႐ွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ RCSS ႏွင့္ TNLA တို႔ စစ္ေရးဆက္လက္တင္းမာ၊ နမၼတူၿမိဳ႕နယ္တြင္လည္း စစ္ေဘးတိမ္းေ႐ွာင္သူမ်ား ႐ွိေန
Posted: January 3, 2021
႐ွမ္းျပည္နယ္ေျမာက္ပိုင္း႐ွိ ေက်ာက္မဲ၊ သီေပါႏွင့္ နမၼတူၿမိဳ႕နယ္မ်ားတြင္ ႐ွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS) ႏွင့္ တအာင္း လက္နက္ကိုင္အဖြဲ႔ (TNLA) တို႔ စစ္ေရးအေျခအေန တင္းမာေနဆဲျဖစ္ၿပီး၊ ေက်ာက္မဲၿမိဳ႕နယ္တြင္ သာမက နမၼတူၿမိဳ႕နယ္တြင္လည္း စစ္ေဘး တိမ္းေ႐ွာင္သူမ်ား ႐ွိေနေၾကာင္းသိရသည္။
နမၼတူၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚနန္းခမ္းေအးက နမၼတူၿမိဳ႕နယ္အတြင္း၌ စစ္ေဘးေ႐ွာင္ ႏွစ္ရာေက်ာ္႐ွိေနေၾကာင္း The Ladies News သို႔ ေျပာၾကားသည္။
ေဒၚနန္းခမ္းေအးက '' မႏၥံမြာက ၇၁ ေယာက္။ ပန္ခ်င္မွာက အိမ္ေထာင္စု ၁၁ အိမ္ေထာင္ လူဦးေရ ၇၀ လို႔ေတာ့ ေျပာတယ္။ နားဆိုင္းမွာ။ ပန္ခ်င္က လူက အဲဒီ ေရာက္ေနတယ္။ မန္ေမ်ွာ္အုပ္စု ပန္လင့္ မွာက ၁၁၇ ႐ွိတယ္လို႔ ေျပာတယ္။ ဒါေပမယ့္ တခ်ိဳ႕ကလည္း ဒီေညန ရြာျပန္တဲ့လူကလည္း အိမ္ကိုျပန္ၾကည့္တယ္လို႔ ၾကားရတယ္'' ဟု ဆိုသည္။
ေက်ာက္မဲၿမိဳ႕တြင္မူ စစ္ေ႐ွာင္စခန္းေလးခု ဖြင့္လွစ္ထားကာ စစ္ေ႐ွာင္ဦးေရ တစ္ေထာင္ခန္႔ေရာက္႐ွိေနၿပီး၊ ေဒသတြင္း၌ စစ္ေရးအေျခအေနမွာ တင္းမာေနဆဲျဖစ္ေၾကာင္း စစ္ေ႐ွာင္မ်ားကို အကူအညီေပးေနေသာ ေက်ာက္မဲၿမိဳ႕ ဇီဝိတ လူမႈကူညီေရးအသင္း ဥကၠ႒ ဦးတင္ေမာင္သိန္းက ေျပာသည္။
'' လက္႐ွိအေနအထားကေတာ့ စစ္ေရးကေတာ့ မၿငိမ္ပါဘူး။ မၿငိမ္ဘဲနဲ႔ သူက ေက်ာက္မဲနယ္ထဲမွာလည္း ရင္ဆိုင္ထားတာေတြ ႐ွိပါတယ္။ သူတို႔ စစ္ျဖစ္ခဲ့တဲ့ေနရာမွာလည္းပဲ ပစ္ခတ္မႈေတြကေတာ့ ႐ွိေနတုန္းပဲ။ သီေပါနယ္ထဲမွာလည္း ျဖစ္တယ္ '' ဟု ၎ကဆိုသည္။
RCSS ႏွင့္ TNLA တို႔သည္ ဒီဇင္ဘာလ ၂၅ ရက္ေန႔မွစတင္ကာ ေက်ာက္မဲၿမိဳ႕နယ္႐ွိ လြယ္အံေက်းရြာအုပ္စု အတြင္း၌ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ေသာေၾကာင့္ လြယ္အံ၊ ေကာင္းခါး၊ ပန္ေလာ့၊ ပန္မခမ္းႏွင့္ မန္ဆပ္ေက်းရြာမ်ားမွ ေဒသခံမ်ား ေက်ာက္မဲၿမိဳ႕သို႔ ထြက္ေျပး တိမ္းေ႐ွာင္လာရျခင္းျဖစ္သည္။
ထိုသို႔ ေဒသအတြင္း၌ စစ္ေရးတင္းမာမႈမ်ား ဆက္႐ွိေနသည့္ အတြက္ စစ္ေ႐ွာင္မ်ားေနရပ္ျပန္ႏိုင္ေရးမွာလည္း အခ်ိန္ၾကာျမင့္ဖြယ္႐ွိေနသည္။
ဒီဇင္ဘာလဆန္းပိုင္းမွ စတင္ကာ RCSS ႏွင့္ TNLA တို႔သည္ နယ္ေျမအျငင္းပြားမႈကို အေၾကာင္းျပဳၿပီး ႐ွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တုိက္ပြဲမ်ား ခပ္စိပ္စိပ္ ဆိုသလိုျဖစ္ပြားေနသည္။
ေအာင္ရဲေနာင္
The Ladies News
