တပ်မတော်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဗြိတိန်က မြန်မာသံအမတ်ကို ခေါ်တွေ့
လက်ရှိတွင် တပ်မတော်ကအာဏာသိမ်းယူမှုနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ် ဦးကျော်စွာမင်းကို ဆင့်ခေါ်ကာ အာဏာသိမ်းမှုကို ရှုတ်ချကြောင်းပြောဆိုခဲ့သည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အာဏာသိမ်းယူမှုအပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားများ၏ လုံခြုံရေးကိုအာမခံပေးရန်နှင့် မတရားဖမ်းဆီးထိန်းသိမ်းထားခြင်းမှ ပြန်လွှတ်ပေးရန် အာရှရေးရာဝန်ကြီး နီဂျယ်အဒမ်ကတောင်းဆိုခဲ့ကြောင်း ဖော်ပြထားသည်။
အာရှရေးရာဝန်ကြီးက မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒကို လေးစားလိုက်နာရန်နှင့် အမျိုးသားလွှတ်တော်ကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြည်လည်ကျင်းပရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ဗြိတိန်က စိတ်သဘောထားတူ လုပ်ဖော်ကိုင်ဖက်များနှင့် လက်တွဲအလုပ်လုပ်လိုကြောင်း၊ ငြိမ်းချမ်းသည့် နည်းလမ်းများနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရန် လိုအပ်သည့် သံတမန်နည်းလမ်းများနှင့် ဆွဲဆောင်သွားည့်အကြောင်းကိုလည်း ၎င်းဆက်ပြောလက်ပြောကြားခဲ့ကြောင်းထုတ်ပြန်ချက်အရသိရသည်။
http://sdtimedaily.com/2021/02/02/kz07-139/

No comments:
Post a Comment