Friday, January 29, 2021

ပန်းဆေးပြည်သူ့စစ် တပ်သားတစ်ဦးက ဗိုလ်အဆင့်ရှိသူကို ပစ်သတ်၊ ဗိုလ်အဆင့်ရှိသူရဲ့ မိသားစုက ရိုက်နှက်တဲ့ဒဏ်ကြောင့် တပ်သားဖြစ်သူ သေဆုံး

 ပန်းဆေးပြည်သူ့စစ် တပ်သားတစ်ဦးက ဗိုလ်အဆင့်ရှိသူကို ပစ်သတ်၊ ဗိုလ်အဆင့်ရှိသူရဲ့ မိသားစုက ရိုက်နှက်တဲ့ဒဏ်ကြောင့် တပ်သားဖြစ်သူ သေဆုံး

https://www.shwepheemyay.com/node/292

လွေးအမ်ရွှေလီ၊ ရွှေဖီမြေ

ဇန်နဝါရီ ၂၉ ရက်၊ နမ့်ခမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းနဲ့ ကွတ်ခိုင်ကြားက (၁၂)မိုင်စခန်းမှာ တာဝန်ကျတဲ့ ပန်းဆေးပြည်သူ့စစ်ရဲ့ တပ်သားတစ်ဦးဟာ ဗိုလ်အဆင့်ရှိသူတစ်ဦးကို ပစ်သတ်ခဲ့ပြီး ဗိုလ်အဆင့်ရှိသူရဲ့ မိသားစုဝင်တွေကလည်း ၎င်းတပ်သားကို ပြန်လည် ရိုက်နှက်နှိပ်စက်တဲ့ဒဏ်ကြောင့် တပ်သားဖြစ်သူ သေဆုံးခဲ့ပါတယ်။

(၁၂)မိုင်စခန်းက ပန်းဆေးပြည်သူ့စစ် တပ်သားဟာ ဗိုလ်အဆင့်ရှိသူတစ်ဦးကို ဇန်နဝါရီလ ၂၃ ရက်က သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် ပစ်သတ်ခံရသူရဲ့ မိသားစုဝင်တွေက တပ်သားဖြစ်သူကို ဖမ်းဆီးပြီးတော့ အက်စစ်အသုံးပြုပြီး နှိပ်စက်ခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဘာဖြစ်လို့ အရာရှိကို သတ်တာလဲတော့ မသိဘူး။ သူ့ကိုတော့ အဲဒီအရာရှိရဲ့ ဒုတိယမယားရဲ့ သားတွေ၊ ဆွေမျိုးတွေက သတ်တာ။ လက်ထိပ်လည်း ခတ်ထားပြီး သံတုတ်နဲ့ ရိုက်ခံထားရတာ။ ပါးစပ်ထဲမှာ အက်စစ် နှစ်ပုံးလောင်းပြီး ဝိုင်းရိုက်တာ။ သူ့ကိုယ်လုံးက ထိလိုက်တာနဲ့ ပျက်စီးသွားတယ်”

ပစ်သတ်ခံရတဲ့ ဗိုလ်အဆင့်ရှိသူနဲ့ ၎င်းတပ်သားတို့အကြား လစာကိစ္စနဲ့ပတ်သက်ပြီး မကြာခဏ ပြောဆိုငြင်းခုန်တာ ရှိတယ်လို့လည်း ဆိုပါတယ်။

“ခါတိုင်းဆို သူအိမ်ပြန်လာရင် သူ့ဆရာကောင်းကြောင်းတွေ အမြဲပြောလေ့ရှိတယ်။ ကြားမိတာက သူ့ဆရာက သူ့ကိုလစာ ၄ လစာမပေးတာရယ် နောက် အဲဗိုလ်ကြီးက သူ့ဆိုင်ကယ်လည်း ခဏခဏ ယူစီးတယ်လို့ပြောတယ်။ ပြီးတော့ သူ့ဆရာက အဲနေ့ဆေးပြားတွေတိုက်လို့ မူးရူးပြီး သတ်ပစ်တာ ထင်တယ်”

တပ်သားဖြစ်သူကတော့ ဇန်နဝါရီလ ၂၄ ရက်မှာ ရိုက်နှက် နှိပ်စက်ခံရပြီးနောက် သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

#ပန်းဆေးပြည်သူ့စစ် #ပစ်သတ် #ရိုက်နှက်နှိပ်စက် #သေဆုံး #ကွတ်ခိုင်

#ဓာတ်ပုံ- Local (ပုံ ၁၊ ၂- ရိုက်နှက်နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားတဲ့ တပ်သား/ပုံ- ၃ တပ်သားက ပစ်သတ်ခဲ့တဲ့ ဗိုလ်အဆင့်ရှိသူ)

https://www.facebook.com/451214215694715/posts/887796932036439/


https://www.facebook.com/shwepheemyaynews/posts/887796932036439

No comments:

Post a Comment