Tuesday, December 29, 2020

ေပ်ာက္ဆုံးေနေသာ တင္းမေက်းရြာသားမ်ားအမႈအတြက္ တရားမၽွတမႈရရွိေရး ရကၡိဳင္ေရွ႕ေနမ်ားေကာင္စီကို ကူညီေတာင္း

 ေပ်ာက္ဆုံးေနေသာ တင္းမေက်းရြာသားမ်ားအမႈအတြက္ တရားမၽွတမႈရရွိေရး ရကၡိဳင္ေရွ႕ေနမ်ားေကာင္စီကို ကူညီေတာင္း

ထြန္းခိုင္ (ေတာင္ရင္းကၽြန္း)

နိရဥၥရာ၊ ဒီဇင္ဘာ ၃ဝ / ၂ဝ၂ဝ

၉ လေက်ာ္ၾကာ ေပ်ာက္ဆုံးေနေသာ တင္းမေက်းရြာသားမ်ားအမႈအား တရားမၽွတမႈရရွိေရးအတြက္ မိသားစုဝင္မ်ားႏွင့္ ကူညီေဆာင္ရြက္ေနသူတစ္ဦးက ရကၡိဳင္ေရွ႕ေနမ်ားေကာင္စီကို အကူအညီ ေတာင္းခံလိုက္ေၾကာင္း သတင္းရရွိသည္။

ေပ်ာက္ဆုံးေနေသာ တင္းမေက်းရြာသားမ်ားအမႈအား အမွန္တရားေပၚေပါက္ေရး၊ တရားမၽွတမႈရရွိေရးအတြက္ ရကၡိဳင္ေရွ႕ေနမ်ားေကာင္စီကို အကူအညီေတာင္းခံရျခင္းျဖစ္သည္ဟု တင္းမႀကီးေက်းရြာမွ ေပ်ာက္ဆုံး ေနသူမ်ား၏ မိသားစုဝင္ ဦးထြန္းသိန္းက ေျပာသည္။

“ က်ေနာ္တို႔က ေက်ာက္ေတာ္ရဲစခန္းမွာ ဒီကိစၥအတြက္ အႀကိမ္ႀကိမ္တိုင္ဖူးတယ္။ ဒါေပမဲ့ တစ္ခုမွ လုပ္မေပးတဲ့အတြက္ ေပးဖို႔နည္းလမ္းတစ္ခုအျဖစ္ ဒီကိစၥကို ေဖာ္ထုတ္ခ်င္တဲ့အေနနဲ႔ က်ေနာ္တို႔က တရားမၽွတမႈကို လိုခ်င္တဲ့အေနနဲ႔ ေရွ႕ေနမ်ားေကာင္စီကို အကူအညီေတာင္းရတာျဖစ္တယ္” ဟု ၎က ေျပာသည္။

အကူအညီေတာင္းခံစာထဲတြင္ အစုလိုက္အျပဳံလိုက္ သတ္ျဖတ္ကာ အေလာင္းေဖ်ာက္ထားခံရေနရသည္ဟု ယူဆရေသာ တင္းမေက်းရြာသား (၂၁) ဦး၏ တရားမၽွတမႈမ်ား၊ ဆုံးရႈံးနစ္နာခံေနရမႈမ်ား အတြက္ ဥပေဒ အကူအညီမ်ား ရယူလိုေၾကာင္းစသည့္ အခ်က္မ်ားပါရွိသည္ဟု သိရသည္။

မႈခင္းပိုင္းဆိုင္ရာမ်ားကို ေဆာင္ရြက္ေသာအခ်ိန္တြင္ ေရွ႕ေနမ်ားပါဝင္လၽွင္ ပိုမိုထိေရာက္မႈရွိနိုင္ေၾကာင္းႏွင့္ အမွားနည္းေအာင္အတြက္ ရကၡိဳင္ေရွ႕ေနမ်ားေကာင္စီအား အကူညီေတာင္းခံရျခင္းျဖစ္ေၾကာင္း ေပ်ာက္ဆုံး ေနသူမ်ား အတြက္ တရားမၽွတမႈရရွိေရး ကူညီ ေဆာင္ရြက္ေနသူ ေက်ာက္ေတာ္ၿမိဳ႕မွ လူထုေဇာ္ဝင္း (ခ) ကိုေဇာ္ဝင္းက ေျပာသည္။

