Wednesday, April 28, 2021

မန္တလေးမြို့ရှိ ပြည်ခိုင်ဖြိုးတိုင်းရုံးနှင့် စည်ပင်ဝန်ထမ်းအိမ်ရာတို့တွင် လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွား

 မန္တလေးမြို့ရှိ ပြည်ခိုင်ဖြိုးတိုင်းရုံးနှင့် စည်ပင်ဝန်ထမ်းအိမ်ရာတို့တွင် လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွား

NEWS

စည်ပင်သာယာ ဝန်ထမ်းအိမ်ရာအတွင်း ဧပြီ ၂၉ ရက်က လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်

စည်ပင်သာယာ ဝန်ထမ်းအိမ်ရာအတွင်း ဧပြီ ၂၉ ရက်က လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်

PUBLISHED 29 APRIL 2021

မန္တလေးမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး (တိုင်းဒေသကြီးရုံး) နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းအိမ်ရာတို့တွင် ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်တို့က ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။


ဧပြီ ၂၈ ရက် ညပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၇၃ လမ်း၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ရုံးဝန်းအတွင်း လက်လုပ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း စုံစမ်းသိရသည်။


အဆိုပါ ပြည်ခိုင်ဖြိုးရုံး ပေါက်ကွဲမှုတွင် CCTV မှတ်တမ်းအရ လူသုံးဦး ဆိုင်ကယ်တစ်စီးဖြင့် လာရောက်၍ ပစ်ပေါက်သွားခဲ့ခြင်း ဖြစ်ကြောင်းလည်း စုံစမ်းသိရသည်။


ဆက်လက်၍ ဧပြီ ၂၉ ရက်မွန်းလွဲပိုင်းက မဟာအောင်မြေမြို့နယ် ၃၆ လမ်းနှင့် လမ်း ၇၀ အနီးရှိ စည်ပင်သာယာ ဝန်ထမ်းအိမ်ရာ ဝန်ထမ်းလိုင်းခန်း၌ လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ဘဲ အနီးရှိ ပန်းအိုးအချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း အနီးရှိ မျက်မြင်သက်သေတစ်ဦထံမှ စုံစမ်းသိရသည်။


မန္တလေးမြို့တွင် လက်လုပ်ဗုံး ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး ဧပြီ ၂၇ ရက်က မန္တလေးမြို့တော်ဝန်အိမ်တွင် လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ အုပ်ချုပ်ရေးမှူးရုံး အချို့တွင်လည်း လက်လုပ်ဗုံး ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

https://news-eleven.com/article/207457

No comments:

Post a Comment