Monday, March 1, 2021

မြစ်ကြီးနားမြို့တွင် ဖမ်းဆီးခံရသူများအနက် ၇၂ ဦးကို ပြန်လွှတ်

 မြစ်ကြီးနားမြို့တွင် ဖမ်းဆီးခံရသူများအနက် ၇၂ ဦးကို ပြန်လွှတ်

NEWS


PUBLISHED 1 MARCH 2021 ထွန်းလင်းအောင် (မြစ်ကြီးနား)

ဖေဖော်ဝါရီ ၂၈ ရက်က မြစ်ကြီးနား သပိတ်စစ်ကြောင်း အသီးသီးတွင် ပါဝင်ခဲ့သူများကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ည ၈ နာရီတွင် ၇၂ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။


အမျိုးသမီး ၃၆ ဦးနှင့် အမျိုးသား ၃၆ ဦးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး လူခုနစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသူများက ဆိုသည်။


ပြန်လည် လွတ်မြောက်လာသည့် ရမ်ပူရပ်ကွက်နေသူ တစ်ဦးက “ကျွန်တော်တို့ရှေ့က အစ်ကိုနှစ်ယောက်ပေါ့။ အစ္စလာမ်ဘာသာ ဝင်တွေ။ ဘေးအိမ်ပေါ်တက်ပြေးတော့ လုံခြုံ ရေးနှစ်ဦးက အိမ်ဝင်းထဲဝင်ပြီး အိမ်ရှင်ကို ရိုက်တယ်။ သူတို့ နှစ်ယောက်ကိုလည်း အိမ်ခန်းထဲ တွေ့လို့ ရိုက်နှက်တာတွေ ရှိတယ်။ သူတို့ကို ပြန်မလွှတ်သေးဘူး။ အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၃၆ ဦးပါ။ ခုနစ်ဦးကိုတော့ သီးသန့်ခွဲပြီး ခေါ်သွာတာပါ”ဟု ပြောကြားသည်။


ပြန်လည် လွတ်မြောက်လာသူများတွင် The 74 Media  မှ ဓာတ်ပုံသတင်းထောက်လည်း ပါဝင်ကြောင်း သိရသည်။


ဖမ်းဆီးခံရသူများက ပြန်လည်လွတ်မြောက်ရေးအတွက် နေရပ်လိပ်စာများ၊ ကိုယ်ရေးအချက်အလက်များ ပေးထားခဲ့ရပြီးနောက် တစ်ချိန်တွင် ဥပဒေပြဋ္ဌာန်းထားသည့် ပုဒ်မ ၁၄၄ ကို မဖောက်ဖျက်ရန် ခံဝန်ကတိများ လက်မှတ်ထိုးခဲ့ရကြောင်း သိရသည်။


ဖေဖော်ဝါရီ ၂၈ ရက်တွင် မြစ်ကြီးနားမြို့ပေါ်အတွင်း လူပေါင်းသောင်းချီကာ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်မှုများရှိခဲ့ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့က လူစုခွဲဖြိုခွဲကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ညှိနှိုှုင်းကာ ဆန္ဒထုတ်ဖော်သူများကို ခံဝန်ကတိများဖြင့် ပြန်လည်လွှတ်ပေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

https://news-eleven.com/article/205402

No comments:

Post a Comment