Tuesday, December 29, 2020

ဖမ်းဆီးထားသော NLD အဖွဲ့ဝင် ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ရခိုင်NLD တောင်းဆို

 ဖမ်းဆီးထားသော NLD အဖွဲ့ဝင် ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ရခိုင်NLD တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၉
ရခိုင်တပ်တော် AA အနေဖြင့် အောက်တိုဘာလ ၂၄ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းထားသော NLD အဖွဲ့ဝင် ၃ ဦးကို အမြန်ဆုံး လွှတ်ပေးပြီး နိုင်ငံအတွက် တန်ဖိုးကြီးမားလှသည့် အခွင့်အလမ်းကောင်းတစ်ရပ်ကို လက်လွှတ်ဆုံးရှုံးမခံဘဲ ဆောင်ရွက်ရန် ရခိုင်ပြည်နယ် NLD က ယနေ့ ကြေညာချက် ထုတ်ပြန်သည်။
၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က AA အဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သော တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးသဖြင့် မိသားစုက စိုးရိမ်လျက်ရှိကြောင်း၊ မြို့နယ်နှင့် ပြည်နယ်အတွင်းရှိ ပြည်သူများမှာလည်း ကြောက်ရွံ့စိုးရိမ်မှုတို့ဖြင့် နေထိုင်လုပ်ကိုင်စားသောက်နေကြရကြောင်း ရခိုင်ပြည်နယ်NLD ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
NLD ပါတီက တိုင်းရင်းသားပါတီများထံသို့ နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စု အရေးကိစ္စ ဟူသော ခေါင်းစဉ်ဖြင့် သဘောထား ထုတ်ပြန်ခဲ့ရာ ရခိုင်အမျိုးသားပါတီနှင့် အရှိုချင်းပါတီတို့က NLD ထံသို့ ပြန်လည် သဘောထားပြန်ကြားခဲ့ကြကြောင်း၊ ရခိုင်တပ်တော် AA အနေဖြင့် အခွင့်အလမ်းကောင်းတစ်ရပ်ကို လက်လွှတ်မခံဘဲ ဖမ်းဆီးထားသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အနူးအညွတ်တိုက်တွန်း နှိုးဆော်ကြောင်း ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။
https://www.facebook.com/khitthitnews/posts/1096741230763222?__cft__[0]=AZVtZJNNPIYNLmXzGMl89dJ4r9CwoYxZZQ_kC61VTlyE7YEsMqgLg9Q_D0lpvntCQpGfbu3OS1ZkXnHtqw8vcfqaIVnJYDi6sErIDBPOiLGYlSL-f_Ptrq0WhxjQK8JYm-nffRxcbU4IM02HBSs44b9M&__tn__=%2CO%2CP-R

No comments:

Post a Comment