Wednesday, December 23, 2020

AA ဟုစြပ္စြဲဖမ္းဆီးခံထားရသူ ပလက္ဝၿမိဳ႕မွ အသက္ ၁၇ ႏွစ္အရြယ္လူငယ္၏အမႈကို စြဲခ်က္တင္သင့္/မတင္သင့္ ဆုံးျဖတ္မည္

 AA ဟုစြပ္စြဲဖမ္းဆီးခံထားရသူ ပလက္ဝၿမိဳ႕မွ အသက္ ၁၇ ႏွစ္အရြယ္လူငယ္၏အမႈကို စြဲခ်က္တင္သင့္/မတင္သင့္ ဆုံးျဖတ္မည္

အိမ္စိုးျဖဴ

နိရဥၥရာ၊ ဒီဇင္ဘာ ၂၄/ ၂ဝ၂ဝ

ရကၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႕ဝင္ျဖစ္သည္ဟု စြပ္စြဲခ်က္ျဖင့္ အမႈရင္ဆိုင္ေနရသူ ခ်င္းျပည္နယ္၊ ပလက္ဝ ၿမိဳ႕မွ အသက္မျပည့္ လူငယ္၏ အမႈကိုတပ္ဖက္မွ အရာရွိ ၃ ဦးအား စစ္ေဆးၿပီးပါက စြဲခ်က္တင္သင့္မတင္သင့္ ဆုံးျဖတ္ေတာ့မည္ဟု သိရသည္။

ပလက္ဝၿမိဳ႕၊ ၿမိဳ႕မရပ္ကြက္မွ ေမာင္စိုးေက်ာ္လင္း(၁၇)ႏွစ္အား စက္တင္ဘာလ ၂၄ ရက္ေန႔တြင္ ပလက္ဝၿမိဳ႕ အေျခစိုက္ (၂၈၉) တပ္ရင္းမွေန၍ သူ၏ ေယာက္ဖျဖစ္သူ ကိုထြန္းလင္းေက်ာ္(၂၉)ႏွစ္ႏွင့္အတူ ဖမ္းဆီး ခံခဲ့ရျခင္းျဖစ္ကာ ေအေအတပ္ဖြဲ႕ဝင္ျဖစ္သည္ဟု စြပ္စြဲခ်က္ျဖင့္ ပလက္ဝၿမိဳ႕နယ္တရား႐ုံးတြင္ အမႈ ရင္ဆိုင္ေနရသူျဖစ္ေၾကာင္း ေမာင္စိုးေက်ာ္လင္း၏ အစ္မျဖစ္သူ မခင္ခင္သန္းက နိရဥၥရာသတင္းဌာနသို႔  ေျပာသည္။

“မင္းေအေအမဟုတ္လား။ ေအေအကလို့္ေျဖရင္ ျပန္လြတ္ေပးမယ္လို႔ေျပာလို႔ ကေလးက အရိုက္မခံနို္င္ေတာ့ ဟုတ္ပါတယ္လို႔ ေျဖခဲ့တဲ့အတြက္ တပ္က ရဲလက္အပ္ခဲ့ပါတယ္။ အခု သူထုံနာက်င္နာျဖစ္လို႔ မေန႔က ေဆးခန္း သြားျပရပါတယ္။ ျပန္လႊတ္ေပးေစခ်င္းတယ္။ ကေလးက ငယ္ေသးတယ္။ ကိုထြန္းလင္းေက်ာ္ကိ္ုလည္း သူနဲ႔ အတူ ဖမ္းထားပါတယ္။ သူတို႔ကဘာေအေအနဲ႔မွ မဆက္စပ္ပါဘူးရွင္” ဟု သူမက ေျပာသည္။

