AAPP သည် ဥပဒေအရ တရားဝင် ရပ်တည်ဆောင်ရွက်ခွင့်မရှိသည့် အသင်းတစ်ခုဖြစ်ပြီး ၎င်းင်းအသင်းအနေဖြင့် မမှန်ကန်သော ကိန်းဂဏန်းအချက်အလက်များ ထုတ်ပြန်သည်ဟုဆိုကာ ဥပဒေနှင့်အညီအရေးယူသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်
NEWS
PUBLISHED 27 APRIL 2021
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (Assistant Association For Political Prisoners – AAPP) သည် ဥပဒေအရ တရားဝင်ရပ်တည်ဆောင်ရွက်ခွင့်မရှိသည့် အသင်းတစ်ခုဖြစ်ပြီး ၎င်းအသင်းအနေဖြင့် မမှန်ကန်သော ကိန်းဂဏန်းအချက်အလက်များ ထုတ်ပြန်သည်ဟုဆိုကာ ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ဧပြီ ၂၆ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြောင်း သိရသည်။
ထုတပြန်ချက်တွင် နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း (Assistant Association For Political Prisoners – AAPP) သည် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ နှင့်ညီညွတ်ခြင်းမရှိ၍ မှတ်ပုံတင်ခွင့်မရသော အသင်းဖြစ်သဖြင့် ဥပဒေအရ တရားဝင်ရပ် တည်ဆောင်ရွက်ခွင့်မရှိသည့် အသင်းတစ်ခု ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ထိုသို့ ရပ်တည်ဆောင်ရွက်ခွင့်မရှိသော် လည်း အဆိုပါအသင်းသည် နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အမည်ဖြင့် Internet Website မှ နေ၍ လက်ရှိဖြစ်ပေါ်နေသော ဆူပူဆန္ဒပြအ ကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ထိခိုက်သေ ဆုံးသူများစာရင်းကို နေ့စဉ်ထုတ်ပြန်နေသည် ကို တွေ့ရှိရကြောင်း၊ AAPP မှ ဖော်ပြနေသော ကိန်းဂဏန်းအချက်အလက်များသည် တိကျ မှန်ကန်သည့် သတင်းအရင်းအမြစ်များမှ ရယူဖော်ပြထားခြင်းမဟုတ်ဘဲ Social Media များနှင့် ကောလာဟလ သတင်းများအပေါ်အ ခြေခံ၍ ထုတ်ပြန်ထားခြင်းဖြစ်သဖြင့် အမှန်တကယ်ကိန်းဂဏန်းများထက် များစွာပိုမို ဖောင်းပွနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြ ထားသည်။
ယင်းအပြင် AAPP အသင်းသည် ဖြစ်စဉ်သတင်းအချက်အလက်များကို ဖော်ပြရာ တွင်လည်း လက်ရှိဖြစ်ပေါ်နေသော အခြေအ နေများကို တစ်ဖက်သတ်ဖော်ပြခြင်းဖြင့် နိုင်ငံ့ ဝန်ထမ်းများ၊ အများပြည်သူများ စိုးရိမ် ကြောက်ရွံ့မှုဖြစ်စေရန် ဖော်ပြနေကြောင်း၊ AAPP အသင်းအနေဖြင့် ထိုသို့မမှန်ကန် သော ကိန်းဂဏန်းအချက်အလက်များ ထုတ် ပြန်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ အများပြည်သူများ စိုးရိမ်ကြောက်ရွံ့မှုဖြစ်စေရန် ထုတ်ပြန်နေခြင်း များသည် ဆူပူအကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ် စေရန် လှုံ့ဆော်ရာရောက်သဖြင့် နိုင်ငံတော် တည်ငြိမ်ရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ငြိမ် ဝပ်ပိပြားရေးတို့ကို ထိခိုက်စေကြောင်းတွေ့ရှိ ရသဖြင့် တရားမဝင်ရပ်တည် ဆောင်ရွက်နေ သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(AAPP)အား ဥပဒေနှင့်
https://news-eleven.com/article/207343
No comments:
Post a Comment