Friday, January 1, 2021

NLD ပါတီဝင်သုံးဦးကို AA ပြန်လွှတ်ပေးမှု အမေရိကန်သံရုံးနှင့်ပြင်သစ်သံရုံးတို့ကြိုဆို

NLD ပါတီဝင်သုံးဦးကို AA ပြန်လွှတ်ပေးမှု အမေရိကန်သံရုံးနှင့်ပြင်သစ်သံရုံးတို့ကြိုဆို

နှစ်လကျော်ကြာဖမ်းဆီးခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင် သုံးဦးတို့အား AA အဖွဲ့က ယမန်နေ့(ဇန်နဝါရီ ၁ ရက်) တွင် ပြန်လွှတ်ပေးလိုက်သည့်အပေါ် ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် ပြင်သစ်သံရုံးတို့က ကြေညာချက်အသီးသီးထုတ်ပြန်လိုက်သည်။

ဒီမိုကရေစီစနစ်တစ်ခုတွင် ကိုယ်စားလှယ်လောင်းများသည် ဘေးကင်းလုံခြုံစွာ မဲဆွယ်စည်းရုံးခွင့်ရှိရမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် ယခုနှစ်၌ ပိုမိုကောင်းမွန်သော ငြိမ်းချမ်းမှု၊ ဒီမိုကရေစီနှင့် သာယာဝပြောမှုတို့ကို ရရှိခံစားနိုင်လိမ့်မည်ဟု အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကလည်း NLD ပါတီဝင်များကို ဘေးကင်းလုံခြုံစွာ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည့် AA အဖွဲ့၏ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ်တွင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်ကြောင်းနှင့် ပြည်သူလူထုအား လေးစားမှုအပေါ် အခြေခံသော အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံကြောင်း ထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားသည်။

နှစ်လကျော်ကြာဖမ်းဆီးခံထားခဲ့ရသည့် တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင်သုံးဦးသည် အောက်တိုဘာ ၁၄ ရက်၊ နံနက်ပိုင်းက မဲဆွယ်စည်းရုံးရေးဆောင်ရွက်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး AA အဖွဲ့က ဇန်နဝါရီ ၁ ရက် ညနေပိုင်း၌ ၎င်းတို့ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်အဖွဲ့ဝင်များက ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများထံသို့ နယ်မြေခံတပ်ဌာနချုပ်ရိပ်သာတွင် လွှဲပြောင်းပေးအပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များက လက်ခံခဲ့ကြသည်။

http://sdtimedaily.com/2021/01/02/zm01-369/ 

No comments:

Post a Comment