Tuesday, December 29, 2020

ပလက္ဝၿမိဳ႕မွ ေမာင္စုိးလင္း၏အမႈ တပ္ဘက္မွတရားလိုသက္ေသမ်ားမေရာက္၍ မစစ္ေဆးႏိုင္သည္မွာ ေလးၾကိမ္ထိရွိ

 ပလက္ဝၿမိဳ႕မွ ေမာင္စုိးလင္း၏အမႈ တပ္ဘက္မွတရားလိုသက္ေသမ်ားမေရာက္၍ မစစ္ေဆးႏိုင္သည္မွာ ေလးၾကိမ္ထိရွိ

အိမ္စိုးျဖဴ

နိရဥၥရာ၊ ဒီဇင္ဘာ ၃ဝ/ ၂ဝ၂ဝ

ရကၡိဳင့္တပ္ေတာ္ (AA) ႏွင့္ ဆက္စပ္သည္ဟု စြပ္စဲြခ်က္ျဖင့္ ဖမ္းဆီးခံထားရသူ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွ အသက္ ၁၇ ႏွစ္အရြယ္ ေမာင္စိုးေက်ာ္လင္း၏ အမႈကို ယမန္ေန႕က ရံုးထုတ္ခဲ့ေသာ္လည္း တပ္ဘက္မွ တရားလိုသက္ေသမ်ား မေရာက္သျဖင့္ မစစ္ေဆးႏိုင္ခဲ့ေၾကာင္း သတင္းရရွိသည္။

တရားလိုမ်ား မေရာက္၍ မစစ္ေဆးရသည္မွာ ၄ ၾကိမ္ခန္႔ရွိေနၿပီျဖစ္ျပီး မိသားစုမ်ားအေနျဖင့္ နစ္နာမႈမ်ား ရွိေနေၾကာင္း မိခင္ ေဒၚေဒါင္းမေခ်(ခ) မေက်ာ့ႏုက နိရဥၥရာသတင္းဌာနအား ေျပာသည္။

 “ ျမန္ျမန္စစ္ၿပီး ျမန္ျမန္ျပန္လႊတ္ေပးေစခ်င္တယ္။ ရံုးခ်ိန္းကထုတ္လာတယ္။ သက္ေသေတြမေရာက္လို႔ မစစ္လိုက္ရတာ။ သားေလးေျခေထာက္က ဒရြတ္တို္က္သြားေနလို႔ စိတ္ပူတယ္။ အရင္အပတ္က ေဆးခန္းေတာ့ ျပထားတယ္။ ေအးေတာ့ ပိုဆိုးမွာစိုးတယ္။ ကေလးက အျပစ္မရွိတဲ့အတြက္ ျပန္လြတ္မယ္ လို႔လည္း ယံုၾကည္ပါတယ္” ဟု သူမက ေျပာသည္။

ေမာင္စိုးေက်ာ္လင္း၏ က်န္းမာေရးေၾကာင့္ အမႈကို အလ်င္အျမန္စစ္ေဆးၿပီး ျပန္လႊတ္ေပးေစလိုေၾကာင္း ၊ အမႈၾကန္႔ၾကာမႈမရွိေစခ်င္ေၾကာင္း မိခင္ျဖစ္သူက ဆိုသည္။

ေမာင္စိုးေက်ာ္လင္း၏အမႈတြင္ ေနာက္ဆံုးစစ္ေဆးရန္က်န္ေနေသးသည့္ ပလက္ဝၿမိဳ႕အေျခစိုက္ (၂၈၉) တပ္ရင္းမွ ဗိုလ္ၾကီးျပည့္စံုကိုကို၊ တပ္ၾကပ္ၾကီး ဆန္းျမင့္ဦးႏွင့္ တပ္ေရးဗိုလ္ၾကီး သက္ႏိုင္ဦးတို႔ သံုးဦးကို စစ္ေဆးရန္ က်န္ေနၿပီး ၄င္းတုိ႔ မေရာက္ႏိုင္သည္မွာ  ေလးၾကိမ္ေျမာက္ရွိေနၿပီျဖစ္ေၾကာင္း ပလက္ဝၿမိဳ႕မ ရဲစခန္းမွဴး ဦးေဝလြင္ေျပာသည္။

“ ေနာက္လာမယ့္ ရံုးခ်ိန္းမွာ မျဖစ္မေနလာဖို႔ ေျပာထားပါတယ္။ တကယ္လို႔ သူတို႔မေရာက္ႏိုင္ရင္ ကၽြန္ေတာ္တို႔ ရဲစခန္းက သူတို႔ ကိုယ္စား လက္ေရးလက္မွတ္သိတဲ့ ဂတ္စေရးကို စစ္ေတာ့မယ္လို႔ တရားရံုးက ေျပာတယ္။ ေကာင္းေလးရဲ႕က်န္းမာေရးကလည္း သူ႔အေမ စိုးရိမ္လို႔ေျပာေနတာပါ။ အဲဒီေလာက္မဆိုးပါဘူး။ ေဆးကုသ ေပးေနပါတယ္” ဟုေျပာသည္။

ေမာင္စိုးေက်ာ္လင္းအား လာမည့္ ၂ဝ၂၁ ဇန္နဝါရီလ ၅ ရက္ေန႔တြင္ ထပ္မံရံုးခ်ိန္းေခၚယူထားေၾကာင္း ၄င္း၏ ေျပာျပခ်က္အရသိရသည္။

