Monday, February 1, 2021

အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို ဒီမိုကရေစီစံချိန်စံနှုန်းတွေ နဲ့အညီနိုင်ငံတော် တာဝန်ကိုလွှဲအပ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ တပ်မတော်ကထုတ်ပြန်

 အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို ဒီမိုကရေစီစံချိန်စံနှုန်းတွေ နဲ့အညီနိုင်ငံတော် တာဝန်ကိုလွှဲအပ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ တပ်မတော်ကထုတ်ပြန်

လားရှိုး | မားနဂါး ။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)နဲ့ အညီ လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီ မိုကရေစီအထွေထွေရွေး ကောက်ပွဲကို ပြန်လည်ကျင်းပပြီး အနိုင်ရတဲ့ပါတီ ကို ဒီမိုကရေစီစံချိန်စံနှုန်းတွေနဲ့အညီ နိုင်ငံတော် တာဝန်ကို လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဒီကနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ကြေညာထားပါတယ်။

၂၀၂ဝပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အခြေခံ အသုံးပြုခဲ့တဲ့ မဲစာရင်းများမှာ ကြီးမားစွာ ကွာခြားမှုများရှိနေသဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့ပါတယ်။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ကို ခေါ်ယူပြီး ဖြေရှင်းပေးရန်တောင်းဆိုခဲ့သော်လည်း ဆောင်ရွက်ရန် ဆက်လက်ပျက် ကွက်ခဲ့တယ်။ နိုင်ငံတော် သမ္မတကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူဖြေရှင်း ပေးရန် နှစ်ကြိမ်တင်ပြခဲ့ သော်လည်း ငြင်းပယ်ခဲ့ပါတယ်လို့ ရေးသားဖော်ပြထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းတွေ စစ်ဆေးခြင်းအပါအဝင်လုပ်ဆောင် သင့်၊ လုပ်ဆောင်ထိုက်တာကို ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

https://www.facebook.com/MarnagarMultimediaNews/posts/4227383323957527?__xts__%5B0%5D=68.ARCTA4FOP04mOyg8GNt2hE3O5wH9WjhKBe12L9xUkCfxZ5gpz6g5-Q9A28HUYBu4yxTIX44vbIUHbvDq46sin4zNENV4VkjJvhfEFGwPJ9DV1-yu-Qq3NMcDn5Jnax6Zl27SOwLDd8gOQqgkgsA3dqeSXUigqtDOF8xRdz-Z3zJH61itnOc-bvZd_fF5NAs3hd5MbfgDGJgqYnzkdyofBxSoUzfVH2YpHZFRKyI1rluatY95ytX-0Ql1l5NFZQm-BkKqdjIFTxuQtZ3tM25GlAlysqQrYHEmj57MESwNebt2GJ-ktiTBlg&__tn__=-R

No comments:

Post a Comment