါက်ရှေ့တွင် အတားအဆီးများ ကာရန်ထားသည်ကို ဧပြီ ၂၈ ရက် ညနေပိုင်းက တွေ့မြင်ခဲ့ရသည်။
ထို့ပြင် ရဲစခန်းဘေးပေါက်ရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် အများအပြား တွေ့မြင်ခဲ့ရပြီး သစ္စာလမ်းပေါ်တွင် သွားလာနေသည့် ယာဉ်များအား လိုက်လံ စစ်ဆေးကြည့်ရှုနေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
https://news-eleven.com/article/207421
No comments:
Post a Comment