Thursday, December 31, 2020

NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို မြေပုံမြို့နယ် မီးကျောင်းတက်ကျေးရွာတွင် လွှဲပြောင်းလိုက်ပြီ

 NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို မြေပုံမြို့နယ် မီးကျောင်းတက်ကျေးရွာတွင် လွှဲပြောင်းလိုက်ပြီ

နိရဉ္စရာ၊ ဇန်နဝါရီ ၁/၂၀၂၁

တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ လွှတ်တော်ကိုယ်စားလှယ် သုံးဦးဖြစ်ကြသည့် ကိုမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို မြေပုံမြို့နယ် မီးကျောင်းတက်ကျေးရွာတွင် ယနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ က ရက္ခိုင့်တပ်တော် (AA) မှ မင်းပြားမြို့နယ် တိုင်းဗဟို (၉) ကျောင်းအုပ်ကြီးသို့ လွှဲပြောင်းပေးလိုက်သည်ဟု ၎င်းကျေးရွာ၏ အုပ်ချုပ်ရေးမှူးက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ တပ်မတော်က ကားသုံးစီးပါပါတယ်။ ရက္ခိုင့်တပ်တော်က ဗိုလ်မှူးအောင်လင်းက လွှဲပေးလိုက်တာပါ။ သုံးမိနစ်လောက် အပြန်အလှန်စကားပြောပြီးတဲ့နောက် လွှဲပြောင်းပေးလိုက်တာပါ” ဟု ပြောကြားသည်။ 

လွှဲပြောင်းပေးတွင် တပ်မတော်မှ တပ်ဖွဲ့ဝင် ၁၀ ဦးခန့် ပါဝင်ပြီး ရက္ခိုင့်တပ်တော်မှ တပ်ဖွဲ့ဝင် ၅၀ ဦးခန့် ပါဝင်ကြောင်း သိရသည်။ 

ထိုသို့ လွှတ်ပေးလိုက်ကြောင်းကို မြေပုံမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း အတည်ပြုပြီး NLD လွှတ်တော်ကိုယ်စားလှယ်သုံးဦးကို မင်းပြားမြို့နယ် တိုင်းဗဟို(၉) သို့ ယူဆောင်သွားကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့က သူတို့ သုံးဦးကို တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာ၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်နေစဉ် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

--------------------------- 

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၁/၂၀၂၁






https://www.facebook.com/narinjara.info/posts/3923070017705046

No comments:

Post a Comment