Saturday, December 26, 2020

UWSA ထိန်းချုပ်နယ်မြေမှာ ဆယ်ရက်ကျော်အတွင်း ရောဂါအတည်ပြုလူနာ (၃၂)ဦးအထိ ရှိလာ

 UWSA ထိန်းချုပ်နယ်မြေမှာ ဆယ်ရက်ကျော်အတွင်း ရောဂါအတည်ပြုလူနာ (၃၂)ဦးအထိ ရှိလာ

မိုင်းယိုင်နီ၊ ရွှေဖီမြေ

ဒီဇင်ဘာ ၂၇ ရက်၊ ပန်ဆန်း

မနေ့ ဒီဇင်ဘာလ ၂၆ ရက် “ဝ” ပြည်နယ် Covid-19 ရောဂါ ထိန်းချုပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSA) ထိန်းချုပ်နယ်မှာ ကိုဗစ်အတည်ပြုလူနာပေါင်း (၃၂)ဦး တွေ့ရှိခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

အထူးဒေသ(၂)ဖြစ်တဲ့ “ဝ”ပြည်နယ်အတွင်းမှာ ဒီဇင်ဘာ ၂၆ ရက် မနက် ၁၁ နာရီအထိ ဓာတ်ခွဲနာမူနာ (၂,၁၆ဝ)ဦး စစ်ဆေးခဲ့ရာမှာ ပန်ဆန်း(ပန်ခမ်း)မြို့မှာ အတည်ပြုလူနာ ၅ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၁၅ ရက်မှာ ပထမဆုံး ကိုဗစ်ပိုးရှိသူကို စတင်တွေ့ရှိခဲ့ပြီး အဲဒီလူနာကလည်း အထူးဒေသ (၄)ဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့ကနေ UWSA ထိန်းချုပ်နယ်မြေတစ်ခုဖြစ်တဲ့ ပန်ဆန်း(ပန်ခမ်း)မြို့ကို ဖြတ်သွားတဲ့ တရုတ်နိုင်ငံသား ခရီးသည်တစ်ဦး ဖြစ်ပါတယ်။

မိုင်းလားမြို့ကနေ ပန်ဆန်းမြို့အလာ မိုင်းပေါက်ဂိတ်မှာလည်း ဒီဇင်ဘာ ၁၇ ရက်မှာ ကိုဗစ်ပိုးရှိသူ ၂ ဦးကို စစ်ရေးတွေ့ရှိခဲ့ပြီး အဲဒီ ၂ ဦးကလည်း ပထမဆုံးတွေ့ရှိထားတဲ့ ၁ ဦးနဲ့ ဆက်စပ်တဲ့သူတွေဖြစ်တယ်လို့ UWSA ရဲ့ လားရှိုးမြို့နယ် ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ဒီဇင်ဘာ ၁၇ ရက်မှာ ရွှေဖီမြေကို ပြောဆိုထားပါတယ်။

လူနာတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အခြေအနေကို သိရှိဖို့အတွက် ဦးညီရန်းကို ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့ မရသေးပါဘူး။

ဘယ်နေရာမှာ ဆေးကုသမှု ခံယူနေလဲဆိုတာကိုလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိပါဘူး။

ဒီဇင်ဘာ ၁၅ ရက်ကနေ မနေ့ ဒီဇင်ဘာ ၂၆ ရက်အထိ UWSA ထိန်းချုပ်နယ်မှာ ဓာတ်ခွဲနာမူနာပေါင်း (၆,၂၂၃)ခု စစ်ဆေးခဲ့ရာမှာ (၃၂)ဦးဆီမှာ ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

#ပိုးတွေ့လူနာ #ပန်ဆန်း #UWSA

#ဓာတ်ပုံ- WSTV

https://www.facebook.com/451214215694715/posts/867572767392189/


https://www.facebook.com/shwepheemyaynews/posts/867572767392189

No comments:

Post a Comment