ေမာင္စိုးေက်ာ္လင္းအား စက္တင္ဘာလ ၂၄ ရက္ေန႔တြင္ ပလက္ဝၿမိဳ႕အေျခစိုက္(၂၈၉)တပ္ရင္းမွ ေန၍ သူ၏ ေယာက္ဖျဖစ္သူကို ကိုထြန္းလင္းေက်ာ္(၂၉)ႏွစ္နွင့္ အတူ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ကာ ေအေအတပ္ဖြဲ႔ဝင္ ျဖစ္သည္ဟု စြပ္စြဲခ်က္ျဖင့္ ပလက္ဝၿမိဳ႕နယ္ တရားရံုးတြင္ အမႈရင္ဆိုင္ေနရသူျဖစ္သည္။

-------------------------- 

Unicode:

ပလက်ဝမြို့မှ မောင်စိုးလင်း၏အမှု တပ်ဘက်မှတရားလို သက်သေများမရောက်၍ မစစ်ဆေးနိုင်သည်မှာ လေးကြိမ်ထိရှိ

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဒီဇင်ဘာ ၃ဝ/ ၂ဝ၂ဝ

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အသက် ၁၇ နှစ်အရွယ် မောင်စိုးကျော်လင်း၏အမှုကို ယမန်နေ့က ရုံးထုတ်ခဲ့သော်လည်း တပ်ဘက်မှ တရားလိုသက်သေများ မရောက်သဖြင့် မစစ်ဆေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

တရားလိုများ မရောက်၍ မစစ်ဆေးရသည်မှာ ၄ ကြိမ်ရှိနေပြီဖြစ်ပြီး မိသားစုများအနေဖြင့် နစ်နာမှုများ ရှိနေကြောင်း မိခင် ဒေါ်ဒေါင်းမချေ(ခ)မကျော့နုက နိရဥ္စရာသတင်းဌာနအား ပြောသည်။

 “ မြန်မြန်စစ်ပြီး မြန်မြန်ပြန်လွှတ်ပေးစေချင်တယ်။ ရုံးချိန်းကထုတ်လာတယ်။ သက်သေတွေမရောက်လို့ မစစ်လိုက်ရတာ။ သားလေးခြေထောက်က ဒရွတ်တို်က်သွားနေလို့ စိတ်ပူတယ်။ အရင်အပတ်က ဆေးခန်းတော့ ပြထားတယ်။ အေးတော့ ပိုဆိုးမှာစိုးတယ်။ ကလေးက အပြစ်မရှိတဲ့အတွက် ပြန်လွတ်မယ် လို့လည်း ယုံကြည်ပါတယ်” ဟု သူမက ပြောသည်။

မောင်စိုးကျော်လင်း၏ ကျန်းမာရေးကြောင့် အမှုကို အလျင်အမြန်စစ်ဆေးပြီး ပြန်လွှတ်ပေးစေလိုကြောင်း ၊ အမှုကြန့်ကြာမှုမရှိစေချင်ကြောင်း မိခင်ဖြစ်သူက ဆိုသည်။

မောင်စိုးကျော်လင်း၏အမှုတွင် နောက်ဆုံးစစ်ဆေးရန်ကျန်နေသေးသည့် ပလက်ဝမြို့အခြေစိုက် (၂၈၉) တပ်ရင်းမှ ဗိုလ်ကြီးပြည့်စုံကိုကို၊ တပ်ကြပ်ကြီး ဆန်းမြင့်ဦးနှင့် တပ်ရေးဗိုလ်ကြီး သက်နိုင်ဦးတို့ သုံးဦးကို စစ်ဆေးရန် ကျန်နေပြီး ၄င်းတို့ မရောက်နိုင်သည်မှာ  လေးကြိမ်မြောက်ရှိနေပြီဖြစ်ကြောင်း ပလက်ဝမြို့မ ရဲစခန်းမှူး ဦးဝေလွင်ပြောသည်။

“ နောက်လာမယ့် ရုံးချိန်းမှာ မဖြစ်မနေလာဖို့ ပြောထားပါတယ်။ တကယ်လို့ သူတို့မရောက်နိုင်ရင် ကျွန်တော်တို့ ရဲစခန်းက သူတို့ ကိုယ်စား လက်ရေးလက်မှတ်သိတဲ့ ဂတ်စရေးကို စစ်တော့မယ်လို့ တရားရုံးက ပြောတယ်။ ကောင်းလေးရဲ့ကျန်းမာရေးကလည်း သူ့အမေစိုးရိမ်လို့ပြောနေတာပါ။ အဲဒီလောက်မဆိုးပါဘူး။ ဆေးကုသ ပေးနေပါတယ်” ဟုပြောသည်။

မောင်စိုးကျော်လင်းအား လာမည့် ၂ဝ၂၁ ဇန်နဝါရီလ ၅ ရက်နေ့တွင် ထပ်မံရုံးချိန်းခေါ်ယူထားကြောင်း ၄င်း၏ ပြောပြချက်အရသိရသည်။

မောင်စိုးကျော်လင်းအား စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပလက်ဝမြို့အခြေစိုက်(၂၈၉)တပ်ရင်းမှ နေ၍ သူ၏ ယောက်ဖဖြစ်သူကို ကိုထွန်းလင်းကျော်(၂၉)နှစ်နှင့် အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ အေအေတပ်ဖွဲ့ဝင် ဖြစ်သည်ဟု စွပ်စွဲချက်ဖြင့် ပလက်ဝမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသူဖြစ်သည်။

https://burmese.narinjara.com/.../5fec19843f8935047dbb7996


https://www.facebook.com/narinjara.info/posts/3916680681677313

No comments:

Post a Comment