ေမာင္စိုးေက်ာ္လင္းအား တပ္ဘက္မွ ဖမ္းဆီးၿပီးေနာက္ ရဲတပ္ဖြဲ႕သို႔ အပ္ႏွံခဲ့ကာ ပလက္ဝၿမိဳ႕တရား႐ုံးတြင္ ယမန္ေန႕က ႐ုံးထုတ္ စစ္ေဆးခဲ့ျပီး ေနာက္ဆုံးအေနျဖင့္ တပ္မွ အရာရွိ ၃ ဦးကို လာမည့္ ဒီဇင္ဘာလ ၂၉ ရက္ေန႔တြင္ စစ္ေဆးသြားမည္ဟု ပလက္ဝၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ဦးေဝလြင္ကေျပာသည္။

“ သူ႔က်န္းမာေရးက သူ႔အေမစိုးရိမ္ေနလို႔ မေန႔က ေဆးခန္းသြားျပေပးခဲ့ပါတယ္။ ေဆးေပးလိုက္ပါတယ္။ အဲေလာက္ႀကီးမျပင္းထန္ပါဘူး။ အမႈကို ေတာ္ေတာ္မ်ားမ်ားက စစ္ၿပီးၿပီ။ သူ႔ကို ဖမ္းတဲ့တပ္ကသုံးေယာက္ကို စစ္ေဆးၿပီးရင္ စြဲခ်က္တင္သင့္မတင္သင့္ ဆုံးျဖတ္ေတာ့မွာပါ။ သူက ကၽြန္ေတာ္တို႔ အခ်ဳပ္ခန္းထဲမွာ အငယ္ဆုံးပဲ။ တရား႐ုံးက ဆုံးျဖတ္ပါလိမ့္မယ္” ဟုေျပာသည္။

စစ္ေဆးရန္က်န္ေနေသးသူမ်ားမွာ ဗိုလ္ႀကီးျပည့္စုံကိိုကို၊ တပ္ၾကပ္ႀကီး ဆန္းဦးျမင့္ႏွင့္ တပ္ေရးဗိုလ္ႀကီး ဗိုလ္ႀကီးသက္နိုင္ဦး တို႔ သုံးဦးကို ေနာက္ဆုံး စစ္ေဆးၿပီးပါက စြဲခ်က္တင္မတင္ကို ဆုံးျဖတ္ေတာ့မည္ဟု သူက ဆက္ေျပာသည္။

မိသားစုဝင္မ်ားအေနျဖင့္ ေမာင္စိုးေက်ာ္လင္းအား အျပစ္မရွိသည့္ လူငယ္တစ္ဦးျဖစ္သျဖင့္ သက္ညႇာ ေပးၾကေစခ်င္သည္ဟု ေမတၱာရပ္ခံ ေျပာဆိုလိုသည္ဟု ဆိုသည္။

Unicode 

AA ဟုစွပ်စွဲဖမ်းဆီးခံထားရသူ ပလက်ဝမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်၏အမှုကို စွဲချက်တင်သင့်/မတင်သင့် ဆုံးဖြတ်မည် 

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဒီဇင်ဘာ ၂၄/ ၂ဝ၂ဝ

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်ဖြစ်သည်ဟု စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင်နေရသူ ချင်းပြည်နယ်၊ ပလက်ဝ မြို့မှ အသက်မပြည့် လူငယ်၏ အမှုကိုတပ်ဖက်မှ အရာရှိ ၃ ဦးအား စစ်ဆေးပြီးပါက စွဲချက်တင်သင့်မတင်သင့် ဆုံးဖြတ်တော့မည်ဟု သိရသည်။

ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ မောင်စိုးကျော်လင်း(၁၇)နှစ်အား စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပလက်ဝမြို့ အခြေစိုက် (၂၈၉) တပ်ရင်းမှနေ၍ သူ၏ ယောက်ဖဖြစ်သူ ကိုထွန်းလင်းကျော်(၂၉)နှစ်နှင့်အတူ ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ကာ အေအေတပ်ဖွဲ့ဝင်ဖြစ်သည်ဟု စွပ်စွဲချက်ဖြင့် ပလက်ဝမြို့နယ်တရားရုံးတွင် အမှု ရင်ဆိုင်နေရသူဖြစ်ကြောင်း မောင်စိုးကျော်လင်း၏ အစ်မဖြစ်သူ မခင်ခင်သန်းက နိရဥ္စရာသတင်းဌာနသို့  ပြောသည်။

