Tuesday, December 29, 2020

ကချင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့ရှိ နေရပ်စွန့်ခွာရသူများနှင့် ထိခိုက်လွယ်ပြည်သူများအတွက် ဂျပန်အစိုးရ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် UNICEF နှင့် WFP တို့ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှစ်ခုအတွက် လက်မှတ်ရေးထိုး

 ကချင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့ရှိ နေရပ်စွန့်ခွာရသူများနှင့် ထိခိုက်လွယ်ပြည်သူများအတွက် ဂျပန်အစိုးရ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် UNICEF နှင့် WFP တို့ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှစ်ခုအတွက် လက်မှတ်ရေးထိုး

ဂျပန်သံရုံး၊ UNICEF နှင့် WFP တို့ Exchange of Nores (EoNs) လက်မှတ်ရေးထိုးစဉ်(ဓာတ်ပုံ-MIFER)
ဂျပန်သံရုံး၊ UNICEF နှင့် WFP တို့ Exchange of Nores (EoNs) လက်မှတ်ရေးထိုးစဉ်(ဓာတ်ပုံ-MIFER)
PUBLISHED 30 DECEMBER 2020
 
နီလာ

ကချင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့ရှိ နေရပ်စွန့်ခွာရသူများနှင့် ထိခိုက်လွယ် ပြည်သူများအတွက် ဂျပန်နိုင်ငံအစိုးရ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WEP) တို့က ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှစ်ခုအတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ UNICEF နှင့် WFP Exchange of Notes (EoNs) လက်မှတ်ရေးထိုးလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) မှ သိရသည်။

မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးမှုအကူအညီများကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုများအတွက် ဂျပန်နိုင်ငံ အစိုးရနှင့် ဂျပန်ပြည်သူများအား ကျေးဇူးတင်ကြောင်း၊ ထို့အတူ ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ ပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးလျက်ရှိသည့် UNICEF နှင့် WFP တို့ ကျေးဇူးတင်ကြောင်း နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

အဆိုပါ လုပ်ငန်းစီမံချက်နှစ်ခုသည် ပဋိပက္ခဖြစ်ပွားရာဒေသများ၌ ကုလသမဂ္ဂအဖွဲ့အစည်းများက လက်ရှိဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များကို ထပ်လောင်းအားဖြည့်ပေးနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ပါ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည် အထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့်လည်း အဆိုပါလုပ်ငန်းစီမံချက်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂအဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းများအတွက် ရန်ပုံငွေများကို ၂၀၁၈ ခုနှစ်မှစ၍ ထည့်ဝင်ပံ့ပိုးပေးလျက်ရှိရာ ယခုလက်မှတ်ရေးထိုးသည့် Exchange of Notes အရ UNICEF နှင့် WFP တို့က ယင်းတို့၏ ဆောင်ရွက်ဆဲနိုင်ငံဆိုင်ရာ အစီအစဉ်များအောက်တွင် ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

UNICEF က အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံချက်သည် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နေရပ်စွန့်ခွာရသူများနှင့် ထိခိုက်လွယ် ပြည်သူများအား လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးသွားမည်ဖြစ်ရာ အထူးသဖြင့် ကလေးသူငယ်များနှင့် အမျိုးသမီးများအတွက် ကျန်းမာရေး၊ ရေရရှိရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပညာရေးဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများကို ဒေါ်လာ ၄ ဒသမ ၇၁ သန်းဖြင့် ၂၄ လကြာ အကောင်အထည်ဖော်မည်ဖြစ်ပြီး လူဦးရေ ၄၀၀၀၀၀ ဦးကို အကျိုးခံစားခွင့်ရရှိစေမည်ဖြစ်သည်။

WFP က အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံချက်သည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နေရပ်စွန့်ခွာရသူများနှင့် ထိခိုက်လွယ်ပြည်သူလူထုအတွက် အာဟာရပြည့်ဝရေး၊ အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့ရေး၊ လူထုပြန်လည်ထူထောင်ရေးနှင့် ကျောင်းတွင်း အာဟာရတိုက်ကျွေးရေးလုပ်ငန်းများကို ဒေါ်လာ ၄ ဒသမ ၇ သန်းဖြင့် ၁၂ လကြာ အကောင်အထည်ဖော်မည်ဖြစ်ပြီး လူဦးရေ ၃၈၈၂၅၀ ကို အကျိုးခံစားခွင့်ရရှိစေမည်ဟု သိရသည်။

COVID-19 တုံ့ပြန်နိုင်ရေးနှင့် ကြံ့ကြံ့ခံနိုင်ရေးအပါအဝင် Multi-Year Work Plan (2021-2022) အတွက် ဦးစားပေးကိစ္စများ သတ်မှတ်ဖော်ထုတ်ရေးအတွက် မြန်မာ-UNICEF ဆွေးနွေးလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-UNICEF ပူးပေါင်းဆောင်ရွက်မှုနိုင်ငံဆိုင်ရာ အစီအစဉ် (၂၀၁၈- ၂၀၂၂) အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးနှင့် အာဟာရပြည့်ဝရေး (Health and Nutrition) ၊ ပညာရေး (Education) ၊ ရေရရှိရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (Water Sanitation and Hygeine-WASH) ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (Child Protection) ၊ လူမှုရေးဆိုင်ရာမူဝါဒနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာသုံးသပ်ခြင်း (Social Policy and Child Rights Monitoring) စသည့်ကဏ္ဍများတွင် ၂၀၁၈ ခုနှစ်မှစ၍ သုံးနှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစီမံချက်များအပေါ် ကာလလတ် ပြန်လည်သုံးသပ်ခဲ့ကြပြီး COVID-19 တုံ့ပြန်နိုင်ရေးနှင့် ကြံ့ကြံ့ခံနိုင်ရေးကိစ္စရပ်များ အပါအဝင် Multi-Year Work Plan (2021-2022) အတွက် ဦးစားပေးများကို သတ်မှတ်ဖော်ထုတ်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

https://news-eleven.com/article/201045

No comments:

Post a Comment