နိုင်ငံရေးအကျပ်အတည်ကျော်လွှားနိုင်ရန်နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် မျက်နှာစုံညီ ညှိနှိုင်းနိုင်သည့် အရေးပေါ် အစည်းအဝေး ခေါ်ယူရန် KNU တောင်းဆို
ရန်ကုန်၊ ဇန်နဝါရီ ၂၉
လက်ရှိ နိုင်ငံရေးအကျပ်အတည်ကျော်လွှားနိုင်ရန်နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် သက်ဆိုင်ရာ အစုအဖွဲ့များ အားလုံးပါဝင်မည့် မျက်နှာစုံညီ ညှိနှိုင်းနိုင်သည့် အရေးပေါ် အစည်းအဝေး တစ်ရပ်ခေါ်ယူရန် ကရင်အမျိုးသားအစည်းအရုံးKNUက ဇန်နဝါရီလ ၂၉ ရက်နေ့ ညပိုင်းတွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုသည်။
ရွေးကောက်ပွဲ အငြင်းပွားမှုများကို သက်ဆိုင်ရာ အစုအဖွဲ့များက ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့အပေါ် အခြေခံပြီး ဆင်ခြင်တုံတရားနှင့်အညီ ညှိနှိုင်းဖြေရှင်းစေလိုပါကြောင်း၊ အဓိကအားဖြင့် ဒီမိုကရေစီ အနှစ်သာရ ကို မပျက်ပြယ်စေဘဲ အပြန်အလှန်လေးစား အသိအမှတ်ပြုမှုကို အခြေခံ ရန် လိုအပ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လတ်တလော နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားရာတွင် အာဏာလွန်ဆွဲမှုကို ကျော်လွန်ပြီး ပြည်ထောင်စုပေါ်ထွန်းရေးနှင့် ဒီမိုကရေစီ စံချိန်စံနှုန်းများကို အလေးထားသည့် သက်ဆို်ငရာ အစုအဖွဲ့များ အားလုံးပါဝင်မည့် မျက်နှာစုံညီ ညှိနှိုင်းနိုင်သည့် အခင်းအကျင်းတစ်ခု အရေးပေါ် လိုအပ်နေကြောင်းကြေညာချက်တွင် ဖော်ပြထားသည်။
https://www.facebook.com/khitthitnews/posts/1116771582093520?__cft__[0]=AZXAt27YYTg096YiDGXjhmQtYW6xWN2jWH5TLBBCABFyPB1qbmWLYPztJN14ELiUDs3tn0n2W9989ittR_YHDUT_Y9ADhdxM1ITeS0pVQ7uGgkj4r49BZZ16RWSNFLjwmJzy-XiOMTrr2pwBZ_8nyNWV&__tn__=%2CO%2CP-R
No comments:
Post a Comment