Friday, April 23, 2021

မြဝတီမြို့တွင် ဆန္ဒပြမှုနှင့်စပ်လျဉ်း၍ ဖမ်းဆီးခံရသူများ၏ အာမခံလျှောက်ထားမှုပယ်ချခံရ

 မြဝတီမြို့တွင် ဆန္ဒပြမှုနှင့်စပ်လျဉ်း၍ ဖမ်းဆီးခံရသူများ၏ အာမခံလျှောက်ထားမှုပယ်ချခံရ

April 24, 2021 131


ဧပြီ ၂၄ ရက်၊၂၀၂၁ခုနှစ်။ကေအိုင်စီ


ကရင်ပြည်နယ် မြဝတီမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ဖမ်းဆီးခံရသူများ၏ အာမခံလျှောက်ထားမှုအား မြို့နယ်တရားရုံးမှ ပယ်ချလိုက်ကြောင်း သိရသည်။


ဖေဖော်ဝါရီလ ဒုတိယအပတ်မှစ၍ ယနေ့ အထိ မြဝတီမြို့တွင် ဖမ်းဆီးခံရသူ ၁၀၀ ကျော်ရှိပြီး ယင်းတို့အနက် အသက် ၁၈ နှစ် မပြည့်သူ ၂၀ ဝန်းကျင်ခန့်အား ကိုယ်ပိုင်ခံဝန်ဖြင့် လွှတ်ပေးခဲ့သော်လည်း ကျန်သူများမှာ ဖားအံမြို့ တောင်ကလေး အကျဉ်းထောင်နှင့် မြဝတီမြို့မရဲစခန်းအချုပ်တို့တွင် ထိန်းသိမ်းခံထားရပြီး မြဝတီမြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုရင်ဆိုင်နေရသည်။ထိုသို့ အမှုရင်ဆိုင်နေရသူများထဲမှ အချို့အား ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ကအာမခံလျှောက်ထားရာတွင် မြို့နယ်တရားသူကြီးမှ ပယ်ချလိုက်ကြောင်း ဖမ်းဆီးခံသူများအား အခမဲ့အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် မြဝတီမြို့ ပြည်သူ့ရှေ့နေများအဖွဲ့က ပြောသည်။


“အဖမ်းခံရသူတွေမှာ ဖမ်းမိတဲ့ နေ့ မတူလို့ ရုံးထုတ်ရက်လည်း မတူပါဘူး။ သူ့အစုနဲ့သူ ရုံးထုတ်တာပါ။ လာမယ့် ဧပြီလ ၂၆ ရက်နေ့မှာလည်း ၁၅ ယောက် တစ်ဖွဲ့ကို ရုံးထုတ်ဖို့ ရှိပြီး တရားလိုဘက်ကို အမှုနှင့်ပတ်သက်ပြီး စတင် စစ်ဆေးသွားဖို့ရှိတယ်”ဟု မြဝတီမြို့ ပြည်သူ့ရှေ့နေများအဖွဲ့ဝင် ရှေ့နေတစ်ဦးက ပြောသည်။


အဆိုပါ ဖမ်းဆီးထိန်းသိမ်း ခံရသူများထဲတွင် တစ်ချို့မှာ ဆန္ဒပြမှုများ၌ တိုက်ရိုက် မပါဝင်သော်လည်း လမ်းဘေးမှနေ၍ ဓာတ်ပုံရိုက်ကာ ဝန်းရံအားပေးသူများ နှင့် ဆန္ဒမဖော်ထုတ်မီ လက်ဘက်ရည်ဆိုင်နှင့် လမ်းပေါ်တွင် သွားလာရင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

http://kicnews.org/2021/04/%e1%80%bb%e1%80%99%e1%80%9d%e1%80%90%e1%80%ae%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%86%e1%82%8f%e1%81%b5%e1%80%bb%e1%80%95%e1%80%99%e1%82%88%e1%82%8f/

No comments:

Post a Comment