ညောင်ဆွယ်နဲ့မိုင်းဟုန်းကျေးရွာကြားတိုက်ပွဲဖြစ်ပွားပြီး ကျေးရွာသားတစ်ဦးကိုကျည်ဆံထိမှန်သေဆုံး၊ တစ်ဦးဒဏ်ရာရ နေအိမ်တစ်လုံးမီးလောင်ပျက်စီး
နမ္မတူ | မားနဂါး။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ ဒီနေ့ဇန်နဝါရီလ ၅ရက်နေ့ မနက် ၅နာရီကနေ ၁၂နာရီထိ ညောင်ဆွယ်နဲ့ မိုင်းဟုန်းကျေးရွာကြားRCSS နဲ့TNLA တို့တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာသားတစ်ဦး ကျည်ဆံ ထိမှန်သေဆုံး၊ တစ်ဦးဒဏ်ရာရရှိပြီး နေအိမ်တစ်လုံးမီးလောင်သွားတယ်လို့ ညောင်ဆွယ်ဒေသခံတစ်ဦးထံက နေတစ်ဆင့် သိရပါတယ်။
အဆိုပါ ဖြစ်စဉ်မဖြစ်ပွားမီအချိန်မှာ မနက် ရနာရီအချိန်မှာ ရွာအပြင်ဘက်မှာသာ တိုက်ပွဲဖြစ်ပွားပြီး ၈နာရီကနေ ၉နာရီကြားမှာတော့ မိုင်ဟုန်ကျေးရွာကနေညောင်ဆွယ်ရွာကြား အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုကြောင့် အသက် ၅ဝနှစ်အရွယ်ရှိ တာအိုက်ငိုဆို သူကို ကျည်ဆံထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။
တိုက်ပွဲကြောင့် ကျေးရွာသားတစ်ဦးသေဆုံးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ညောင်ဆွယ်ကျေးရွာဒေသခံတစ်ဦးက
"တိုက်ပွဲတွေငြိမ်ပြီဆိုပြီး သူကအိမ်ပြင်ထွက်ကြည့်လိုက်တော့ သူကိုသေနက်ထိမှန်ပြီးသေသွားတယ်။ အိမ်တစ်လုံးကတော့ RCSS တပ်ဖွဲ့က ပြစ်တဲ့လက်နက်ကြီးကျကွဲပြီး မီးလောင်သွားတယ်။ ဒဏ်ရာရတဲ့ တစ်ယောက်ကဒီရွာသားမဟုတ်ဘူး။ ခုမန်စံဘက်က ကားကြီးတစ်စီးနဲ့ ရွာကလူတွေကို လာကြိုကြနေပြီး။"လို့ မားနဂါးသတင်းဌာနကိုပြောပါတယ်။
ထွက်ပြေးလာတဲ့ ပြည်သူတွေကိုသွားရောက်ကူညီပေးနေတဲ့ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက
"ခုလက်ရှိအချိန်မှာ မန်စံဘုန်းကြီးကျောင်းမှာ လုပ်လုံ၊မိုင်ဟုန်၊ညောင်ဆယ်ကျေးရွာတွေထွက်ပြေးတိမ်းရှောင်လာ တယ်။ လူဦးရေမငြိမ်သေးဘူး။ လက်ရှိ တိုက်ပွဲရှောင်ပြည်သူ ၁ရဝဦးရှိတယ်။ ခုထပ်ပြီး သွားကြိုနေတုန်း သူတို့ စားသောက်ရေးအပိုင်းမှာတော့ ကျမတို့မန်စံကော်မတီက တာဝန်ယူဆောင်ရွယ်ပေးနေတယ်"လို့ မားနဂါးသတင်း ဌာနကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ရက်နေ့မှာလည်း နမ္မတူမြို့နယ် ပန်ချင်ကျေးရွာအတွင်း လက်နက်ကြီး (၆)လုံးကျရောက်ပြီး နေအိမ်တစ်လုံးနဲ့ဘုန်းကြီးကျောင်းထိမှန်ခဲ့ပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4150671654962028?__cft__[0]=AZU7DSkiecmFdvBPf6lVZtJETIGwpAlx8iXnyyHzMMit6Kfvqg6l-vAjFiABb_l7dGMVBEGbPrbsJLMYluhUzUps4MEyeGDzedLL_PH8pX4C19Rqbuw-5qQ3yn1gxfct4ovf9cASUVgE11bYZZNMqMAO&__tn__=%2CO%2CP-R
No comments:
Post a Comment