Thursday, December 31, 2020

AA အပါအဝင် ညီနောင်မဟာမိတ်(၃)ဖွဲ့ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကာလ ထပ်မံသက်တမ်း (၂)လ တိုး

 AA အပါအဝင် ညီနောင်မဟာမိတ်(၃)ဖွဲ့ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကာလ ထပ်မံသက်တမ်း (၂)လ တိုး

ဇော်ဝင်းဌေး( ငခူချောင်း)

နိရဉ္စရာ၊ ဇန်နဝါရီ ၁/၂၀၂၁

ရက္ခိုင့်တပ်တော်(AA) အပါအဝင် ညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သော (AA/TNLA/MNDAA) တို့မှ တစ်ဖက်သတ် အပတ်အခတ် ရပ်စဲရေးကာလ ထပ်မံသက်တမ်း (၂) လတိုးကြောင်း ၂၀၂၁ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့တွင် ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထုတ်ပြန်ချက်ထဲတွင် ညီနောင်မဟာမိတ်(၃) ဖွဲ့သည် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲခြင်းအား အကြိမ်ကြိမ်ကြေညာခြင်းမှာ

(၁)မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နှင့် မိမိတို့အဖွဲ့အစည်းများကြားတွင် ြငိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် လက်တွေ့ကျသော လုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်နှင့် နှစ်ဖက်ယုံကြည်မူ တည်ဆောက်ရန်

(၂)မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ငြိမ်းချမ်းရေး ချုပ်ငြိမ်းပြီး မိမိတို့ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းသော အခြေအနေတစ်ခုကို ဖန်တီးရန်

(၃)မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများအားလုံး၏ နယ်စပ်တွင် တည်ငြိမ်အေးချမ်မူ ရရှိစေရန်

(၄)မိမိတို့ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို အကာအကွယ်ပေးနိုင်ရန်

(၅)တစ်ကမ္ဘာလုံးရင်ဆိုင်နေရသော ကိုရိုနာကူးစက်မြန်ရောဂါကို ထိန်းချုပ်နိုင်ရေး ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းများကို အထောက်အကူဲပြုနိုင်ရန်

(၆)မြန်မာ့ငြိမ်းချမ်းရေးသာမက ကမ္ဘာ့ငြိမ်းချမ်းရေးကိုပါ လိုလားပြီး နိုင်ငံတကာ အကြမ်းဖက်တိုက်ဖျက်ရေးများတွင် ပူပေါင်းဆောင်ရွက်နိုင်ရန်

အဆိုပါ ရည်ရွယ်ချက်၊မျှော်မှန်းချက်များဖြင့် တစ်ဖက်သတ် အပတ်ရပ်စဲခြင်းအား ထပ်မံပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ(၁) ရက်မှ ဖေဖော်ဝါရီလ( ၂၈)ရက်နေ့အထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်း “နှစ်လတာ” သက်တမ်းတိုးမြှင့်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

---------------------- 

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ ၁/၂၀၂၁











https://www.facebook.com/narinjara.info/posts/3922697274408987

No comments:

Post a Comment