နေရပ်စွန့်ခွာသွားသူများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြန်လည်ပို့ဆောင်ရေး ဆွေးနွေး
တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေကြပြီး မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ဆန္ဒပြုပြောကြားထားကြသည့် ဟိန္ဒူဘာသာဝင်များအပါအဝင် စိစစ်ပြီး နေရပ်စွန့်ခွာသူများအား အမြန်ဆုံးပြန်လည် ပို့ဆောင်ရေးနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များနှင့်အညီ နေရပ်စွန့်ခွာသွားသူများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြန်လည်ပို့ဆောင်ရေး အတွက် ကူညီပံ့ပိုးပေးရေး ကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဒီဇင်ဘာ ၂၂ ရက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Saurabh Kumar အား လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံတွင် လက်ရှိဖြစ်ပွားလျက်ရှိသည့် ကိုဗစ်(၁၉) ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ခဲ့ကြပြီး မြန်မာပြည်သူများအတွက် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးများ ဆောလျင်စွာရရှိရေးကိစ္စ၊ ကာကွယ်ဆေးများ ပူးတွဲထုတ်လုပ်ရေးကိစ္စ၊ ရေနံဓာတုကဏ္ဍတွင် အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံရေး ကိစ္စ၊ စစ်တွေဆိပ်ကမ်းအား ၂၀၂၁ ခုနှစ် အစောပိုင်းကာလတွင်စတင် လည်ပတ်သွားနိုင်ရေး၊ သံတမန်သင်တန်းကျောင်း တည်ထောင်ရေးအတွက် အိန္ဒိယအစိုးရက ကူညီပံ့ပိုးပေးမည့်ကိစ္စရပ်များ အပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးစီမံကိန်းများ အချိန်မီပြီးစီးရေးအတွက် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Saurabh Kumar အား ဒီဇင်ဘာ ၂၂ ရက်တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယအစိုးရ၏ အထောက်အပံ့ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ၊ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်သွားရေး အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများတွင် ပိုမိုတက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
http://sdtimedaily.com/2020/12/24/shp29-62/

No comments:
Post a Comment