Monday, February 1, 2021

စစ်အာဏာသိမ်းမှုကြောင့်ဒေသတွင်း၌ တရုတ်ဩဇာပိုမိုကြီးထွားလာနိုင်ကြောင်း ဂျပန်သတိပေး

 

စစ်အာဏာသိမ်းမှုကြောင့်ဒေသတွင်း၌ တရုတ်ဩဇာပိုမိုကြီးထွားလာနိုင်ကြောင်း ဂျပန်သတိပေး

ကမ္ဘာ့ဒီမိုက‌ရေစီနိုင်ငံများအနေနှင့် မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းအပေါ်တုန့်ပြန်ဆောင်ရွက်ရာတွင် အင်အားရှိ သော စစ်ခေါင်းဆောင်များနှင့် အဆက်အသွယ်များ ပိတ်ဆို့ဖြတ်တောက်ထားမည်ဆိုပါက မြန်မာနိုင်ငံအား တရုတ်လက်တွင်းသို့ တွန်းပို့ရာရောက်စေလိမ့်မည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးက ယနေ့(ဖော်ဖော်ဝါရီ ၂ ရက်) တွင် တရားဝင်သတိပေးလိုက်ကြောင်း CNA သတင်းတစ်ရပ်အရ သိရသည်။

“ကျွန်တော်တို့ဟာ ဒါကိုကောင်းစွာမချဉ်းကပ်နိုင်ရင် မြန်မာနိုင်ငံကိုလွတ်လပ်တဲ့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေနဲ့ ပိုဝေးကွာသွားစေပြီး တရုတ်ဩဇာအောက်ရောက်သွားလိမ့်မယ်”ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး ယိုရှီဟီဒဲနာကာ ယာမက ရိုက်တာသတင်းဌာနနှင့် အင်တာဗျုးတစ်ခုတွင် ပြောဆိုခဲ့ပြီး ဂျပန်နိုင်ငံအနေနှင့် ၎င်း၏ မဟာမိတ် နိုင်ငံများနှင့် ဘုံမဟာဗျုဟာတစ်ရပ်ကို ဆွေးနွေးသင့်သည်ဟု ဆိုသည်။

ထိန်းသိမ်းခံထားရသည့်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၎င်း၏အရပ်သားအစိုးရအဖွဲ့ဝင်များကို ပြန်လွှတ်ပေး ရန်နှင့် ဒီမိုကရေစီပြန်လည်ထူထောင်ရန်‌ ဂျပန်နိုင်ငံဘက်က တောင်းဆိုလိုက်ခြင်းဖြင့်လည်း တပ်မတော်က အာဏာသိမ်းမှုအပေါ် ဂျပန်နိုင်ငံက တုန့်ပြန်ခဲ့သည်။

ဂျပန်နိုင်ငံ၏ မိတ်ဆွေနိုင်ငံများအနေနှင့် မြန်မာအပေါ်ဒဏ်ခတ်အရေးယူမည့် မည်သည့်အရွေ့မဆို တရုတ်ဩဇာ ပိုမိုကြီး ထွားလာမည့် ရလဒ်ကို ဖြစ်ပေါ်စေနိုင်ပြီး ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်းလည်း နာကာ ယာမက ဆိုသည်။

“အကယ်၍ ကျွန်တော်တို့ဟာ ဒါကိုရပ်တန့်လိုက်မယ်ဆိုရင် မြန်မာနဲ့ တရုတ်စစ်တပ်ရဲ့ ဆက်ဆံရေးက ပိုမိုအား ကောင်းလာမှာဖြစ်ပြီး သူတို့ဟာ အမေရိကန်အပါအဝင်လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ ဗြိတိန် တို့လို နိုင်ငံတွေနဲ့ ပိုပြီးဝေးကွာစေလိမ့်မယ်။ ကျွန်တော်ထင်တယ် ဒါကဒေသတွင်းလုံခြုံရေး အန္တရာယ်ကိုဖြစ်ပေါ် စေလိမ့်မယ်”ဟု ၎င်းက ပြောသည်။

မြန်မာနှင့် ဂျပန်နှစ်နိုင်ငံ တပ်မတော်တို့အကြားတွင် ၂၀၁၄ ခုနှစ်ကတည်းကဆွေးနွေးပွဲများနှင့် အခြားအစီ အစဉ်များကို ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး မြန်မာတပ်မတော်အရာရှိများကို ဂျပန်နိုင်ငံကရေပြင်အောက်ဆေးဝါး ကုသမှုနည်းပညာ၊ မိုးလေဝသ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဂျပန်ဘာသာတို့ကို သင်တန်းများပေးခဲ့သည်။

လက်ရှိတွင်လည်း နှစ်နိုင်ငံပညာရပ်ဆိုင်ရာဖလှယ်မှုအစီအစဉ်အရ ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီတွင် မြန်မာ့တပ်မတော်မှ သင်တန်းသားရှစ်ဦးလေ့လာဆည်းပူးလျက်ရှိသည်။

ဂျပန်နိုင်ငံသည် တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာတို့တွင် တရုတ်၏ သြဇာကြီးထွားလာမှုကို ထိန်းချုပ် ရန် ကြိုးပမ်းမှု၏တစ်စိတ်တစ်ပိုင်းအနေနှင့်အာဆီယံ နိုင်ငံများကိုစွမ်းရည်မြှင့်တင်ရေးအထောက်အပံ့များ လုပ် ဆောင်ရန် ၎င်း၏ လုံခြုံရေးမဟာဗျူဟာ အစိတ်အပိုင်းအဖြစ်ပြီးခဲ့သည့်နှစ်များအတွင်း ပိုမိုအာရုံစိုက်လာခဲ့သည်။

ကမ်းခြေစောင့်တပ်ဖွဲ့များအား နိုင်ငံခြားသင်္ဘောများကို ပစ်မိန့်ပေးထားသည့် ပေကျင်း၏ ဥပဒေသစ်နှင့် တရုတ် ၏ ပင်လယ်‌ရေပြင်အတွင်းလုပ်ဆောင်နေမှုများကို ၎င်းအနေနှင့် စောင့်ကြည့်နေကြောင်း တရုတ်နိုင်ငံအပေါ် လူသိရှင်ကြား ဝေဖန်ပြောဆိုလေ့ရှိသူ နာကာယာမက ဆိုသည်။

http://sdtimedaily.com/2021/02/02/kz07-140/

No comments:

Post a Comment