“အရင္ဆုံးက်ေနာ္တို႔က ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းမႉးကို တရားစြဲမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ တင္းမရြာသားေတြႏွင့္ အရင္ဆုံးစခန္းကို သြားခဲ့တဲ့ေန႔က က်ေနာ္တို႔ကို မဖြယ္မရာေျပာဆိုမႈေတြ၊ ၿခိမ္းေျခာက္ မႈေတြ အမ်ားႀကီးရွိတယ္။ အဲဒါနဲ႔ ပတ္သက္လို႔ စခန္းမႉး၊ ၿမိဳ႕နယ္မႉးတို႔က ေအာက္ေၿခ တာဝန္ ရွိသူေတြကို အေရးယူ၊ အျပစ္ေပးတာတို႔ ဒီေန႔အခ်ိန္ထိလုံးဝမရွိေသးဘူး။ ျပည္သူကို အားမနာ ၿခိမ္းေျခာက္တဲ့ ရဲဝန္ထမ္း တခ်ိဳ႕ကို အေရးယူမႈမရွိတဲ့အတြက္  သူတို႔မွာ အျပစ္ရွိတယ္။ ဒါေၾကာင့္ သူတို႔ကို တရားစြဲမယ္လို႔ စိတ္ကူး ထားတယ္။ ဒါေပမယ့္ ေရွ႕ေနေတြနဲ႔ တိုင္ပင္ရင္ေတာ့ အေျဖတစ္ခုေပၚလာမွာျဖစ္တယ္” ဟုေျပာသည္။

လူသားမ်ားအေနျဖင့္ တရားမၽွတမႈရရွိၿပီး ဂုဏ္သိကၡာရွိစြာ ရပ္တည္နိုင္ေရးအတြက္  လိုအပ္သလို႔ ခ်ိတ္ဆက္ တိုင္တန္းၿပီး လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း ကိုေဇာ္ဝင္းက ဆက္ေျပာသည္။

ရကၡိဳင္ေရွ႕ေနမ်ား ေကာင္စီကလည္း အကူအညီေတာင္းခံလာပါက ကူညီေပးသြားမည္ျဖစ္ေၾကာင္း ေရွ႕ေနမ်ား ေကာင္စီအတြင္းေရးမႉး ကိုေဇာ္ေဇာ္မင္းက ေျပာသည္။

“က်ေနာ္တို႔အဖြဲ႕ဝင္ေတြနဲ႔ ေဆြးေႏြးၿပီးေတာ့ ဘယ္လို႔လုပ္ေဆာင္သြားမယ္။ ဥပေဒေၾကာင္းအရ ဘယ္လို ကူညီေပးသြားမယ္ဆိုတာေတြကိုေပါ့။ က်ေနာ္တို႔ကေတာ့ ကူညီေပးသြားမွာျဖစ္တယ္။ ဒါေပမယ့္ ေလာေလာဆယ္မွာေတာ့ ဘယ္လိုနည္းနဲ႔ကာကြယ္ေပးသြားမယ္ ဆိုတာေတြကိုေတာ့ တိက်တဲ့ အေျဖကို ေျပာလို႔ မရေသးဘူး” ဟုေျပာသည္။

ရကၡိဳင္ေရွ႕ေနမ်ားေကာင္စီကို ၂ဝ၂ဝ ခုႏွစ္ စက္တင္ဘာလ ၁၉ ရက္ေန႔တြင္ ဖြဲ႕စည္းလိုက္ျခင္းျဖစ္ၿပီး ရခိုင္ျပည္နယ္အတြင္း တရားဥပေဒစိုးမိုးေရးႏွင့္ တရားမၽွတေသာ လူ႔ေဘာင္သစ္တစ္ရပ္ေပၚထြန္းေရးအတြက္ ရည္မွန္းၿပီး ဖြဲ႕စည္းလိုက္ျခင္းျဖစ္ေၾကာင္းလည္း သိရွိရသည္။

