Monday, February 1, 2021

ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန် KNU တိုက်တွန်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့် အတူတကွ ရပ်တည်မည်ဟုဆို

 

ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန် KNU တိုက်တွန်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့် အတူတကွ ရပ်တည်မည်ဟုဆို

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား ချွင်းချက်မရှိ လွှတ်ပေးပြီး နိုင်ငံရေး ပြဿနာအရပ်ရပ်ကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က တိုက်တွန်းထုတ်ပြန်လိုက်သည်။

တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ခြင်းသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အား ကြီးမားစွာ အဟန့်အတားဖြစ်စေပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် လုပ်ငန်းစဉ်အပေါ် လေးနက်မှုမရှိကြောင်းကို ပြသခြင်းဖြစ်ကာ စိန်ခေါ်မှုများစွာရှိနေသော နိုင်ငံ၏ ရှေ့အနာဂတ်အရေးကို ဆိုးဝါးစွာ ထိခိုက်စေကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်နေရာတွင် တပ်မတော်မှ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို စတင်သည့်အနေဖြင့် နိုင်ငံခေါင်းဆောင်များနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးကို ချွင်းချက်မရှိလွှတ်ပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

KNU အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးနှင့် အတူတကွ ရပ်တည်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

http://sdtimedaily.com/2021/02/02/zm10-174/

No comments:

Post a Comment