KIA က ဖမ်းဆီးထားတဲ့ အထက်မန်လွယ်ရွာခံထဲက ကျန်းမာရေးမကောင်းသူတစ်ဦး ပြန်လွှတ်လာ၊ (၅)ဦး ပြန်မလွှတ်သေး
လွေးအမ်ရွှေလီ၊ ရွှေဖီမြေ
ဇန်နဝါရီ ၃၁ ရက်၊ နမ့်ဆန်
တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်လွယ်ကျေးရွာအုပ်စု အထက်မန်လွယ်ကျေးရွာခံ ၆ ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်ဖွဲ့က ဖမ်းဆီးထားပြီး အဲဒီအထဲက ကျန်းမာရေးမကောင်းသူတစ်ဦးကို ဇန်နဝါရီလ ၂၆ ရက် ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြန်လွှတ်လာတဲ့ တစ်ယောက်ဟာ ကျန်းမာရေးမကောင်းတဲ့ ဦးအိုက်မောင်(၃၈ နှစ်)ဆိုသူဖြစ်ပြီး ဆေးနေ့တိုင်း သွားထုတ်ရမှာဖြစ်တဲ့အတွက် ပြန်လွှတ်ပေးလာတာဖြစ်တယ်လို့ မန်လွယ်ကျေးရွာဥက္ကဌ ဦးကိုစိန်က ပြောပါတယ်။
“အခု ပြန်လွှတ်လာတဲ့တစ်ယောက်က ရောဂါသည် သူက ဆေးနေ့တိုင်းသောက်ရမယ်။ ဆေးလည်း နေ့တိုင်းထုတ်ရမယ်။ အဲဒါကြောင့် ပြန်လွှတ်ပေးလိုက်တယ်”
အငြင်းပွားမှုဖြစ်နေတဲ့ နယ်မြေပြဿနာကို KIA ဘက်က ပြောဆိုထားတဲ့အတိုင်း မပြေလည်ရင် မြို့နယ်အဆင့်နဲ့မရှင်းပဲ ခရိုင်အထိ ဖြေရှင်းရမယ်လို့ KIA တပ်ဖွဲ့ ပြောဆိုလာတယ်လို့ ဦးကိုစိန်က ဆက်ပြောပါတယ်။
“သူတို့ပြောတာက ကျနော်တို့ မဖြေရှင်းပေးရင် ခရိုင်အထိ တက်မယ်လို့ ပြောတယ်။ ကျနော်တို့ ထပ်တွေ့ဖို့ ပြောထားတယ်။ သူတို့က အကြောင်းမပြန်လာဘူး။ မဖြေရှင်းပေးရင် ကျန်တဲ့ ရွာသားတွေလည်း မလွှတ်ပေးဘူးတဲ့”
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်မှာ အထက်မန်လွယ်ရွာခံ ၇ ဦးကို KIA တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အဲဒီနေ့ ညနေမှာပဲ တစ်ယောက်ကို ပြန်လွှတ်လာပေးပြီး ပြန်မလွှတ်လာသေးတဲ့ ရွာသား ၅ ဦး ကျန်ရှိနေပါသေးတယ်။
#ကျေးရွာခံ #ကျန်းမာရေးမကောင်းသူ #ပြန်လွှတ်လာ #အထက်မန်လွယ်ရွာ #နမ့်ဆန်
#ဓာတ်ပုံ- Mai Sky's Facebook (ပြန်မလွှတ်လာသေးတဲ့ ရွာခံ ၅ ဦး)
https://www.facebook.com/451214215694715/posts/888933371922795/
https://www.facebook.com/shwepheemyaynews/posts/888933371922795
No comments:
Post a Comment