Wednesday, December 23, 2020

ရခိုင္ဘက္မွလာသည့္ မူဆလင္အမ်ိဳးသမီး ၁၂ ဦး၊ အမ်ိဳးသားတစ္ဦးတို႔ကို ဘုန္းႀကီးေက်ာင္းသုံး ယဥ္တစ္စီးႏွင့္အတူ ျပည္ၿမိဳ႕တြင္ဖမ္းမိ

 ရခိုင္ဘက္မွလာသည့္ မူဆလင္အမ်ိဳးသမီး ၁၂ ဦး၊ အမ်ိဳးသားတစ္ဦးတို႔ကို ဘုန္းႀကီးေက်ာင္းသုံး ယဥ္တစ္စီးႏွင့္အတူ ျပည္ၿမိဳ႕တြင္ဖမ္းမိ

အိမ္စိုးျဖဴ

နိရဥၥရာ၊ ဒီဇင္ဘာ ၂၄/ ၂ဝ၂ဝ

ပဲခူးတိုင္း၊ ျပည္ၿမိဳ႕၊ေက်ာင္းႀကီးအိုးတန္းရပ္ကြက္၊ ေရႊဘုန္းပြင့္ဘုရားအနီးတြင္ ရခိုင္ဘက္မွလာသည့္ ဘုန္းႀကီးေက်ာင္းသုံး ကားတစ္စီးေပၚတြင္ မူဆလင္ အမ်ိဳးသမီး ၁၂ ဦးႏွင့္ အမ်ိဳးသားတစ္ဦးတို႔ကို ယေန႔ ေန႔လယ္ ၁ နာရီခြဲခန္႔က  ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။

၄င္းတို႔ အမ်ိဳးသမီးမ်ားမွာ အသက္ ၂ဝ ဝန္းက်င္မ်ားျဖစ္ၾကၿပီး ရခိုင္ျပည္နယ္ ေမာင္ေတာဘက္မွ မူဆလင္မ်ား ျဖစ္ေၾကာင္း၊ ဖမ္းဆီးစဥ္ ယာဥ္ေမာင္းႏွင့္ သံဃာတစ္ပါး ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း ျပည္ၿမိဳ႕နယ္ ရဲမႉးသန္းေဇာ္ဝင္းက နိရဥၥရာသတင္းဌာနသို႔ အတည္ျပဳေျပာၾကားသည္။

“ကားက ေရွ႕ဘီးပြင့္ထြက္သြားၿပီး ရပ္တန္႔သြားတာ။ အဲဒီမွာ မသကၤာလို႔ သြားၾကည့္ေတာ့ ယဥ္ေမာင္းတစ္ဦးနဲ႔  သံဃာလို႔ေျပာရမလား သကၤန္းဝတ္ထားတဲ့ သူတို႔ ထြက္ေျပးၾကတယ္။ ေဒသခံေတြနဲ႔ ရဲေတြသြားၾကည့္ေတာ့ ကားေပၚမွာ မသကၤာဖြယ္ရာလူေတြကို ေတြ႕ရွိတာပါ။ အကုန္အရြယ္ေကာင္းေတြပါ။ ကေလးေတြေတာ့ မပါဘူး” ဟုေျပာသည္။

လက္ရွိတြင္ ဖမ္းဆီးမိသူမ်ားအား ကြာရန္တင္းစင္တာကို ပို႔ထားေၾကာင္း ၿမိဳ႕နယ္ရဲမႉးက ေျပာၾကားသည္။

“ အခုက သူတို႔ကို ေသခ်ာစစ္ေဆးေရးမ်ား မျပဳလုပ္နိုင္ေသးဘူး။ ကြာရန္တင္းစင္တာကို ပို႔ေဆာင္ ထားတယ္။ ဒါေၾကာင့္ ဘယ္ေဒသက မူလင္ေတြ၊ ဘယ္ကိုသြားၾကတာလဲ ေသခ်ာ သိရေသးဘူး။”

ဖမ္းမိသည့္ ဘုန္းႀကီးေက်ာင္းသုံးကားေပၚတြင္ သာသနာ့ဓမၼဂုဏ္ရည္ေက်ာင္းတိုက္ဟု ေရးသားပါရွိေၾကာင္း၊ ကားနံပါတ္မွာ YNG RLG-7015 အျဖဴေရာင္မွန္လုံကားျဖစ္ေၾကာင္း ၿမိဳ႕နယ္ရဲမႉးက ဆက္ေျပာသည္။

ေမာင္ေတာၿမိဳ႕ခရိုင္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္အား အဆိုပါကိစၥႏွင့္ ပတ္သက္၍ ေမးျမန္းရာ ၄င္းမွာ သိရွိျခင္း မရွိေသးေၾကာင္း ေျပာသည္။

“ ဒီကိစၥကၽြန္ေတာ္မၾကားမိေသးဘူး။ အဲဒီဘုန္းႀကီးေက်ာင္းနာမည္လည္း မၾကားဖူးဘူး။ ကၽြန္ေတာ္ကလည္း ဘုန္းႀကီးေက်ာင္းေတြ အကုန္လုံးကို မသိနို္င္ဘူး။ သာသနာေရးကို ေမးၾကည့္မွ ရပါမယ္။ ကၽြန္ေတာ္ မသိေသးပါဘူး” ဟုေျပာသည္။

