Monday, February 1, 2021

နိုင်ငံတော်အာဏာသိမ်းခြင်း အခြေခံဥပဒေကိုဆန့်ကျင်သည့်အပြင် နိုင်ငံသားများ၏ အချုပ်အခြာအာဏာကို မျက်ကွယ်ပြုခြင်းဖြစ်ကြောင်း NLD သဘောထားထုတ်ပြန်

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပချိန်မတိုင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာသိမ်းခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် အချုပ်အခြာအာဏာ၏မူလပိုင်ရှင်ဖြစ်သော နိုင်ငံသားများ၏ အချုပ်အခြာအာဏာကို မျက်ကွယ်ပြုခြင်းဖြစ်သည်ဆိုသောအချက်ပါဝင်သည့် သဘောထားထုတ်ပြန်ချက်တစ်စောင်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၂ ရက်)တွင် ထုတ်ပြန်လိုက်သည်။

နိုင်ငံတော်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ COVID-19 ကပ်ရောဂါကို ကျော်လွှားနိုင်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပိုမိုခိုင်မာရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဆောင်ရွက်ရန် ကြီးစွာအဟန့်အတား ဖြစ်စေကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏သမိုင်းကိုလည်း ညစ်နွမ်းစေသည့်ဆောင်ရွက်မှု ဖြစ်သည်ဟုလည်း အဆိုပါထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းနိုင်ရန် (၁) နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ရန်၊ (၂) ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ အတည်ပြုပြီးသော ရလဒ်ကို အသိအမှတ်ပြုရန်၊ (၃) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တတိယအကြိမ်လွှတ်တော်ခေါ်ယူ ဆောင်ရွက်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ပြည်သူများ၏ နှလုံးစိတ်ဝမ်းအေးချမ်းရေးတို့အပါအဝင် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားရေးတို့အတွက် အလေးအနက်ပြုတောင်းဆိုကြောင်းဆိုသည့် အချက်သုံးချက်ကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

http://sdtimedaily.com/2021/02/02/shp27-126/

No comments:

Post a Comment