Saturday, December 26, 2020

ကျောက်မဲမြို့နယ် ကောင်းခါးနဲ့ ပန်မခမ်းရွာမှာ တိုက်ပွဲပြင်းထန်နေ၊ ကျေးရွာခံတွေ ထွက်ပြေးနေရဆဲ

 Breaking News

🟢 ကျောက်မဲမြို့နယ် ကောင်းခါးနဲ့ ပန်မခမ်းရွာမှာ တိုက်ပွဲပြင်းထန်နေ၊ ကျေးရွာခံတွေ ထွက်ပြေးနေရဆဲ

လွေးနှင်းဖြူ၊ ရွှေဖီမြေ

ဒီဇင်ဘာ ၂၇ ရက်၊ ကျောက်မဲ 

ဒီနေ့ ဒီဇင်ဘာလ ၂၇ ရက် နေ့လည်ပိုင်းက စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စု ကောင်းခါးကျေးရွာနဲ့ ပန်မခမ်းကျေးရွာအနီးမှာ RCSS နဲ့ TNLA တို့အ​ကြား တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး လက်ရှိသတင်းရေးသားနေချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲလို့ သိရပါတယ်။

ကောင်းခါးကျေးရွာခံတစ်ဦးက "ဒီမှာက အခြေအနေမကောင်းတော့ဘူး။ တိုက်ပွဲက ကျွန်မတို့ရွာနဲ့ အရမ်းနီးလာနေပြီ။ တိုက်ပွဲကတော့ ပန်မခမ်းကျေးရွာ ရောက်နေပြီ။ ကျေးရွာအုပ်စု ဥက္ကဌတွေကလည်း ပစ္စည်းတွေ ထည့်ခိုင်းနေပြီ။ ကျေးရွာထဲမှာ RCSS တွေ အများကြီး ရှိထားတယ်။ အခု ကားတစ်စီးနဲ့ သူတို့လက်နက်တွေ သယ်လာနေတယ်" လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ​မှာ လက်နက်ကြီး လက်နက်ငယ်တွေ အသုံးပြုပြီး တိုက်နေကြတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာတော့ အိုမ်တမာဝ်လူမှုကူညီရေးအသင်းက ကျေးရွာခံတွေကို သွားရောက်ခေါ်ဆောင်နေကြပြီး အချို့ကျေးရွာ ဒေသခံတွေဟာ နေ့လည်ပိုင်းကတည်းက ကျောက်မဲမြို့ ဝါဆိုဘုန်း​ကြီးကျောင်းမှာ  လာရောက်တိမ်းရှောင်နေခဲ့တာ ဖြစ်ပါတယ်။ 

အိုမ်တမာဝ်လူမှုကူညီရေးအသင်းအဖွဲ့ဝင်ဖြစ်တဲ့ မိုင်းဆမဲင်ရူိန်းက "ကျနော်တို့က အခုသွားကြိုတဲ့နေရာ ရောက်နေပြီ။ သူတို့က လမ်းလျှာက်လာနေတယ်။ ကျနော်တို့ မိုင်းတင်းချောင်းထိပဲ သွားကြိုတယ်။ ကျနော်ဖုန်းဆက်တုန်းက ပန်လော့တောင်ထိပ်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်" လို့ ပြောပါတယ်။

RCSS နဲ့ TNLA တို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်ကတည်းက လွယ်အံကျေးရွာအုပ်စုအတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

#တိုက်ပွဲပြင်းထန်နေ #လွယ်အံအုပ်စု #ကျောက်မဲ #RCSS #TNLA

#ဓာတ်ပုံ- အိုမ်တမာဝ် လူမှုကူညီရေးအသင်း

https://www.facebook.com/451214215694715/posts/867672584048874/


https://www.facebook.com/shwepheemyaynews/posts/867672584048874

No comments:

Post a Comment