Monday, March 1, 2021

ပဲခူးမြို့တွင် ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံးသူ သုံးဦးအထိ ရှိလာ

 ပဲခူးမြို့တွင် ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံးသူ သုံးဦးအထိ ရှိလာ

NEWS


PUBLISHED 1 MARCH 2021 မောင်အေး (ပဲခူး)

ဖေဖော်ဝါရီ ၂၈ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခေတ်မှုကြောင့် ပဲခူးမြို့ ဆန္ဒပြပွဲအတွင်းမှ သေဆုံးသူ သုံးဦးအထိ ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။


ပဲခူးမြို့တွင် ဖေဖော်ဝါရီ ၂၈ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖြိုခွဲမှုများ ပြုလုပ်ခဲ့မှုကြောင့် နောက်ဆုံး အတည်ပြုချက်အရ သေဆုံးသူ သုံးဦးအထိ ရှိလာပြီးနောက် ထပ်ဒဏ်ရာရရှိထားသူများတွင်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေများရှိကြောင်း သိရသည်။


ဆန္ဒပြရင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခေတ်ဖြိုခွဲမှုများကြောင့် သေဆုံးသွားသူများကို မတ် ၂ ရက်တွင် တစ်ချိန်တည်း စုပေါင်းသင်္ဂြိုဟ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။


ဖေဖော်ဝါရီ ၂၈ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖြိုခွဲမှုကြောင့် ပဲခူးမြို့ ဇိုင်းမြောက်မှ အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အိုးလေးစုရပ်ကွက်မှ ၁၈ နှစ်အရွယ် အမျိုးသား တစ်ဦး၊ ပဲခူးမြို့ ဇိုင်းတောင်ပိုင်း ဘိုကုန်းရပ်မှ အသက်၂၀ ဝန်းကျင် အမျိုးသား တစ်ဦး၊ ​စုစုပေါင်း သေဆုံးသူ သုံးဦးအထိ ရှိခဲ့သည်။


ပဲခူးမြို့တွင် ဖေဖော်ဝါရီ ၂၈ ရက်က ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံးသူများ ရှိခဲ့သော်လည်း မတ် ၁ ရက်တွင် ဆန္ဒထုတ်ဖော်မှုများ ဆက်လက် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

https://news-eleven.com/article/205401

No comments:

Post a Comment