အထွေထွေရွေးကောက်ပွဲကို အတည်ပြုပြီးတဲ့ရလာဒ်ကိုအသိအမှတ်ပြုဖို့ နဲ့ ဖမ်းဆီးထိန်းသိမ်း ထားတဲ့သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှကြေညာချက် ထုတ်ပြန်
လားရှိုး | မားနဂါး ။
နိုင်ငံတော်သမ္မတကြီးနဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့ ၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲရဲ့ အတည်ပြုပြီးတဲ့ ရလာဒ်ကို အသိအမှတ်ပြုဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲအညီ တတိယအကြိမ် လွှတ်တော်ခေါ်ယူဆောင်ရွက်ခြင်းတွေကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့၊ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ပြည်သူတို့ရဲ့ နှလုံးစိတ်ဝမ်း အေးချမ်းရေးတို့အပါအဝင် ဒီမိုကရေစီ ယဉ်ကျေးမှုထွန်းကားဖို့တို့အတွက် အလေးအနက်ပြုတောင်းဆိုလိုက်တယ်လို့ ဒီကနေ့ ဖေဖော် ဝါရီလ ၂ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
နိုင်ငံတော်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေဖီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ Covid-19 ကပ်ရောဂါကို ကျော်လွှားနိုင်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာရေး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးတို့ကို ဆက်လက်ဆောင်ရွက်ရန် ကြီးစွာအဟန့်အတားဖြစ်စေပါတယ်။ နိုင်ငံတော်နှင့်တပ်မတော်ရဲ့သမိုင်းကိုလည်း ညစ်နွမ်းစေတဲ့ ဆောင်ရွက်မှုဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။
ဓာတ်ပုံ | ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
https://www.facebook.com/MarnagarMultimediaNews/posts/4229561233739736?__xts__%5B0%5D=68.ARDntdseA3wZjiFawYayMNKcpps5Sxbw0FjFDu4j3jfa_rJnHBDt6LMCwJYN0IUgFO6Y9Uyb4yUeHWiyuwZOsO4hWNMIzPnZvIIJCvbtdxJ876LYPh2Q4fKCm1r4xApv0Qk817uAswb1HpJfuJl8pHMKHirmnO01FSLWWbp5nprcrnQvNznNxUl_DKfnhngNySetOz5Iz4tZawOtcJop0Ig-o3ZyGPk8dTYhi_u9VgMT640k9d1Gl0ITyUaPuz7BnlrB1Vl4-D5QaItvawLUrfCoJUMvn7ca5cKE7vAGKYMPPN1kLb2ghw&__tn__=-R
No comments:
Post a Comment