သီပေါမြို့နယ် မန်ဆိုင်ရွာဘက်တောတစ်နေရာမှာ TNLA နှင့် RCSS တိုက်ပွဲဖြစ်ပွား
သီပေါ | မားနဂါး။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မန်ဆိုင်ရွာတောဘက်တစ်နေရာမှာ ဒီဇင်ဘာလ ၃ဝရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်အချိန်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတားအိုက် ကျော်ထံမှ တဆင့်သိရပါတယ်။
RCSS တပ်ဖွဲ့က TNLA တည်ရှိရာဘက်ကို ဝင်ရောက်ဖို့ကြိုးစားနေတာကြောင့် တစ်နာရီကျော်ဝန်းကျင်အကြား နှစ်ဖက်ထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
သီပေါမြို့နယ် မန်ဆိုင်ကျေးရွာဘက်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော်ကိုမေးမြန်းရာမှာတော့
"ယခုလိုတိုက်ပွဲဖြစ်တာဟာ RCSS အဖွဲ့က TNLA တပ်ဖွဲ့တည်ရှိရာ ဒေသဘက်ကို ဦးတည်ပြီး လာရောက် ကျူးကျော်နေတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အကယ်လို့ RCSS အဖွဲ့တွေက လာရောက်မကျူးကျော်ရင် တိုက်ပွဲဖြစ်စရာအကြောင်းမရှိဘူး။"လို့ မားနဂါးသတင်းဌာနကိုပြောကြားခဲ့ပါတယ်။
ခုလက်ရှိဖြစ်ပွားတဲ့တိုက်ပွဲတွေဟာ တကယ်တမ်းရွာထဲဖြစ်တာမဟုတ်တဲ့အတွက်ကြောင့် RCSS တပ်ဖွဲ့မှ ကျေးရွာထဲကို ကတုတ်ကျင်းတွေတူးပြီး နေရာယူထားတဲ့အတွက်ကြောင့် တိုက်ပွဲဖြစ်ပွားရင် ရွာခံလူထုတွေပဲနစ် နာမှာဖြစ်ပြီး ရွာတွေကို မီးရှို့မယ် စတဲ့ခြိမ်းခြောက်မှုတွေရှိနေတဲ့အတွက် ရွာသားတွေက ကြောက်နေပြီး ထွက် ပြေးကြတာဖြစ်တယ်လို့ ဗိုလ်မှူးတာအိုက်ကျော်က ဆက်လက်ပြောကြားခဲ့ပါတယ်။
သီပေါမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးကိုမေးမြန်းရာမှာတော့ ဒီဇင်ဘာလ ၃ဝရက်နေ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာမှမသိရသေးဘူးလို့မားနဂါးသတင်းဌာနကိုပြောပါတယ်။
၂၀၂ဝခုနှစ်အတွင်း RCSS တပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားတာ ၄၅ကြိမ်ရှိပြီ ဒီလဒီဇင်ဘာလ ၂၅ရက်နေ့မှာ ဖြစ်ပွားတဲ့တိုက် ပွဲဟာ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပြီး အဓိကတိုက်ပွဲဖြစ်ပွားဆုံးနယ်မြေတွေက သီပေါ၊ နမ္မတူ၊ ကျောက်မဲ တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချပ်ခွင့်ရဒေသ နမ့်ဆန်နေရာတွေဖြစ်ကြတယ်လို့ ဗိုလ်မှူးတာအိုက်ကျော်ထံမှ သိရပါတယ်။
ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုအတွင်းမှာဆိုရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ရက်နေ့မှစတင်ပြီး RCSS နဲ့ TNLA တို့အကြားတိုက်ပွဲပြင်းထန်တဲ့အတွက်ကြောင့် ဒီဇင်ဘာလ ၂ရရက်နေ့မှစတင်ပြီး ကျေးရွာပြည်သူတွေ ကျောက်မဲမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြပြီး တိုက်ပွဲရှောင်လူဦးရေ ၆ဝဝကျော်ရှိနေတယ်လို့သိရပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4137876379574889?__cft__[0]=AZW2WsmEmBGgDgS1o0xwU6s_YysVQEWHhadjt4cjaYOx2iUcehDHaQQA7ZZmJ5_jmQ9qmAA4WbIq8-41hczS3RJeYugjnTGvADVzYQowdmqxnQzFOJyfT7eqeos5Eub4JBuLa4BP1g1MsAXVI-biImIx&__tn__=%2CO%2CP-R
No comments:
Post a Comment