Saturday, January 2, 2021

တောင်ကုတ်လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးလွတ်မြောက်လာခြင်းကို အမေရိကန်သံရုံးကြိုဆို

 တောင်ကုတ်လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးလွတ်မြောက်လာခြင်းကို အမေရိကန်သံရုံးကြိုဆို

နိရဉ္စရာ၊ ဇန်နဝါရီ၃/၂၀၂၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ လွှတ်တော် ကိုယ်စားလှယ်လောင်း သုံးဦးလွတ်မြောက်လာခြင်းကို ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ကြိုဆိုကြောင်း ထုတ်ပြန်သည်။

၎င်းထုတ်ပြန်ချက်ထဲတွင် “ ရွေးကောက်ပွဲမတိုင်မီက တောင်ကုတ်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသော ကိုယ်စားလှယ်လောင်းသုံးဦး ပြန်လည်လွတ်မြောက်လာခြင်းကို မိမိတို့ကြိုဆိုပါသည်” ဟု ဖော်ပြသည်။

၎င်းပြင် ဆက်လက်ဖော်ပြသည်မှာ “ ဒီမိုကရေစီစနစ်တစ်ခုတွင် ကိုယ်စားလှယ်လောင်းများသည် ဘေးကင်းလုံခြုံစွာ မဲဆွယ် စည်းရုံးခွင့်ရှိရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ခပ်သိမ်းသော သူအပေါင်းတို့ လာမည့်နှစ်အတွင်း ပိုမိုကောင်းမွန်သော ငြိမ်းချမ်းမှု၊ ဒီမိုကရေစီနှင့် သာယာဝပြောမှုတို့ကို ရရှိခံစားနိုင်လိမ့်မည်ဟု မိမိတို့မျှော်လင့်ပါကြောင်း” ဖော်ပြထားသည်။

တောင်ကုတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် သုံးဦးဖြစ်ကြသည့် ဦးမင်းအောင် (လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါ်နီနီမေမြင့် (လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့် ဒေါ်ချစ်ချစ်ချော (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း) တို့သည် ဇန်နဝါရီ ၁ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်ခန့်က ရက္ခိုင့်တပ်တော် (AA) မှ မြန်မာ့တပ်မတော် တာဝန်ရှိသူများ လက်သို့ မြေပုံမြို့နယ် မီးကျောင်းတက် ကျေးရွာတွင် လွှဲပြောင်းခဲ့သည်။

၎င်းတို့သုံးဦးသည် ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာတွင် မဲဆွယ်စည်းရုံးရေးလုပ်နေစဉ် AA တပ်ဖွဲ့များ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ကြရသူများ ဖြစ်ကြသည်။ 

---------------------- 

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ၃/၂၀၂၁






https://burmese.narinjara.com/.../5ff14c4c3f8935047dbb79bc


https://www.facebook.com/narinjara.info/posts/3927583743920340

No comments:

Post a Comment