တပ္က ဖမ္းၿပီးေနာက္ ေပ်ာက္ဆုံးေနသူ တင္းမႀကီးေက်းရြာမွ ေက်းရြာသား ၁ဝ ဦးမွာ  ဦးေအာင္ညြန႔္ (၆၅) ႏွစ္၊ ဦးထြန္းဝင္းေမာင္ (၆၄) ႏွစ္၊ ဦးယာဥ္ေမာင္ (၄ဝ) ႏွစ္၊ ဦးသန္းေမာင္ထြန္း (၄ဝ) ႏွစ္၊ ဦးေမာင္ဝင္း (ေခၚ) ဦးေမာင္ဝင္းႀကီး (၅ဝ) ႏွစ္၊ ဦးေမာင္ဝင္းေခ် (၃၇) ႏွစ္၊ ဦးေမာင္ၾကည္လင္း (၄ဝ) ႏွစ္၊ ဦးေမာင္စိန္ဝင္း အသက္ ၅ဝ ေက်ာ္၊ ေမာင္ထြန္းထြန္းေဝ (၁၅) ႏွစ္ႏွင့္ ေမာင္ေနလင္းဦး (၂၈) ႏွစ္တို႔ျဖစ္ေၾကာင္း၊ မတ္လ ၁၃ ရက္ေန႔က တင္းမရြာသစ္မွ ဖမ္းဆီးေခၚေဆာင္ခံရၿပီး ေပ်ာက္ဆုံးေနသူ သူ ၈ ဦးမွာ ဦးေမာင္စိတ္ႀကီး၊ ဦးေက်ာ္ဝင္း၊ ဦးလွေက်ာ္ႀကီး၊ ဦးေမာင္သန္းစိုး၊ ဦးေစာေရႊသန္း၊ ဦးစံသာေမာင္၊ ဦးေမာင္ျမေအးႏွင့္ ဦးေမာင္ထြန္းစိန္တို႔ ျဖစ္ေၾကာင္း မိသားစုမ်ားက ေျပာၾကားသည္။

က်န္ေပ်ာက္ဆုံးေနသူ သုံးဦးမွာ ေက်ာင္းေစာင့္ကပၸိယမ်ားျဖစ္ၾကသည္ဟု သိရသည္။

---------------------------------------

Unicode -

ပျောက်ဆုံးနေသော တင်းမကျေးရွာသားများအမှုအတွက် တရားမျှတမှုရရှိရေး ရက္ခိုင်ရှေ့နေများကောင်စီကို ကူညီတောင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဒီဇင်ဘာ ၃ဝ / ၂ဝ၂ဝ

၉ လကျော်ကြာ ပျောက်ဆုံးနေသော တင်းမကျေးရွာသားများအမှုအား တရားမျှတမှုရရှိရေးအတွက် မိသားစုဝင်များနှင့် ကူညီဆောင်ရွက်နေသူတစ်ဦးက ရက္ခိုင်ရှေ့နေများကောင်စီကို အကူအညီ တောင်းခံလိုက်ကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသော တင်းမကျေးရွာသားများအမှုအား အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတမှုရရှိရေးအတွက် ရက္ခိုင်ရှေ့နေများကောင်စီကို အကူအညီတောင်းခံရခြင်းဖြစ်သည်ဟု တင်းမကြီးကျေးရွာမှ ပျောက်ဆုံး နေသူများ၏ မိသားစုဝင် ဦးထွန်းသိန်းက ပြောသည်။

“ ကျနော်တို့က ကျောက်တော်ရဲစခန်းမှာ ဒီကိစ္စအတွက် အကြိမ်ကြိမ်တိုင်ဖူးတယ်။ ဒါပေမဲ့ တစ်ခုမှ လုပ်မပေးတဲ့အတွက် ပေးဖို့နည်းလမ်းတစ်ခုအဖြစ် ဒီကိစ္စကို ဖော်ထုတ်ချင်တဲ့အနေနဲ့ ကျနော်တို့က တရားမျှတမှုကို လိုချင်တဲ့အနေနဲ့ ရှေ့နေများကောင်စီကို အကူအညီတောင်းရတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အကူအညီတောင်းခံစာထဲတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ အလောင်းဖျောက်ထားခံရနေရသည်ဟု ယူဆရသော တင်းမကျေးရွာသား (၂၁) ဦး၏ တရားမျှတမှုများ၊ ဆုံးရှုံးနစ်နာခံနေရမှုများ အတွက် ဥပဒေ အကူအညီများ ရယူလိုကြောင်းစသည့် အချက်များပါရှိသည်ဟု သိရသည်။

မှုခင်းပိုင်းဆိုင်ရာများကို ဆောင်ရွက်သောအချိန်တွင် ရှေ့နေများပါဝင်လျှင် ပိုမိုထိရောက်မှုရှိနိုင်ကြောင်းနှင့် အမှားနည်းအောင်အတွက် ရက္ခိုင်ရှေ့နေများကောင်စီအား အကူညီတောင်းခံရခြင်းဖြစ်ကြောင်း ပျောက်ဆုံး နေသူများ အတွက် တရားမျှတမှုရရှိရေး ကူညီ ဆောင်ရွက်နေသူ ကျောက်တော်မြို့မှ လူထုဇော်ဝင်း (ခ) ကိုဇော်ဝင်းက ပြောသည်။

