RCSS နဲ့ TNLA တို့အကြား ပန်ချင်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားပြီး ဒေသခံပြည်သူတွေ နမ္မတူမြို့ပေါ်ရှိဘုန်းကြီး ကျောင်းတွေမှာလာရောက်တိမ်းရှောင်
နမၼတူ | မားနဂါး ။
နမ္မတူမြို့နယ် ပန်ချင်ကျေးရွာအနီး မနေ့ ဇန်နဝါရီလ ၄ရက်နေ့ကနေ ဒီနေ့ ဇန်နဝါရီလ ၅ရက် နံနက် ရနာရီ ချိန်ထိ RCSS နဲ့ TNLA တို့အကြား တိုက်ပွဲပြင်ထန်းတဲ့အတွက်ကြောင့် ပန်ချင်ကျေးရွာ၊ လုပ်လေကျေးရွာ၊ နာမကျေးရွာ (၃)ရွာရှိပြည်သူတွေ နမ္မတူမြို့ နာဆိုင်းဘုန်းကြီးကျောင်းကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ နမ္မတူမြို့ မိတ်ဆွေကောင်းလူမှုကူညီရေးအသင်း ဦးအောင်ဆန်မြင့်ကနေတဆင့်သိရပါတယ်။
ပြီးခဲတဲ့ ဇန်နဝါရီလ ၂ရက်နေ့မှာလည်း RCSS နဲ့ TNLAတို့အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ပန်ချင်ကျေးရွာ အတွင်း လက်နက်ကြီး (၆)လုံးကျရောက်ခဲ့ပြီး နေအိမ်တစ်လုံးနဲ့ ဘုန်းကြီးကျောင်းထိမှန်ခဲ့ပါတယ်။
ဒီမနက်ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး တော့ နမ္မတူမြို့မိတ်ဆွေကောင်းလူမှုကူညီရေးအသင်း ဦးအောင် ဆန်မြင့်က
"ပန်ချင်ကျေးရွာ၊လုပ်လေကျေးရွာ၊နာမကျေးရွာတွေကတော့ နာဆိုင်းဘုန်းကြီးကျောင်းမှာ ရောက်နေကြပြီ၊ တချို့လည်းမန်စံကျောင်းမှာ ရောက်နေကြတယ်။ ကျနော်တို့လည်း အကုန်သွားမကူညီနိုင်သေးဘူး။ ခုလော လောဆယ် တိုက်ပွဲဖြစ်နေတယ်ဆိုတော့ ဘယ်သူမှသွားမကြည့်ရဲ့သေးဘူး။ လားရိူး သွားတဲ့ကားတွေ တောင်မှ ပြန်လှည့်လာရတယ်။ တစ်သုတ်ချင်းလွတ်နေတာ"လို့ မားနဂါးသတင်းဌာနကိုပြောကြားခဲ့ပါတယ်။
အဆိုပါထွက်ပြေးတိမ်းရှောင်လာကြတဲ့ပြည်သူတွေအတွက် စားဝတ်နေရေးအပိုင်းမှာ ကျနော်တို့ ပြီးခဲ့တဲ့ ရက်ကပဲ နာဆိုင်းဘုန်းကြီးကျောင်းမှာ ဆန်တွေလှူထားတာရှိသေးတဲ့အတွက်ကြောင့် စားသောက်ဖို့ ကျောက်ဖရုံသီး၊ ဟင်းသီးဟင်းရွက်တွေလည်းအကုန်ရှိထားတယ်လို့ သူကဆက်ပြောခဲ့ပါတယ်။
တိုက်ပွဲရှောင်လာတဲ့ ပြည်သူတွေကို သွားရောက်ကူညီပေးနေတဲ့ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းခမ်းအေးကိုမေးမြန်းရာမှာတော့
"မန်စံဘုန်းကြီးကျောင်းမှာ လုပ်လုံ၊မိုင်းဟုန်း၊ညောင် ဆွယ်ကျေးရွာကပြည်သူတွေ မနက်ပိုင်းထိ ၁ရဝဦးရှိပြီး၊ လူဦးရေမတည်ငြိမ်သေးတဲ့အတွက်ကြောင့် စာရင်းအတိအကျမသိရှိသေးကြောင်း တိုက်ပွဲရှောင်ပြည်သူတွေကို သွားရောက်ကူညီနေဆဲဖြစ်တယ်လို့"မားနဂါးသတင်းဌာနကိုပြောကြားခဲ့ပါတယ်။
ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ဇန်နဝါရီလ ၁ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၈ရက်နေ့ထိ တစ်ဖက်သတ်အပစ်အ ခတ်ရပ်စဲရေးကို ဇန်နဝါရီလ ၁ရက်နေ့မှာ ထုတ်ပြန်ထားပေမယ့် RCSS တပ်ဖွဲ့နဲ့ TNLA တို့အကြား ဇန်နဝါရီလ ၁ရက် နေ့ကနေ့မနေ့ ဇန်နဝါရီလ ၄ရက်ထိကို ထိတွေ့ရင်ဆိုင်တိုက်ပွဲ ၁ဝကြိမ်ဖြစ်ပွားခဲ့ပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4150918921603968?__cft__[0]=AZVbOmrLcsQ7YMR_qr39FZ95P-AMf6mtZzazxYOJ282tcs38aGW3k8I65_2t3SpZ1tpfwitdoVhjvb7qNdGSZf87OYhSRhj-TfADj5K0c1cyVBYhc4Q_rHKvUN4q2NNCOo2wnVYqSG6vLB-6ZbzOLKdD&__tn__=%2CO%2CP-R
No comments:
Post a Comment