Monday, February 1, 2021

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မှဥက္ကဋ္ဌ အဖြစ်တာဝန်ယူမည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မှဥက္ကဋ္ဌ အဖြစ်တာဝန်ယူမည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အဖွဲ့ဝင် ၁၁ ဦးဖြင့်ဖွဲ့စည်းလိုက်ကြောင်း ယနေ့ညပိုင်းတွင် ကြေညာလိုက်သည်။

အဆိုပါကောင်စီတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဒုတိယဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က တာဝန်ယူထားသည်။

အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ကိုတာဝန်ပေးအပ်ထားကြောင်းထုတ်ပြန်ထားသည်။

အဆိုပါကောင်စီကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

http://sdtimedaily.com/2021/02/02/kz07-141/

No comments:

Post a Comment