မကွေးမြို့ ဆန္ဒပြပွဲတွင် ဖမ်းဆီးခံခဲ့ရသူများအနက် ၁၉ ဦးကို အာမခံဖြင့် လွှတ်ပေး
NEWS
မကွေးမြို့ ရဲတပ်ရင်း ၂၅ ရှေ့ရှိ ထောင်အသစ်အနီးတွင် စောင့်ဆိုင်းနေကြသူများကို တွေ့ရစဉ်
မကွေးမြို့ ရဲတပ်ရင်း ၂၅ ရှေ့ရှိ ထောင်အသစ်အနီးတွင် စောင့်ဆိုင်းနေကြသူများကို တွေ့ရစဉ်
PUBLISHED 1 MARCH 2021 အောင်သူငြိမ်း
“ရှေ့နေတွေနဲ့ ဖမ်းဆီးခံရသူတွေရဲ့ မိဘတွေက မနေ့ကတည်းက ပြန်လွှတ်ပေးဖို့ ကြိုးပမ်းခဲ့ကြတာပါ။ အခု စုစုပေါင်း ၁၉ ဦးကို လွှတ်ပေးတာဖြစ်ပြီး သုံးဦးက မိဘတွေ မရောက်သေးတော့ ရှေ့နေတွေကပဲ အာမခံပေးဖို့ စီစဉ်နေပါတယ်။ တစ်ယောက်ချင်းစီကို ကိုယ်တိုင်ခံဝန်နဲ့ အခြားသူ နှစ်ဦးကလည်း အာမခံပေးရတယ်လို့ သိရပါတယ်”ဟု ဖမ်းဆီးခံရသူများအတွက် ကူညီပေးနေသည့် မကွေးမြို့ခံတစ်ဦးက ပြောကြားသည်။
အဆိုပါ ဖမ်းဆီးခံရသူများအား မကွေး -ရေနံချောင်း ကားလမ်း ရဲတပ်ရင်း ၂၅ နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည့် ထောင်အသစ်တွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
https://news-eleven.com/article/205403
No comments:
Post a Comment