Tuesday, December 29, 2020

RCSS/SSA နှင့် TNLA တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့ပေါ်သို့ ဒေသခံ ၆၀၀ ကျော်အထိ တိမ်းရှောင်လာပြီး ၎င်းတို့အတွက် စောင်နှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိ

 RCSS/SSA နှင့် TNLA တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့ပေါ်သို့ ဒေသခံ ၆၀၀ ကျော်အထိ တိမ်းရှောင်လာပြီး ၎င်းတို့အတွက် စောင်နှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိ

တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် တိမ်းရှောင်လာသူများကို ဒီဇင်ဘာ ၂၈ ရက်က တွေ့ရစဉ်
တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် တိမ်းရှောင်လာသူများကို ဒီဇင်ဘာ ၂၈ ရက်က တွေ့ရစဉ်
PUBLISHED 30 DECEMBER 2020
 
ထွန်းနေလှိုင် (နောင်ပိန်)

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် လွယ်အံ (တင်း) ကျေးရွာအုပ်စုအနီး တစ်ဝိုက်တွင် RCSS/SSA နှင့် TNLA တို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ၎င်းကျေးရွာ အနီးတစ်ဝိုက်ရှိ ဒေသခံအများအပြား ကျောက်မဲမြို့ပေါ်သို့ တိုက်ပွဲရှောင်ရန် ရောက်ရှိနေကြောင်း သိရသည်။

RCSS/SSA နှင့် TNLA တို့သည် ဒီဇင်ဘာ ၂၅ ရက်ခန့်မှ စတင်ကာ ၎င်းကျေးရွာ အနီးတစ်ဝိုက်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ဒေသခံအများအပြားမှာ ဒီဇင်ဘာ ၂၇ ရက်မှစတင်ကာ ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင်လာခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်ထိ တိုက်ပွဲရှောင်သူဦးရေမှာ ၆၀၀ ကျော်အထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

“မနေ့ကထိ တိုက်ပွဲရှောင်တွေ ကျောက်မဲကို ရောက်လာတာ ခြောက်ရာကျော်လောက် ထိရှိ လာတယ်။ စောင်တွေလည်း တတ်နိုင်သ မျှတော့ စီစဉ်ထားပေးတယ်။သူတို့က အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြတာဆိုတော့ အနွေးထည်တွေ ပါမလာကြဘူး။ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေလည်း ပါမလာကြ ဘူး။ မနေ့ကညနေထိတော့ ထိတွေ့မှုတွေရှိ နေတုန်းပဲ။ အရင်လိုပဲ တိုက်ပွဲတွေ မရှိမှဘဲ ပြန်ရဲကြမယ်လို့ ပြောတယ်။ ဒီနေ့လည်း တိုက်ပွဲရှောင်တွေ ထပ်ရောက်ဖို့ ရှိနေသေးတယ်” ဟု တိုက်ပွဲရှောင်များအတွက် လိုအပ်ချက်များ ကို ကူညီဆောင်ရွက်ပေးနေသူ ကျောက်မဲမြို့ မှ ကိုသားဇော်က ဆိုသည်။

တိုက်ပွဲများဖြစ်ပွားရာ ဒေသတစ်ဝိုက် ဖြစ်သည့် လွယ်အံ (တင်း) ကျေးရွာအုပ်စုအ တွင်း ကျေးရွာပေါင်း ခုနစ်ရွာမှ ဒေသခံများ ကျောက်မဲမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်တွင်လည်း တိုက်ပွဲအတွင်းပိတ်မိနေသည့် ကျေးရွာနှစ်ရွာ မှ ဒေသခံများ ကျောက်မဲမြို့သို့ ထပ်မံရောက် ရှိလာဦးမည်ဖြစ်ကြောင်း သိရသည်။

“ရွာနားမှာ တိုက်ပွဲတွေ ဖြစ်နေတော့ ကျောက်မဲကို တိမ်းရှောင်လာရတာပါ။ ရွာနား မှာတော့ ျွဃှှ  နဲ့ ြွှူဗ တပ်တွေ တိုက်ပွဲ ဖြစ်နေတာပါ။ ရွာနားမှာ တိုက်ပွဲတွေဖြစ်နေ တော့ လွတ်လွတ်လပ်လပ် မနေကြရဘူး။ ကြောက်နေရတယ်။ အခုက ရွာက လူတွေ အကုန်လုံးနီးပါး ထွက်ပြေးလာကြရတာပေါ့။ တချို့က အိမ် စောင့်လောက်ပဲ ကျန်ခဲ့တယ်။ နွားတွေ ကျွဲတွေရှိတဲ့သူက တစ်အိမ်တစ်ယောက်လောက် ကျန်ခဲ့တာပေါ့။ ရွာမှာတော့ နည်းနည်းပါးပါးပဲ ကျန်တော့တယ်။ ဒီနေ့လည်း တိုက်ပွဲရှောင်စခန်းကို ဆင်းလာတဲ့သူ တွေလည်းရှိတယ်” ဟု တိုက်ပွဲများဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူ လွယ်အံတောင်ကျေးရွာမှ မမိုးမိုးကြည်က ပြောကြားသည်။


“သူတို့တွေက တိုက်ပွဲဖြစ်တဲ့နေရာက နေ ကျောက်မဲကနေသွားကြိုတဲ့ ပရဟိတယာဉ်တွေရှိရာကို တစ်နာရီကျော်လောက် လမ်းလျှောက်လာကြရတာရှိသလို တချို့တွေ လည်း လေးနာရီကျော်လောက်ထိ လမ်းလျှောက်လာခဲ့ကြရတာတွေရှိတယ်။ ဒီနေ့ လည်း တိုက်ပွဲအတွင်းပိတ်မိနေတဲ့ ရွာနှစ်ရွာ က ဒေသခံတွေ ထပ်သွားကြိုရမယ်။ သူတို့အ တွက် အဓိကတော့ လိုအပ်ချက်က စောင်ပေါ့။ နောက်ပြီး ကလေး အဝတ်အထည်တွေ အဓိက လိုအပ်တာပေါ့”ဟု ကျောက်မဲမြို့ ဇီဝိတဒါနလူမှု ကူညီရေးအသင်းမှ ဦးတင်မောင်သိန်း က ပြောကြားသည်။

“တိုက်ပွဲရှောင်တွေကို ကျွန်တော်တို့က မိုင်းတင်းနားလေးထိ သွားကြိုရတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာထိတော့ ပရဟိတယာဉ်တွေ သွားလို့မရဘူး။ လမ်းကြမ်းတယ်။ သူတို့က တချို့တွေ လမ်းလျှောက်လာကြရတယ်။ တချို့က ထော်လာဂျီအကြီးတွေနဲ့ လာကြတယ်။မနေ့က တိုက်ပွဲဖြစ်တဲ့ရွာကနေ ထွက်ပြေးလာကြတဲ့သူတွေ ပိတ်မိနေတာတွေ ရှိတယ်။ သူတို့ဆက်သွယ်လာရင် သွားကြိုဖို့ အခုစောင့်နေပါတယ်”ဟု သီပေါနယ်စည်းမခြားပရဟိတအသင်းမှ ကိုမျိုးက ပြောကြားသည်။

ဆောင်းတွင်းကာလ ဖြစ်သည်နှင့်အညီ တိုက်ပွဲရှောင်သူများသည် အဝတ်တစ်ထည် ကိုယ်တစ်ခု ထွက်ပြေး တိမ်းရှောင်လာခဲ့ရသူများသဖြင့် ၎င်းတို့အတွက် အဝတ်အထည်များ၊ စောင်၊ ခြင်ထောင်များ လိုအပ်လျက်ရှိနေကြောင်း သိရသည်။

https://news-eleven.com/article/200998

No comments:

Post a Comment