၄င္းမူဆလင္မ်ားအား ျပည္ၿမိဳ႕ကြာရန္တင္းစင္တာတြင္ ပို႔ေဆာင္ထားၿပီး သက္ဆိုင္ရာမွ ညႊန္ၾကားခ်က္ အတိုင္း ဆက္လက္ ေဆာင္ရြက္သြာမည္ဟု ရဲမႉးသန္းေဇာ္ဝင္းက ေျပာသည္။

( Photo by BBC)

------------------------------

Unicode -

ရခိုင်ဘက်မှလာသည့် မူဆလင်အမျိုးသမီး ၁၂ ဦး၊ အမျိုးသားတစ်ဦးတို့ကို ဘုန်းကြီးကျောင်းသုံး ယဉ်တစ်စီးနှင့်အတူ ပြည်မြို့တွင်ဖမ်းမိ

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဒီဇင်ဘာ ၂၄/ ၂ဝ၂ဝ

ပဲခူးတိုင်း၊ ပြည်မြို့၊ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ရွှေဘုန်းပွင့်ဘုရားအနီးတွင် ရခိုင်ဘက်မှလာသည့် ဘုန်းကြီးကျောင်းသုံး ကားတစ်စီးပေါ်တွင် မူဆလင် အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ယနေ့ နေ့လယ် ၁ နာရီခွဲခန့်က  ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

၄င်းတို့ အမျိုးသမီးများမှာ အသက် ၂ဝ ဝန်းကျင်များဖြစ်ကြပြီး ရခိုင်ပြည်နယ် မောင်တောဘက်မှ မူဆလင်များ ဖြစ်ကြောင်း၊ ဖမ်းဆီးစဉ် ယာဉ်မောင်းနှင့် သံဃာတစ်ပါး ထွက်ပြေးလွတ်မြောက်သွားကြောင်း ပြည်မြို့နယ် ရဲမှူးသန်းဇော်ဝင်းက နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“ကားက ရှေ့ဘီးပွင့်ထွက်သွားပြီး ရပ်တန့်သွားတာ။ အဲဒီမှာ မသင်္ကာလို့ သွားကြည့်တော့ ယဉ်မောင်းတစ်ဦးနဲ့  သံဃာလို့ပြောရမလား သင်္ကန်းဝတ်ထားတဲ့ သူတို့ ထွက်ပြေးကြတယ်။ ဒေသခံတွေနဲ့ ရဲတွေသွားကြည့်တော့ ကားပေါ်မှာ မသင်္ကာဖွယ်ရာလူတွေကို တွေ့ရှိတာပါ။ အကုန်အရွယ်ကောင်းတွေပါ။ ကလေးတွေတော့ မပါဘူး” ဟုပြောသည်။

လက်ရှိတွင် ဖမ်းဆီးမိသူများအား ကွာရန်တင်းစင်တာကို ပို့ထားကြောင်း မြို့နယ်ရဲမှူးက ပြောကြားသည်။

“ အခုက သူတို့ကို သေချာစစ်ဆေးရေးများ မပြုလုပ်နိုင်သေးဘူး။ ကွာရန်တင်းစင်တာကို ပို့ဆောင် ထားတယ်။ ဒါကြောင့် ဘယ်ဒေသက မူလင်တွေ၊ ဘယ်ကိုသွားကြတာလဲ သေချာ သိရသေးဘူး။”

ဖမ်းမိသည့် ဘုန်းကြီးကျောင်းသုံးကားပေါ်တွင် သာသနာ့ဓမ္မဂုဏ်ရည်ကျောင်းတိုက်ဟု ရေးသားပါရှိကြောင်း၊ ကားနံပါတ်မှာ YNG RLG-7015 အဖြူရောင်မှန်လုံကားဖြစ်ကြောင်း မြို့နယ်ရဲမှူးက ဆက်ပြောသည်။

မောင်တောမြို့ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်အား အဆိုပါကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာ ၄င်းမှာ သိရှိခြင်း မရှိသေးကြောင်း ပြောသည်။

“ ဒီကိစ္စကျွန်တော်မကြားမိသေးဘူး။ အဲဒီဘုန်းကြီးကျောင်းနာမည်လည်း မကြားဖူးဘူး။ ကျွန်တော်ကလည်း ဘုန်းကြီးကျောင်းတွေ အကုန်လုံးကို မသိနို်င်ဘူး။ သာသနာရေးကို မေးကြည့်မှ ရပါမယ်။ ကျွန်တော် မသိသေးပါဘူး” ဟုပြောသည်။

၄င်းမူဆလင်များအား ပြည်မြို့ကွာရန်တင်းစင်တာတွင် ပို့ဆောင်ထားပြီး သက်ဆိုင်ရာမှ ညွှန်ကြားချက် အတိုင်း ဆက်လက် ဆောင်ရွက်သွာမည်ဟု ရဲမှူးသန်းဇော်ဝင်းက ပြောသည်။

( Photo by BBC)

https://burmese.narinjara.com/.../5fe4a2d03f8935047dbb7968


https://www.facebook.com/narinjara.info/posts/3901261093219272

No comments:

Post a Comment