Monday, February 1, 2021

အာဏာသိမ်းခြင်းကြောင့် NCA နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ ရပ်ဆိုင်းသွားနိုင်ဟု RCSS ထုတ်ပြန်

 

အာဏာသိမ်းခြင်းကြောင့် NCA နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ ရပ်ဆိုင်းသွားနိုင်ဟု RCSS ထုတ်ပြန်

အာဏာသိမ်းခြင်းကြောင့် အစိုးရ၊ လွှတ်တော်၊တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်အကောင်အထည်ဖော်ဆောင်ရွက်နေသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားနိုင်ကြောင်း NCA စာချုပ်အားလက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)က ထုတ်ပြန်ကြေညာလိုက်သည်။

ထို့အပြင် အာဏာသိမ်းခြင်းအပြီးဖြစ်ပေါ်လာသော နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့က တွေ့ဆုံညှိနှိုင်းကြပြီး ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်းထားသည်။

တပ်မတော်က ဒီမိုကရေစီ အရပ်သားအစိုးရထံမှ အာဏာသိမ်းယူပြီး အရေးပေါ်အခြေအနေကြေညာလိုက်ခြင်းသည် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထိခိုက်စေပြီး ဒီမိုကရေစီနှင့် ဆန့်ကျင်သောကြောင့် အာဏာသိမ်းခြင်းကို RCSS အနေဖြင့် ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RCSS သည် ဖက်ဒရယ်နှင့်ဒီမိုကရေစီအတွက် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူတကွ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

http://sdtimedaily.com/2021/02/02/shp25-153/

No comments:

Post a Comment