နိုင်ငံတော်အစိုးရအဖွဲ့တွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် နိုင်ငံတ ကာအသိုင်း အဝန်းမှအမြန်ဆုံးလိုအပ်တဲ့အရေးယူမှုတွေကို လုပ်ဆောင်ပေးကြပါရန် NLD ပါတီမှထုတ်ပြန်
လားရှိုး | မားနဂါး ။
ယခုဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မတည်ငြိမ်ဖြစ်မှုများ ပြည်သူ့ကိုယ်စားလှယ်တွေ ၊ နိုင်ငံတော်အစိုးရ အဖွဲ့တို့ကို တရားမဲ့ဖမ်းဆီးမှုတွေကြောင့်ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးတွေအားလုံး မြန်မာနိုင်ငံရဲ့ တာဝန်ရှိကြောင်းနဲ့ ဒီမိုကရေစီမြတ်နိုးတန်ဖိုးထားကြတဲ့ နိုင်ငံတကာ အသိုင်းအဝန်းမှလည်းအမြန်ဆုံးလိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးကြပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးကော်မတီ(နိုင်ငံတကာ) ဌာန ချုပ်ရဲ့ သဘောထားကို ဒီကနေ့ ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂ရက်နေ့မှာ တတိယအကြိမ်ပြည်သူ့လွှတ်တော်သက်တမ်း ပထမနေ့ပြည်သူ့လွှတ်တော် အစည်း အဝေးစတင်ကျင်းပမယ့်နေ့ရက်မှာ ပြည်သူလူထုတရပ်လုံးရဲ့ တခဲနက်မဲ ဆန္ဒဖြင့် ရွေးချယ်တင် မြောက်ခံထား ရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတော်သမ္မတအပါအဝင် တိုင်းနှင့်ပြည်နယ်များမှ ဝန်ကြီး ချုုပ်များ၊ ဝန်ကြီးအဖွဲ့ဝင်များအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များ အားလုံးကို စစ်တပ်မှဖမ်းဆီးထိန်း သိမ်း လိုက်တဲ့အပေါ်အပြင်းအထန်ကန့်ကွက်ရှုံ့ချလိုက်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးပြောင်းလဲမှုဖြစ်စဉ်အပေါ်မလိုဘားအပ်တဲ့ အဟန့်အတားများမလုပ်ရန်အတွက် နိုင်ငံတကာအသိုင်းအဝန်းရဲ့ သဘောထားကို သံတမန်များအနေနဲ့ပြီးခဲ့တဲ့အပတ်အတွင်းက တရားဝင် ထုတ် ဖော်ခဲ့ပြီးဖြစ်ပါတယ်လို့သိရပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4229488493747010?__tn__=%2CO*F
No comments:
Post a Comment