Friday, December 25, 2020

ဘယ္လိုလူမ်ိဳးကို ရခို္င္ျပည္နယ္၀န္ၾကီးခ်ဳပ္ျဖစ္ေစခ်င္လဲ”

 ဘယ္လိုလူမ်ိဳးကို ရခို္င္ျပည္နယ္၀န္ၾကီးခ်ဳပ္ျဖစ္ေစခ်င္လဲ”

အိမ္စိုးျဖဴ၊ သွ်င္မင္းဇံ ေမးျမန္းသည္။

နိရဥၥရာ၊ ဒီဇင္ဘာ၂၆/၂၀၂၀

လာမည့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္၀ါရီလတြင္ ေနာက္ ၅ ႏွစ္ သက္တမ္းအတြက္ NLD အစိုးရသစ္ တက္လာ ေတာ့မည္ ျဖစ္သည္။ အစိုးရသစ္ႏွင့္ အတူ ရခိုင္ျပည္နယ္အစုိးရအဖြဲ႕လည္း ေပၚေပါက္ လာေတာ့မည္ျဖစ္သည္။ လက္ရွိ ရခိုင္ျပည္နယ္သည္ ျပည္နယ္ႏွင့္ တိုင္း ၁၄ခုတြင္ ဖြံ႕ျဖိဳးတိုးတက္မႈ အနည္းဆံုးျပည္နယ္တစ္ခုျဖစ္ျပီး ဆင္းရဲမြဲတည္မႈ၊ အလုပ္အကိုင္ရွားပါးမႈ၊ အက်င့္ပ်က္ျခစားမႈမ်ား၊ အဂတိလိုက္စားမႈ၊ ေနရပ္စြန္႕ခြာမႈႏွင့္ လူသားရင္း ျမစ္မ်ားဆံုးရံႈးမႈမ်ားႏွင့္ ရင္ဆိုင္ၾကံဳေတြ႕ေနရသည္။ တစ္ဖက္မွာလည္း လက္နက္ကိုင္ ပဋိပကၡ ျဖစ္ပြားေနျပီး ေနရပ္စြန္႕ခြာထြက္ေျပးရသူမ်ား သိန္းႏွင့္ခ်ီျပီးရွိေနသလို တစ္ဖက္ဘဂၤလာေဒရွ္သို႕ ထြက္ေျပး ေရာက္ရွိေနသည့္ သိန္းႏွင့္ခ်ီရွိသည့္ မူဆလင္ဒုကၡသည္မ်ား ျပႆနာလည္း ရွိေနသည္။ ထိုကဲ့သို႕ ေျဖရွင္းစရာ စိန္ေခၚမႈ ျပႆနာေျမာက္မ်ားစြာရွိေနေသာ ရခိုင္ျပည္နယ္တြင္ ေနာက္ျဖစ္လာမည့္ ၀န္ၾကီးခ်ဳပ္သည္ မည္ကဲ့သို႕ ပုဂၢိဳလ္မ်ိဳးျဖစ္သင့္ပါသလဲ။ လက္လွမ္းမီရာ ေဒသခံ ၄ ဦးကို ေမးျမန္းတင္ျပေပးလိုက္ပါသည္။ 

ပန္းခ်ီသွ်င္လွ(ပန္းခ်ီဆရာမ၊ စစ္ေတြၿမိဳ႕)

