Thursday, December 31, 2020

မန်ပန်းကျေးရွာသားတစ်ဦးကို မြန်မာ့တပ်မတော်ကလမ်းပြအဖြင့်ခေါ်ဆောင်ခံရတာ ဒီတစ်ကြိမ်နဲ့ ဆိုသုံးကြိမ်ရှိပြီလို့သိရ

 မန်ပန်းကျေးရွာသားတစ်ဦးကို မြန်မာ့တပ်မတော်ကလမ်းပြအဖြင့်ခေါ်ဆောင်ခံရတာ ဒီတစ်ကြိမ်နဲ့ ဆိုသုံးကြိမ်ရှိပြီလို့သိရ

ကွတ်ခိုင် | မားနဂါး ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေးအုပ်စု မန်ပန်းကျေးရွာဒေသခံတစ်ဦးကို မြန်မာ့တပ်မတော က ဒီဇင်ဘာလ ၂၆ရက်နေ့ ညနေ ၅နာရီဝန်းကျင်မှာ တစ်နာရီကြာလမ်းပြအဖြင့်ခေါ်ဆောင်သွားခဲ့ပြီး ဆိုင်ကယ် ကိုပါ ဖျက်ဆီးပစ်လိုက်တယ်လို့သိရပါတယ်။
လမ်းပြအဖြစ်ခေါ်ဆောင်သွားရတဲ့ကျေးရွာသားဟာ တောထဲမှာ သူရဲ့အလုပ်သမားနဲ့မီးသွေးကို သွားကြည့်ဖို့ ထွက်သွားစဉ်မှာ အင်အား(၁၇၀)ရှိ မြန်မာ့တပ်မတော်နဲ့လမ်းမှာ ထိပ်တွေ့ဆုံခဲ့ပြီး လမ်းပြအဖြင့်ခေါ်ဆောင်သွား ခံရတယ်လို့သိရပါတယ်။
လမ်းပြအဖြစ်ခေါ်ဆောင်သွားခံခဲရတဲ့ မန်ပန်းကျေးရွာသားတစ်ဦးပြောကြားချက်အရ
"ကျနော်က မီးသွေးသွားဖုတ်မလို့ ကျနော်ရဲ့အလုပ်သမားတွေကိုရောသွားကြည့်မယ်ဆိုပြီး ဆိုင်ကယ်နဲ့သွားနေ ချိန်မှာ လမ်းမှာသူတို့နဲ့သွားတိုးတော့ ကျနော်ကိုခေါ်ပြီးလုံကမ်နဲ့နမ့်ပန်းချောင်းကျော်အထိ ၁နာရီကြာလမ်းပြ အဖြင့်ခေါ်သွားပြီး ပြန်လွှတ်ပေးလိုက်တယ်။ ပြန်လာတဲ့ချိန်မှာ ကျနော်ဆိုင်ကယ်လည်း သူတို့လမ်းမှာရိုက် ခွဲဖျက်ဆီးလိုက်တယ်။"လို့ မားနဂါးသတင်းဌာနကိုပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ အရမ်းကြောက်ပြီး စိတ်လှုပ်ရှားနေတဲ့အတွက် တပ်ရင်းနဲ့တံဆိပ်ကိုလည်း သေချာမကြည့်ရဲဘဲ ဘယ်တပ်ရင်းကလည်းဆိုတာကို မသိလိုက်ဘူးလို့ သူကဆက်ပြောခဲ့ပါတယ်။
မန်ပန်းကျေးရွာဟာ အိမ်ခြေ ၃၂အိမ်ရှိပြီး ကျေးရွာပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိပေမယ့်လည်း ကျေးရွာ အနီး မိုင်းပေါက်ကွဲမှုတွေရှိတဲ့အတွက် လမ်းပြအဖြင့်ခေါ်ဆောင်ခံရခြင်းဖြစ်ပြီး အဆိုပါကျေးရွာသားဟာ လမ်းပြ အဖြင့် ခေါ်ဆောင်ခံရတာ ဒီတစ်ကြိမ်နဲ့ဆို သုံးကြိမ်ရှိပြီလို့သိရပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4137785312917329?__cft__[0]=AZVrnqDNc7oQn-hKzFzIpRZ3Wj4HSOI8IEvWnZlpc4b1HhzfS66e5HTDuen6mn8BazGKMKl_kSv_2Hq97jZBK541MbHbc0Rqs_4x58WcjxhHcOh53KQv6wt6M_UhmAHQ-nqyTcNLS_AAYN950YXV-AYN&__tn__=%2CO%2CP-R

No comments:

Post a Comment