Friday, April 23, 2021

မြန်မာအတွက် လူသားချင်း စာနာမှုဆိုင်ရာလုပ်ငန်းအဖွဲ့ကို အာဆီယံအထူးအစည်းအဝေးတွင် ဖွဲ့စည်းမည်ဟု မျှော်လင့်ရကြောင်း သတင်းထွက်ပေါ်

 မြန်မာအတွက် လူသားချင်း စာနာမှုဆိုင်ရာလုပ်ငန်းအဖွဲ့ကို အာဆီယံအထူးအစည်းအဝေးတွင် ဖွဲ့စည်းမည်ဟု မျှော်လင့်ရကြောင်း သတင်းထွက်ပေါ်

NEWS

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာရှိ အာဆီယံ အထူးအစည်းအဝေး ပြုလုပ်မည့် နေရာတွင် လုံခြုံရေးများ စောင့်ကြပ်နေသည်ကို ဧပြီ ၂၃ ရက်က တွေ့ရစဉ် (Photo: AFP)

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာရှိ အာဆီယံ အထူးအစည်းအဝေး ပြုလုပ်မည့် နေရာတွင် လုံခြုံရေးများ စောင့်ကြပ်နေသည်ကို ဧပြီ ၂၃ ရက်က တွေ့ရစဉ် (Photo: AFP)

PUBLISHED 24 APRIL 2021 REF: ANN

အာဆီယံလူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းရန် အဆိုပြုချက်ကို အာဆီယံအထူးအစည်းအဝေး၏ ခေါင်းဆောင်များရှေ့မှောက်တွင် ဆွေးနွေးမည်ဖြစ်ပြီး သဘောတူညီမှုရပါက အဆိုပါလုပ်ငန်း အဖွဲ့သည်  မြန်မာနိုင်ငံသို့ လာရောက်မည်ဟု မျှော်လင့်ကြောင်း သံတမန်သတင်းရင်းမြစ် များအရ သိရသည်။

ဧပြီ ၂၄ ရက် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် ကျင်းပမည့် အာဆီယံအထူးအစည်းအဝေးကို ဖိလစ်ပိုင်နှင့် ထိုင်းတို့မှ၍ အာဆီယံခေါင်းဆောင်အားလုံး တက်ရောက်မည် ဖြစ်သည်။

အဆိုပါအစည်းအဝေးကို နှစ်နာရီကြာ ပြုလုပ်မည်ဖြစ်ပြီး  မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငါးမိနစ်ကြာ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာ့အရေးအာဆီယံအထူးအစည်းအဝေးကို ကမ္ဘာတစ်ဝန်းက အနီးကပ်စောင့်ကြည့်နေပြီး မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကလည်း အာဆီယံအထူးအစည်းအဝေးကို ကြိုဆိုကြောင်း ဧပြီ ၂၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ 

အာဆီယံအစည်းအဝေးသည်  မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေးဆိုင်ရာရင်ကြားစေ့ရေးကို အားပေးမြှင့်တင်ရာတွင် အထောက်အကူပြုမည်ဟု တရုတ်က မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ပြောကြားခဲ့သည်။

အာဆီယံအနေဖြင့်လည်း အပြုသဘောဆောင်သော အကူအညီပေးနိုင်မည်ဖြစ်ပြီး တင်းမာမှုလျော့ပါးအောင်လုပ်ပေးနိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ထားသည်။

ထို့ပြင် အာဆီယံက အထောက်အကူပေးနိုင်အောင် အကြမ်းဖက်မှုအဆုံးသတ်စေမည့် လူသားချင်းစာနာမှု ဆိုင်ရာဘေးကင်းလုံခြုံမှုတစ်ရပ်ကို အင်ဒိုနီးရှားက နည်းလမ်း ရှာဖွေနေသည်ဟု Center for Strategic and International Studies (CSIS) က အီဗန် လက်စမာနာက ဂျာကာတာပို့စ်နှင့် အင်တာ ဗျူးတွင် ဖြေကြားခဲ့သည်။

မြန်မာပြည်သူများအတွက် ဆေးဘက် ဆိုင်ရာအထောက်အကူပုံစံ၊ COVID ထောက်ပံ့ပစ္စည်း၊ အခြေခံပစ္စည်းများပေးပို့ ခြင်းကဲ့သို့  လူသားချင်းစာနာမှုဆိုင်ရာအကူ အညီများကို CSIS က အဆိုပြုထားသည်။

အဆိုပါလုပ်ဆောင်မှုများကို အထူးအစည်းအဝေးတွင် သဘောတူရန်ရှိသည့် အာဆီယံအထူးရန်ပုံငွေနှင့်အတူ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းအဖွဲ့က ဆောင်ရွက်မည်ဖြစ်သည်ဟု ဆိုသည်။ 

အာဆီယံအထူးအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ်တက်ရောက်မည် မဟုတ်သော် လည်း ထိုင်းသည် မြန်မာ့တပ်မတော်နှင့် ယုံကြည်မှုတည်ဆောက်ရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ဘန်ကောက်သံတမန် သတင်းအရင်းအမြစ်များ ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာအစည်းအဝေးသည်  လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းစဉ်၊ လူသားချင်းဆိုင်ရာဘေးကင်းလုံခြုံမှု၊ လူသားချင်းဆိုင်ရာ အကူအညီပေးရေးတို့ နှင့်ပတ်သက်ပြီး ခရီးတွင်အောင်ပြုလုပ်မည့် အစည်းအဝေးဖြစ်လာမည်ဆိုပါက ထိုင်းသည် မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေး တည်ဆောက်ရန် လိုအပ်မည်ဖြစ်သည်ဟု ဆိုသည်။ 

https://news-eleven.com/article/207197

No comments:

Post a Comment