Friday, January 29, 2021

ခိုမုန်းကျေးရွာမှာ KIA တပ်သားနှစ်ဦး အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး လျော်ကြေး (၁၅)သိန်းပေးကာ ၊ ကျူးလွန်တဲ့တရားခံကို KIA တပ်ဖွဲ့မှဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမယ်လို့သိရ

 ခိုမုန်းကျေးရွာမှာ KIA တပ်သားနှစ်ဦး အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး လျော်ကြေး (၁၅)သိန်းပေးကာ ၊ ကျူးလွန်တဲ့တရားခံကို KIA တပ်ဖွဲ့မှဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမယ်လို့သိရ


ကွတ်ခိုင် | မားနဂါး ။

ကွတ်ခိုင်မြို့နယ် မန်ပိန်းအုပ်စု ခိုမုန်းကျေးရွာမှာ ကြံခုတ်သွားတဲ့အမျိုးသမီးငယ်တစ်ဦးကို KIA တပ်ရင်း(၉) တပ်ခွဲ (၄)မှ တပ်သားနှစ်ဦးက အတင်းခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၂၇ရက် နေ့မှာ ကျူးလွန်ခံရတဲ့အမျိုးသမီးရဲ့မိဘ၊ ခြံပိုင်ရှင် ကျူးလွန်ခဲ့တဲ့ ကာယကံရှင်တပ်သားအပါအဝင် KIA တာဝန်ရှိ သူ တွေနဲ့TNLA တာဝန်ရှိသူတွေ တွေ့ဆုံပြီး အမှုကိုဆွေးနွေးဖြေးရှင်းခဲ့တယ်လို့ ခြံပိုင်ရှင်ကနေတဆင့်သိရပါ တယ်။

အဆိုပါတပ်သားနှစ်ဦးဟာ ယူနီဖောင်လက်နက်အပြည့်အစုံနဲ့လာရောက်ကာ အမျိုးသမီးငယ်ကို အတင်း ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့အတွက် နှစ်ဖက်မဟာမိတ်ဖြစ်ကြတဲ့ KIA နဲ့ TNLA အထက်တာဝန်ရှိသူတွေက တွေ့ဆုံဖြေရှင်းဆောင်ရွက်သွားတာဖြစ်ပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးငယ်ကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံနွေးဆွေးဖြေရှင်းခဲ့ပုံကို ခြံပိုင်ရှင်ဖြစ်သူက
" တအာင်းဒေသထုံးတမ်းအစဉ်အလာနဲ့အညီ သူတို့လာရောက်တောင်းပန်ပြီး ဓလေ့ထုံးတမ်းနဲ့အညီ ညှိနှိုင်း ရင်းနဲ့ ကျူးလွန်ခံရတဲ့ အမျိုးသမီးအတွက် နစ်နာကြေးပေးလိုက်တာ လျော်ကြေး ၁၅သိန်းနဲ့ပြီးသွားတယ်။ ဖြစ်ပျက်နေ တဲ့ကိစ္စကို ကျနော်တို့ဆီလွှဲပြောင်းပေးပါ ကျနော်တို့ဥပဒေနဲ့အညီတရားစီရင်မယ်ပြောတော့ KIA တပ်ဖွဲ့ဘက်က မပေးဘူး။ ကျူးလွန်တဲ့တရားခံကို သူတို့ရဲ့ တပ်ဥပဒေလုပ်ထုံးလုပ်နည်းနဲ့တရားစီရင်မယ်။ ရုံးထုတ်မယ် ဥပဒေနဲ့ အညီချမှတ်မယ်လို့ပြောခဲ့တယ်။"လို့ မားနဂါးသတင်းဌာနကိုပြောပါတယ်။

ကျူးလွန်တဲ့ တရားခံတပ်သားကို တရားစီရင်ချိန်မှာ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် ကျူးလွန်ခံရတဲ့ ကာယကံရှင်၊ TNLA ၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)၊ ခြံပိုင်ရှင်အများပြည်သူရှေ့မှောက်မှာ တရားစီရင်သင့် ကြောင်း ဘယ်လိုပုံစံမျိုးနဲ့ဘယ်ချိန်တရားစီရင်သွားမယ်ဆိုတာသေချာမသိရှိသေးဘူးလို့လည် းသူက ဆက်ပြော ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့မှာ ကွတ်ခိုင်မြို့နယ် မန်ပိန်းအုပ်စု ခိုမုန်းကျေးရွာရှိ ကြံခြံမှာ KIA တပ်သားနှစ်ဦး ယူနီဖောင်နဲ့မနက်ပိုင်းအချိန်ရောက်လာပြီး ကြံခုတ်နေတဲ့အလုပ်သမားတွေကို အရက်ဝယ်စေခိုင်းပြီး အမှု လွန်ကာ ညနေပိုင်းအချိန်မှာ ကြံခုတ်နေတဲ့ အမျိုးသမီးညီအစ်မနှစ်ဦးကို အတင်းခေါ်ဆောင်သွားပြီး အသက် ၁၆နှစ်အရွယ်ရှိ ညီမဖြစ်သူကို အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။

https://www.facebook.com/MarnagarMultimediaNews/posts/4219436724752187?__tn__=%2CO*F

No comments:

Post a Comment