ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်များ ထိန်းသိမ်းခံရ
NEWS
PUBLISHED 1 FEBRUARY 2021
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်များ ထိန်းသိမ်းခံထားရကြောင်း စုံစမ်းသိရှိရသည်။
“ဦးနိုင်ငံလင်းကို ၅ နာရီ ၁၅ လောက် လာခေါ်သွားပါတယ်။ စစ်တပ်ကခေါ်သွား တာပါ။ အခုလောလောဆယ် အိမ်ရှေ့မှာလဲ စစ်သားတွေရှိပါတယ်” ဟု ဝန်ကြီးဦးနိုင်ငံလင်း၏ ဇနီးဖြစ်သူကပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ရုံးအရှေ့တွင် ရဲကား ငါးစီးချထားသည်ကို တွေ့ရှိရကြောင်း လှိုှုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ကျော်ထွန်းကပြောကြား သည်။
“မနက် အစောပိုင်းမှာ ကျွန်တော် တိုင်းရုံး အရှေ့ကို သွားကြည့်တော့ ရဲကားငါး စီးချထားတာတွေ့ရတယ်။ စစ်တပ်က လွှတ် တော် စလို့မရအောင် ခနထိန်းထားတာလို့ တော့ထင်တယ်။ ကျန်တာ ဘာမှ မသိရဘူး” ဟု ဦးကျော်ကျော်ထွန်းကပြောကြားသည်။
ယခုကဲ့သို့ ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးများကို ဖုန်းဖြင့် ထပ်မံဆက်သွယ်သော်လည်း ဆက် သွယ်၍ မရခဲ့ပေ။
https://news-eleven.com/article/203687
No comments:
Post a Comment