ပြည်တွင်းတည်ငြိမ်မှုအပေါ် မူတည်ပြီးမှသာ အာဆီယံမှ အဆိုပြုသည့် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် ခရီးစဉ်များကို စဉ်းစားသွားမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြား
NEWS
Photo - dsinfomm blogspot.com
Photo - dsinfomm blogspot.com
PUBLISHED 27 APRIL 2021
ပြည်တွင်းတည်ငြိမ်မှုအပေါ် မူတည်ပြီး မှသာ အာဆီယံမှ အဆိုပြုသည့် မြန်မာနိုင်ငံသို့ လာရောက်လိုသည့်ခရီးစဉ်များကို စဉ်းစားသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း ဧပြီ ၂၆ ရက် ည၈ နာရီ MRTV သတင်းကြေညာချက် အရ သိရသည်။
ဧပြီ ၂၆ ရက်က နေပြည်တော်၌ ကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၉/၂၀၂၁) တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ပြောကြားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံခေါင်း ဆောင်အသီးသီး၏ အကြံပြုချက် ဆွေးနွေး ချက်များနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတို့နိုင်ငံအပေါ် ပေးအပ်ခဲ့သည့် အကြံပြုချက်များတွင် အပြုသဘောဆန် ပြီး ကောင်းမွန်သည့်အချက်များပါရှိသောကြောင့် ယင်းအချက်များကို ပြည်တွင်း၌ လတ်တလော ဖြစ်ပျက်နေသည့် အခြေအနေများနှင့် ဆက်စပ်၍ အလေးပေးထည့်သွင်းစဉ်း စားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး လက်ရှိတွင် မိမိတို့အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုရှိရေးကို ဦးစားပေးဆောင်ရွက်နေသောကြောင့် ပြည်တွင်း တည်ငြိမ်မှုအပေါ် မူတည်ပြီးမှသာ အာဆီယံမှအဆိုပြုသည့် မြန်မာနိုင်ငံသို့ လာရောက် လိုသည့်ခရီးစဉ်များကို စဉ်းစားသွားမည်ဖြစ် ကြောင်း၊ မိမိတို့ချမှတ်ထားသည့် ရှေ့လုပ်ငန်း စဉ် (၅)ရပ်ကို အကောင်အထည် ဖော်ရာတွင် အာဆီယံမှ အပြုသဘောပါဝင်ကူညီပံ့ပိုးပေး လိုမှုများနှင့် စပ်လျဉ်း၍လည်း “ ASEAN Charter” “ASEAN WAY” “ASEAN Sprit” များအပေါ် အခြေခံမည်ဆိုပါက နိုင်ငံကောင်း ကျိုးအတွက် စဉ်းစားပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား ခဲ့သည်ဟု MRTV သတင်းကြေညာချက်အရ သိရသည်။
ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြုလုပ်သည့် အာဆီယံခေါင်း ဆောင်များ အစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ဘုံသဘောတူညီချက် ငါး ချက်ရရှိခဲ့ကြောင်း၊ ယင်းသဘောတူညီချက် ထဲတွင် အာဆီယံအထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံသို့ လာ ရောက်၍ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး နှင့် တွေ့ဆုံရန်ဆိုသည့်အချက်လည်း ပါဝင် ကြောင်း သိရသည်။
https://news-eleven.com/article/207342
No comments:
Post a Comment