Saturday, January 2, 2021

တော့ဆန်ကျေးရွာအတွင်း လက်နက်ကြီးကျည်ဆံ ၅လုံးကျရောက်ပေါက်ကွဲမှုဖြစ်ပွား

 တော့ဆန်ကျေးရွာအတွင်း လက်နက်ကြီးကျည်ဆံ ၅လုံးကျရောက်ပေါက်ကွဲမှုဖြစ်ပွား

ကျောက်မဲ | မားနဂါး ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအတွင်း ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ နံနက် ပိုင်း ၆နာရီခွဲအချိန်မှာ လက်နက်ကြီးကျည်ဆံ ၅လုံးကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိတာ မရှိပေမယ့် ဦးစိုင်းကမ်းရဲ့နေအိမ်လှေကထစ်ပြိုသွားခဲ့တယ်လို့ တော့ဆန်ဒေသ ခံတစ်ဦးက မားနဂါးသတင်းဌာန ကိုဒီကနေ့ ဇန်နဝါရီလ ၂ရက်နေ့မှာပြောပါတယ်။
အဆိုပါ တော့ဆန်ကျေးရွာအုပ်စုအနီးနားတစ်ဝိုက်မှာဆိုရင် ၂၀၂ဝခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့မှာ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်းစီ(RCSS/SSA)နဲ့တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကျေးရွာထဲ ကျည်ဆံကျရောက်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တော့ဆန်ကျေးရွာဒေသခံတစ်ဦးက
"စီးပွားရေးနဲ့စားသောက်ရေးလည်းအဆင်မပြေတဲ့ကာလဖြစ်နေတော့ တိုက်ပွဲတွေလည်းမဖြစ်စေချင်ဘူး။ ခုလိုလက်နက်ကြီးရွာထဲကျရောက်တော့ ကျေးရွာကလူတွေလည်း ကြောက်ပြီး ထွက်ပြေးတိမ်းရှောင်တာ လည်း ရှိတယ်။ တိုက်ပွဲသံလည်း ကြားလည်းမကြားချင်တော့ဘူး။ ကျနော်တို့ တော့ဆန်အုပ်စုမှာဆိုရင် ပြီးခဲ့တဲ့ ၂၀၀၆တုန်းကလည်း တိုက်ပွဲကြောင့် တအားနစ်နာခဲ့တယ်။"လို့ မားနဂါး သတင်းဌာနကိုပြောပါတယ်။
ကျောက်မဲမြို့နယ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒီဇင်ဘာလ ၂ရရက်နေ့မှစပြီး ကျေရွာဒေသခံပြည်သူတွေ ကျောက်မဲမြို့ပေါ်ကိုထွက်ပြေးတိမ်းရှောင်လာကြပြီး လက်ရှိထွက်ပြေးတိမ်းရှောင်လာကြတဲ့တိုက် ပွဲရှောင်ပြည်သူ စုစုပေါင်း ၈ဝဝကျော်ရှိနေပြီဖြစ်ပါတယ်။
ဒီဇင်ဘာလအတွင်း RCSS နဲ့ TNLA တို့အကြားတိုက်ပွဲ ၁၁ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁ရက်တည်း ကို ထိတွေ့တိုက်ခိုက်မှု ၃ကြိမ်ဖြစ်ပွားခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4143188235710370?__cft__[0]=AZU9lmVVHwHRAxUp269OqiuCNSOgKJQCLUaomtVChsVWLvCBGI-8R5veF-ToQjMpJIBd1uxNpKrCxhcvxIJ08hHCo6oyJBc76Eoo864uVq3DDxxSl9PPnSsAKqCbZzGnw4QpgohwDQyxLSHlX5hdZn5Q&__tn__=%2CO%2CP-R

No comments:

Post a Comment