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် RCSS နှင့် TNLA တို့ စစ်ရေးဆက်လက်တင်းမာ၊ နမ္မတူမြို့နယ်တွင်လည်း စစ်ဘေးတိမ်းရှောင်သူများ ရှိနေ
----- ----- -----
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါနှင့် နမ္မတူမြို့နယ်များတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) တို့ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး၊ ကျောက်မဲမြို့နယ်တွင် သာမက နမ္မတူမြို့နယ်တွင်လည်း စစ်ဘေး တိမ်းရှောင်သူများ ရှိနေကြောင်းသိရသည်။
နမ္မတူမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက နမ္မတူမြို့နယ်အတွင်း၌ စစ်ဘေးရှောင် နှစ်ရာကျော်ရှိနေကြောင်း The Ladies News သို့ ပြောကြားသည်။
ဒေါ်နန်းခမ်းအေးက '' မန္စံမွာက ၇၁ ယောက်။ ပန်ချင်မှာက အိမ်ထောင်စု ၁၁ အိမ်ထောင် လူဦးရေ ၇၀ လို့တော့ ပြောတယ်။ နားဆိုင်းမှာ။ ပန်ချင်က လူက အဲဒီ ရောက်နေတယ်။ မန်မျှော်အုပ်စု ပန်လင့် မှာက ၁၁၇ ရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် တချို့ကလည်း ဒီညေန ရွာပြန်တဲ့လူကလည်း အိမ်ကိုပြန်ကြည့်တယ်လို့ ကြားရတယ်'' ဟု ဆိုသည်။
ကျောက်မဲမြို့တွင်မူ စစ်ရှောင်စခန်းလေးခု ဖွင့်လှစ်ထားကာ စစ်ရှောင်ဦးရေ တစ်ထောင်ခန့်ရောက်ရှိနေပြီး၊ ဒေသတွင်း၌ စစ်ရေးအခြေအနေမှာ တင်းမာနေဆဲဖြစ်ကြောင်း စစ်ရှောင်များကို အကူအညီပေးနေသော ကျောက်မဲမြို့ ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောသည်။
'' လက်ရှိအနေအထားကတော့ စစ်ရေးကတော့ မငြိမ်ပါဘူး။ မငြိမ်ဘဲနဲ့ သူက ကျောက်မဲနယ်ထဲမှာလည်း ရင်ဆိုင်ထားတာတွေ ရှိပါတယ်။ သူတို့ စစ်ဖြစ်ခဲ့တဲ့နေရာမှာလည်းပဲ ပစ်ခတ်မှုတွေကတော့ ရှိနေတုန်းပဲ။ သီပေါနယ်ထဲမှာလည်း ဖြစ်တယ် '' ဟု ၎င်းကဆိုသည်။
RCSS နှင့် TNLA တို့သည် ဒီဇင်ဘာလ ၂၅ ရက်နေ့မှစတင်ကာ ကျောက်မဲမြို့နယ်ရှိ လွယ်အံကျေးရွာအုပ်စု အတွင်း၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သောကြောင့် လွယ်အံ၊ ကောင်းခါး၊ ပန်လော့၊ ပန်မခမ်းနှင့် မန်ဆပ်ကျေးရွာများမှ ဒေသခံများ ကျောက်မဲမြို့သို့ ထွက်ပြေး တိမ်းရှောင်လာရခြင်းဖြစ်သည်။
ထိုသို့ ဒေသအတွင်း၌ စစ်ရေးတင်းမာမှုများ ဆက်ရှိနေသည့် အတွက် စစ်ရှောင်များနေရပ်ပြန်နိုင်ရေးမှာလည်း အချိန်ကြာမြင့်ဖွယ်ရှိနေသည်။
ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ RCSS နှင့် TNLA တို့သည် နယ်မြေအငြင်းပွားမှုကို အကြောင်းပြုပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ခပ်စိပ်စိပ် ဆိုသလိုဖြစ်ပွားနေသည်။
အောင်ရဲနောင်
http://www.theladiesnewsjournal.com/news/sun-2021-01-03-1528/14231
No comments:
Post a Comment