Friday, January 1, 2021

မူဆယ်မြို့နယ်မှာ တရုတ်နိုင်ငံသားတစ်ဦးကို ခြေလက်ကြိုးတုပ်ပြီးသေနတ်ဒဏ်ရာနဲ့ပစ်သတ်ထားခံရ

 မူဆယ်မြို့နယ်မှာ တရုတ်နိုင်ငံသားတစ်ဦးကို ခြေလက်ကြိုးတုပ်ပြီးသေနတ်ဒဏ်ရာနဲ့ပစ်သတ်ထားခံရ

မူဆယ် | မားနဂါး ။
မူဆယ်မြို့နယ် ခိုဝိန်းကျေးရွာမှာ မနေ့ ဇန်နဝါရီလ ၁ရက်နေ့က တရုတ်နိုင်ငံသားတစ်ဦး ခြေလက်ကြိုးတုပ်ပြီး သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ရုပ်အလောင်းတစ်လောင်းကို သွားရောက်သယ်ဆောင်ခဲ့တယ်လို့ မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်းတာဝန်ခံတစ်ဦးက မားနဂါးသတင်းဌာနကို ဒီကနေ့ဇန်နဝါရီလ ၂ရက်နေ့မှာ ပြောပါတယ်။
သေဆုံးသွားတဲ့တရုတ်နိုင်ငံသားဟာ အသက် ၂၅နှစ်အရွယ်ရှိပြီး ကျောက်အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦး ဖြစ်ပြီး ခိုဝိန်းကျေးရွာ နမ့်ပေါ့ချောင်းဘေး နန့်ပေါ်စက္ကူစက်ရုံအနီးမှာ ဦးခေါင်းသေနတ်ဒဏ်ရာနဲ့သေဆုံးနေတာ တွေ့ရပါတယ်။
သေသွားတဲ့ရုပ်အလောင်းကို သွားရောက်ကူညီသယ်ဆောင်ခဲ့တဲ့ မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးသောင်းထွန်းက
"မနေ့မနက်၈နာရီအချိန်မှာ ရဲတွေကအကြောင်းကြားလို့ ကျနော်တို့‌က သွားရောက်ကူညီခဲ့တယ်။ ခိုဝိန်းကျေးရွာ နမ့်ပေါ်ချောင်းဘေးမှာ မျက်နှာကို အဝတ်နဲ့စည်းပြီး တိတ်နဲ့ပိတ်ထားတယ်။ ဘယ်ဘက်နားထင်က သေနတ်ကျည် ဝင်ပြီး ညာဘက်နားထင်ခေါင်းမှာ သေနတ်ကျည်ပေါက်ထွက်နေတဲ့ အမျိုးသားတစ်ဦးသေဆုံးသွားတာတွေ့ရ တယ်။"လို့ မားနဂါးသတင်းဌာနကိုပြောကြားခဲ့ပါတယ်။
သေသွားတဲ့ရုပ်အလောင်းကိုတော့ ကရုဏာလူမှုကူညီရေးအသင်းမှ သွားရောက်သယ်ဆောင်ပြီး မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီး ရင်ကွဲရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

https://www.facebook.com/MarnagarMultimediaNews/posts/4143605002335360?__cft__[0]=AZX27H03_sLhExsbJdfoyReAwte1DqkUbau-Rc7zgGKXKxuFpcowcxIFXGHg_gBXAQeonE42hohHe35tX0CB_G6eGML5dZXMDZ18BthwF6n3CXKlaKtfaSijdzkLMtuyFUWfSybOscVWKj3vTYoA4kry&__tn__=%2CO%2CP-R

No comments:

Post a Comment