“အရင်ဆုံးကျနော်တို့က ကျောက်တော်မြို့မရဲစခန်းမှူးကို တရားစွဲမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တင်းမရွာသားတွေနှင့် အရင်ဆုံးစခန်းကို သွားခဲ့တဲ့နေ့က ကျနော်တို့ကို မဖွယ်မရာပြောဆိုမှုတွေ၊ ခြိမ်းခြောက် မှုတွေ အများကြီးရှိတယ်။ အဲဒါနဲ့ ပတ်သက်လို့ စခန်းမှူး၊ မြို့နယ်မှူးတို့က အောက်ခြေ တာဝန် ရှိသူတွေကို အရေးယူ၊ အပြစ်ပေးတာတို့ ဒီနေ့အချိန်ထိလုံးဝမရှိသေးဘူး။ ပြည်သူကို အားမနာ ခြိမ်းခြောက်တဲ့ ရဲဝန်ထမ်း တချို့ကို အရေးယူမှုမရှိတဲ့အတွက်  သူတို့မှာ အပြစ်ရှိတယ်။ ဒါကြောင့် သူတို့ကို တရားစွဲမယ်လို့ စိတ်ကူး ထားတယ်။ ဒါပေမယ့် ရှေ့နေတွေနဲ့ တိုင်ပင်ရင်တော့ အဖြေတစ်ခုပေါ်လာမှာဖြစ်တယ်” ဟုပြောသည်။

လူသားများအနေဖြင့် တရားမျှတမှုရရှိပြီး ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက်  လိုအပ်သလို့ ချိတ်ဆက် တိုင်တန်းပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ကိုဇော်ဝင်းက ဆက်ပြောသည်။

ရက္ခိုင်ရှေ့နေများ ကောင်စီကလည်း အကူအညီတောင်းခံလာပါက ကူညီပေးသွားမည်ဖြစ်ကြောင်း ရှေ့နေများ ကောင်စီအတွင်းရေးမှူး ကိုဇော်ဇော်မင်းက ပြောသည်။

“ကျနော်တို့အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီးတော့ ဘယ်လို့လုပ်ဆောင်သွားမယ်။ ဥပဒေကြောင်းအရ ဘယ်လို ကူညီပေးသွားမယ်ဆိုတာတွေကိုပေါ့။ ကျနော်တို့ကတော့ ကူညီပေးသွားမှာဖြစ်တယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ဘယ်လိုနည်းနဲ့ကာကွယ်ပေးသွားမယ် ဆိုတာတွေကိုတော့ တိကျတဲ့ အဖြေကို ပြောလို့ မရသေးဘူး” ဟုပြောသည်။

ရက္ခိုင်ရှေ့နေများကောင်စီကို ၂ဝ၂ဝ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတသော လူ့ဘောင်သစ်တစ်ရပ်ပေါ်ထွန်းရေးအတွက် ရည်မှန်းပြီး ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

တပ်က ဖမ်းပြီးနောက် ပျောက်ဆုံးနေသူ တင်းမကြီးကျေးရွာမှ ကျေးရွာသား ၁ဝ ဦးမှာ  ဦးအောင်ညွန့် (၆၅) နှစ်၊ ဦးထွန်းဝင်းမောင် (၆၄) နှစ်၊ ဦးယာဉ်မောင် (၄ဝ) နှစ်၊ ဦးသန်းမောင်ထွန်း (၄ဝ) နှစ်၊ ဦးမောင်ဝင်း (ခေါ်) ဦးမောင်ဝင်းကြီး (၅ဝ) နှစ်၊ ဦးမောင်ဝင်းချေ (၃၇) နှစ်၊ ဦးမောင်ကြည်လင်း (၄ဝ) နှစ်၊ ဦးမောင်စိန်ဝင်း အသက် ၅ဝ ကျော်၊ မောင်ထွန်းထွန်းဝေ (၁၅) နှစ်နှင့် မောင်နေလင်းဦး (၂၈) နှစ်တို့ဖြစ်ကြောင်း၊ မတ်လ ၁၃ ရက်နေ့က တင်းမရွာသစ်မှ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေသူ သူ ၈ ဦးမှာ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်း၊ ဦးလှကျော်ကြီး၊ ဦးမောင်သန်းစိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ ဖြစ်ကြောင်း မိသားစုများက ပြောကြားသည်။

ကျန်ပျောက်ဆုံးနေသူ သုံးဦးမှာ ကျောင်းစောင့်ကပ္ပိယများဖြစ်ကြသည်ဟု သိရသည်။

https://burmese.narinjara.com/.../5fec40b33f8935047dbb799...

https://www.facebook.com/narinjara.info/posts/3916750701670311

No comments:

Post a Comment