Saturday, April 24, 2021

ကော့ကရိတ်မြို့တွင် ရဲ နှင့် စစ်သား ပစ်ခတ်မှုဖြစ်ပွား၍ (၁) ဦးသေ၊ (၁)ဦး ပြင်းထန်ဒဏ်ရာရ

 ကော့ကရိတ်မြို့တွင် ရဲ နှင့် စစ်သား ပစ်ခတ်မှုဖြစ်ပွား၍ (၁) ဦးသေ၊ (၁)ဦး ပြင်းထန်ဒဏ်ရာရ

April 25, 2021 144


ဧပြီ ၂၅ ရက်၊၂၀၂၁ ခုနှစ်။ကေအိုင်စီ


ကရင်ပြည်နယ် ကော့ကရိတ်မြို့ ဇိနသုခဘုရားပရဝဏ်အတွင်းစစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ အချင်းများပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရဲတပ်သား (၁)ဦးသေဆုံးပြီး စစ်သား (၁) ဦး စိုးရိမ်ရအခြေအနေဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ယနေ့ ဧပြီလ ၂၅ ရက်နေ့၊ ညနေ ၃နာရီခွဲ အချိန်ခန့်က ကော့ကရိတ်မြို့၊အမှတ်(၆)ရပ်ကွက် ဇိနသုခဘုရားပရဝဏ်အတွင်း စခန်းချ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ အချင်းများကြရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့သည် ဟု ဒေသခံတစ်ဦးက ပြောသည်။


အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ စစ်တပ်မှ စစ်သားတစ်ဦး စိုးရိမ်ရ အခြေအနေဖြင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သလို ကျုံဒိုးနယ်မြေရဲစခန်းမှ ရဲတပ်သား ဝင်းဘိုမှာ ရင်ဘတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သောကြောင့် ၎င်းတို့နှစ်ဦးအား ကော့ကရိတ်မြို့ (စကခ-၁၂)တပ်ရင်းသို့ခေါ်ဆောင်သွားခဲ့ရာ ရဲတပ်သား ဝင်းဘိုမှာ ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့သိဟု သိရသည်။

http://kicnews.org/2021/04/%e1%80%b1%e1%80%80%e1%80%ac%e1%80%b7%e1%80%80%e1%80%9b%e1%80%ad%e1%80%90%e1%80%b9%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%9b%e1%80%b2-%e1%82%8f%e1%80%bd/

No comments:

Post a Comment