“ ဝန္ႀကီးခ်ဳပ္ကို လုပ္ပိုင္ခြင့္ အျပည့္အဝရတဲ့ ဝန္ႀကီးခ်ဳပ္မ်ိဳး ျဖစ္ေစခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ အရင္ ဝန္ႀကီးခ်ဳပ္ေတြ ရွိခဲ့ၾကတယ္။ ကိုယ့္ၿမိဳ႕အတြက္၊ ၿမိဳ႕နယ္အတြက္ ေတာ္ေတာ္ပဲ လုပ္ေပးတဲ့လူ ရွိခဲ့သလို၊ လုပ္ခြင့္မရတဲ့ လူေတြလည္း အမ်ားႀကီးရွိခဲ့တယ္။ အဲတာမ်ိဳးမျဖစ္ရေအာင္ အဓိကေတာ့ ဝန္ႀကီးခ်ဳပ္ဆိုတာဟာ လုပ္ပိုင္ခြင့္ သူ႔ Authority ရွိရမွာေပါ့။ အဲလို လုပ္ပိုင္ခြင့္ရွိတဲ့ ပုဂၢိဳလ္မ်ိဳးျဖစ္ေစခ်င္တယ္။ ေနာက္ၿပီးေတာ့ ေစတနာရွိတဲ့ လူမ်ိဳးေပါ့။ အဲလို လူမ်ိဳးျဖစ္ေစခ်င္ပါတယ္။ ျဖစ္ေစခ်င္တာေတာ့ ဒီတိုင္းရင္းသားပါတီက ဝန္ႀကီးခ်ဳပ္ တစ္ဦးေလာက္ျဖစ္ေစခ်င္တယ္။ ဘာလို႔ဆိုတာ တိုင္းရင္းသား၀န္ၾကီးခ်ဳပ္ဆိုရင္ နယ္ေျမေဒသ၊  ကိုယ့္ရဲ႕ ျပည္နယ္အေၾကာင္းကို နားလည္တယ္။ ဟို အကုန္လံုးကို သိထားတယ္ဆိုေတာ့ လုပ္ငန္း ေဆာင္ရြက္တဲ့ေနရာမွာ၊ တာဝန္ ေဆာင္ရြက္တဲ့ အခ်ိန္အခါမွာလည္း တိုင္းရင္းသားေတြရဲ႕ေျခလွမ္းဟာ ဒီ့ျပင္လူေတြ၊ ဧည့္သည္ရဲ႕ေျခလွမ္းထက္ အရမ္းသာတယ္။ ေနရာတကာကို ေစ့စပ္တယ္ေပါ့။ လိုအပ္ တာေလးေတြကို လုပ္ေပးႏိုင္တယ္။ အဲတာေၾကာင့္ တတ္ႏိုင္လို႔ရွိရင္ တိုင္းရင္းသားအဖြဲ႕အစည္းက၊ ရခိုင္ အဖြဲ႕စည္းက အဲဒီ ဝန္ႀကီးခ်ဳပ္ တစ္ေနရာရေစခ်င္တယ္ ေပါ့ေနာ္။ အဲလိုပဲ NLDပါတီကိုလည္း တိုက္တြန္း ပါတယ္။ ကိုယ္ခ်င္းစာတရားနဲ႔ေပါ့ေနာ္။ အမွန္ ေအာင္ျမင္ဖို႔ အတြက္ အန္တီတို႔ဟာ နယ္ေျမေဒသ အေျခအေနကို နားလည္သူ၊ ကၽြမ္းက်င္တဲ့လူကို ေနရာေပးလိုက္လို႔ ရွိရင္ ဒါဟာ အထက္ကပုဂၢိဳလ္ေတြ မပင္ပန္းေတာ့ဘူးေပါ့ေနာ္။ အကုန္လံုး အစစ အရာရာ အဆင္ေျပလိမ့္မယ္လို႔ အန္တီထင္တယ္။”

မသန္းသန္းေရႊ (Triple E Management)တည္ေထာင္သူ

“ရခိုင္ေဒသရဲ႕ ဖြံ႕ျဖိဳးတိုးတက္ေရးကိုလုပ္ႏိုင္တဲ့ ပုဂၢိဳလ္မ်ိဳးကိုလုိခ်င္တယ္။ လူငယ္အေရးဆုိေတာ့ မ်ားေသာ အားျဖင့္ ပညာေရးနဲ႔ အလုပ္အကိုင္ အခြင့္အလမ္းေတြေပါ့။ ပညာေရးနဲ႔ အလုပ္အကိုင္အခြင့္အလမ္းဆိုလို႔ရွိရင္ ပညာေရးကက်ေတာ့ လူမႈေရးအခန္းက႑၊ အလုပ္အကိုင္အခြင့္အလမ္းနဲ႔ ဝင္ေငြကက်ေတာ့ စီးပြားေရးနဲ႔ ပတ္သက္တဲ့ အခန္းက႑၊ ဆိုေတာ့ ဒီလူငယ္မ်ိဳးဆက္တစ္ခုအေနနဲ႔ လူငယ္ေတြလုိအပ္တာက သူတို႔ဟာ ပညာျပည့္ဝၿပီးေတာ့ အရည္အေသြးရွိတဲ့ အရည္အခ်င္းရွိတဲ့ လူတစ္ေယာက္အေနနဲ႔ အလုပ္အကိုင္ အခြင့္အလမ္း ေတြနဲ႔ ဝင္ေငြေတြနဲ႕ ကမၻာကိုလွမ္းႏိုင္တဲ့ လူငယ္ေတြျဖစ္ခ်င္တယ္ေပါ့။ ