Tuesday, December 22, 2020

အရပ်သားများကို ပြန်ပေးဆွဲခဲ့သည့် TNLA ၏လုပ်ရပ်သည် ငြိမ်းချမ်းရေးနှင့် ဆန့်ကျင်ကြောင်း တပ်မတော်ဆို

 ဒီဇင်ဘာလ အစောပိုင်းက မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်အတွင်း အရပ်သားများကို ပြန်ပေးဆွဲမှုများပြုလုပ်ခဲ့သည့် တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)၏ လုပ်ရပ်သည်ငြိမ်းချမ်းရေးကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြောင်း တပ်မတော်ကဝေဖန်ပြောဆိုလိုက်သည်။

တအာင်းလက်နက်ကိုင်အဖွဲ့သည် မိုးကုတ်မြို့တွင် နေထိုင်သည့် လူချမ်းသာတစ်ဦးကိုဖမ်းဆီးခဲ့ပြီးယခု အချိန်အထိပြန်မလွတ်သေးပေ။ထို့ပြင် နိုဝင်ဘာလ တတိယအပတ်အတွင်းကလည်း မိုးကုတ်မြို့မှ အမျိးသမီးတစ်ဦးကိုငွေကျပ်သိန်း ၃ဝဝ ကျော်ဖြင့်ပြန်ပေးဆွဲခဲ့သေးသည်။

''အခုလိုမျိုး ပြန်ပေးဆွဲတာတွေ အကြမ်းဖက်တာတွေ လုပ်နေတယ်။ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဒါမျိုးတွေရှောင်ရှားနေတဲ့အချိန်မှာ သူတို့အနေနဲ့ဒါမျိုးတွေလုပ်နေတာကတော့ လက်ရှိလျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် လမ်းကြောင်းနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတယ်''ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တအာင်းလက်နက်ကိုင်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်အတွင်း အမာခံနယ်မြေအဖြစ် တည်ဆောက်ကာ စိမ့်ဝင်ပြန့်နှံ့လျက်ရှိနေပြီး မြို့ပေါ်အထိလုံခြုံရေးအရခြိမ်းခြောက်မှုများ ပြုလုပ်လာသည်ဟု မြို့နေပြည်သူများက ဝေဖန်ပြောဆိုသည်။ ပြီးခဲ့သည့်ရက်ပိုင်းက မိုးကုတ်မြို့လုံခြုံရေး အခြေအနေနှင့်ပတ်သက်ပြီးဆန္ဒပြ တောင်းဆိုမှုပြုလုပ်ရန်စီစဉ်မှုကို တိုင်းဒေသကြီးအစိုးရက ခွင့်မပြုခဲ့ကြောင်းသိရသည်။

တအာင်းလက်နက်ကိုင် အဖွဲ့အစည်းသည်မိုးကုတ်မြို့တွင် ခြေကုတ်ယူရန်ကြိုးပမ်းနေသည်ဟု တပ်မတော်ကလည်းပြောဆိုထားသည်။တအာင်းအဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခြင်း မရှိသေးသောတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး မြောက်ပိုင်းမဟာမိတ် ခုနစ်ဖွဲ့တွင်ပါဝင်သည်။

https://myanmar.mmtimes.com/news/148682.html

No comments:

Post a Comment