“မင်းအေအေမဟုတ်လား။ အေအေကလို့်ဖြေရင် ပြန်လွတ်ပေးမယ်လို့ပြောလို့ ကလေးက အရိုက်မခံနို်င်တော့ ဟုတ်ပါတယ်လို့ ဖြေခဲ့တဲ့အတွက် တပ်က ရဲလက်အပ်ခဲ့ပါတယ်။ အခု သူထုံနာကျင်နာဖြစ်လို့ မနေ့က ဆေးခန်း သွားပြရပါတယ်။ ပြန်လွှတ်ပေးစေချင်းတယ်။ ကလေးက ငယ်သေးတယ်။ ကိုထွန်းလင်းကျော်ကိ်ုလည်း သူနဲ့ အတူ ဖမ်းထားပါတယ်။ သူတို့ကဘာအေအေနဲ့မှ မဆက်စပ်ပါဘူးရှင်” ဟု သူမက ပြောသည်။

မောင်စိုးကျော်လင်းအား တပ်ဘက်မှ ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့ကာ ပလက်ဝမြို့တရားရုံးတွင် ယမန်နေ့က ရုံးထုတ် စစ်ဆေးခဲ့ပြီး နောက်ဆုံးအနေဖြင့် တပ်မှ အရာရှိ ၃ ဦးကို လာမည့် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စစ်ဆေးသွားမည်ဟု ပလက်ဝမြို့မရဲစခန်းမှူး ဒုရဲမှူး ဦးဝေလွင်ကပြောသည်။

“ သူ့ကျန်းမာရေးက သူ့အမေစိုးရိမ်နေလို့ မနေ့က ဆေးခန်းသွားပြပေးခဲ့ပါတယ်။ ဆေးပေးလိုက်ပါတယ်။ အဲလောက်ကြီးမပြင်းထန်ပါဘူး။ အမှုကို တော်တော်များများက စစ်ပြီးပြီ။ သူ့ကို ဖမ်းတဲ့တပ်ကသုံးယောက်ကို စစ်ဆေးပြီးရင် စွဲချက်တင်သင့်မတင်သင့် ဆုံးဖြတ်တော့မှာပါ။ သူက ကျွန်တော်တို့ အချုပ်ခန်းထဲမှာ အငယ်ဆုံးပဲ။ တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်” ဟုပြောသည်။

စစ်ဆေးရန်ကျန်နေသေးသူများမှာ ဗိုလ်ကြီးပြည့်စုံကိိုကို၊ တပ်ကြပ်ကြီး ဆန်းဦးမြင့်နှင့် တပ်ရေးဗိုလ်ကြီး ဗိုလ်ကြီးသက်နိုင်ဦး တို့ သုံးဦးကို နောက်ဆုံး စစ်ဆေးပြီးပါက စွဲချက်တင်မတင်ကို ဆုံးဖြတ်တော့မည်ဟု သူက ဆက်ပြောသည်။

မိသားစုဝင်များအနေဖြင့် မောင်စိုးကျော်လင်းအား အပြစ်မရှိသည့် လူငယ်တစ်ဦးဖြစ်သဖြင့် သက်ညှာ ပေးကြစေချင်သည်ဟု မေတ္တာရပ်ခံ ပြောဆိုလိုသည်ဟု ဆိုသည်။

https://burmese.narinjara.com/.../5fe4338f3f8935047dbb795...


https://www.facebook.com/narinjara.info/posts/3900511829960865

No comments:

Post a Comment