Monday, March 1, 2021

ဘားအံမြို့ တောင်ကလေး အကျဉ်းထောင်တွင် တက္ကသိုလ်ကျောင်းသူ ကျောင်းသား အပါအဝင် ဆန္ဒပြသူ ၈၀ အား ဖမ်းဆီး ထိန်းသိမ်းထား

 ဘားအံမြို့ တောင်ကလေး အကျဉ်းထောင်တွင် တက္ကသိုလ်ကျောင်းသူ ကျောင်းသား အပါအဝင် ဆန္ဒပြသူ ၈၀ အား ဖမ်းဆီး ထိန်းသိမ်းထား

NEWS


PUBLISHED 1 MARCH 2021  စိုးစိုး (ဘားအံ)

ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက ဘားအံမြို့တွင် ဆန္ဒပြခဲ့သည့် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ အပါအဝင် ဆန္ဒပြသူ ၈၀ အား ဘားအံမြို့နယ် တောင်ကလေး အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး မတ် ၁ ရက် နံနက်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။


ဆန္ဒပြသည့် စစ်ကြောင်းကြီးများသည် ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၀ နာရီခန့်က ဘားအံမြို့ အမှတ် (၅) ရပ်ကွက် ဥယျာဉ်လမ်းမှတစ်ဆင့် ဗိုလ်ချုပ်လမ်းမကြီးသို့ ချီတက်လာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ ဖမ်းဆီးခဲ့ရာ တက္ကသိုလ်ကျောင်းသူကျောင်းသား အပါအဝင် ဆန္ဒပြသူဦးရေ ၂၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရပြီး အမှတ် (၄) ရပ်ကွက် ကမ်းနားလမ်းအတိုင်း ချီတက်လာသည့် ဆန္ဒဖော်ထုတ်မည့် စစ်ကြောင်းကိုလည်း မျက်ရည်ယိုဗုံး ပစ်ပေါက် လူစုခွဲခဲ့ပြီး ဆန္ဒပြသူ ၄၀ ခန့်အား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဘားအံမြို့လယ် သစ္စာလမ်းကို ပိတ်ဆို့ပြီး မျက်ရည်ယိုဗုံး ပစ်ပေါက်လုစုခွဲ၍ ဆန္ဒပြသူ ၂၀ ခန့်အား ထပ်မံ ဖမ်းဆီးကာ ဘားအံအကျဉ်ထောင်သို့ ပို့ဆောင်ဖမ်းဆီးထားကြောင်း သိရသည်။


“ဘားအံမြို့နယ် ၀ါးဆူးကျေးရွာက အမျိုးသမီး ၁၀ ဦးကျော်လောက် ဖမ်းဆီးထိန်းသိမ်းတဲ့အထဲမှာ ပါသွားတယ်လို့ ကြားတယ်။ ရွာက လူကြီးမိဘ ဆွေမျိုးတွေ ဘားအံအကျဉ်းထောင်မှာ သတင်းသွားမေး နေပါတယ်။ ကလေးတွေက ဖုန်းမက်ဆေ့ခ်ကနေ မိဘတွေဆီ သတင်းပို့ထားပါတယ်။ ငွေကြေးနဲ့ ရွေးရမယ်လို့လည်း ကောလာဟလ သတင်းလည်း ကြားနေရတယ်။ မိဘတွေကတော့ စိတ်အရမ်းပူတာပေါ့။ မရှိလည်း ရှာကြံပြီး ရွေးရမှာလေ” ဟု ၀ါးဆူးကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။


ဘားအံမြို့တွင် မတ် ၁ ရက်က CDM  လှုပ်ရှားမှုကို နံနက် ၉ နာရီအထိ မမြင်တွေ့ရသေးသော်လည်း တပ်မတော်၊ ရဲတပ်ဖွဲ့မှ စစ်သည်တင်ယာဉ်ကြီးများ၊ ရေကားများနှင့် အချုပ်ကားများသည် မြို့လယ် နာရီစင်ရှေ့နှင့် ဗိုလ်ချုပ်လမ်းမတစ်လျှောက် နေရာယူထားပြီး အသင့်အနေအထားဖြင့် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

https://news-eleven.com/article/205404

No comments:

Post a Comment