၁)လကျော်ကြာတဲ့အထိ ကျောက်မဲမြို့ပေါ်က တိုက်ပွဲရှောင် (၉ဝဝ)ကျော် နေရပ်မပြန်နိုင်သေး
https://www.shwepheemyay.com/node/294
လွေးအမ်ရွှေလီ၊ ရွှေဖီမြေ
ဇန်နဝါရီ ၂၉ ရက်၊ ကျောက်မဲ
ရှမ်းတပ်မတော် (RCSS)နဲ့ တအာင်းတပ်မတော် (TNLA)တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် (၁)လကျော်ကြာ ကျောက်မဲမြို့ပေါ် ထွက်ပြေးတိမ်းရှောင်လာတဲ့ တိုက်ပွဲရှောင်တွေထဲက (၉၀၀)ကျော်ဟာ ဒီနေ့အထိ နေရပ်ကို မပြန်နိုင်ကြသေးပါဘူး။
စခန်းကနေ ပြင်ပထွက်ပြီး အလုပ် လုပ်နေတဲ့ တိုက်ပွဲရှောင် (၃၀)ဝန်းကျင်ရှိနေပြီး ရွာဘက်က နေအိမ်တွေကို ပြန်ကြည့်ကြတဲ့ ဒေသခံအချို့လည်း ရှိတယ်လို့ ကျောက်မဲမြို့ အိုမ်တမာဝ် လူမှုကူညီရေးအသင်းမှ မိုင်းဆမဲင်ရူိန်းက ပြောပါတယ်။
“တစ်ချို့လည်း မပြန်နိုင်သေးဘူး။ အခု အပြင်မှာ ထွက်နေတဲ့သူတွေလည်း ရှိတယ်။ အိမ်ကိုပြန်ကြည့်တဲ့သူတွေ နှစ်ယောက် သုံးယောက် ရှိတယ်”
ကျေးရွာဘက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေ သွားလာလှုပ်ရှားနေသေးတာကြောင့် နေရပ်ကို မပြန်ရဲကြသေးဘူးလို့ ၎င်းကဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်မှာ TNLA နဲ့ RCSS တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် လွယ်အံ၊ တော့ဆန်ကျေးရွာအုပ်စုထဲက ဒေသခံ (၁)ေထာင်ကျော်ဟာ ဒီဇင်ဘာ ၂၇ ရက်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။
#တိုက်ပွဲရှောင် #နေရပ်မပြန်နိုင်သေး #ကျောက်မဲ #RCSS #TNLA
#ဓာတ်ပုံ- OTMSW
https://www.facebook.com/451214215694715/posts/887849375364528/
https://www.facebook.com/shwepheemyaynews/posts/887849375364528
No comments:
Post a Comment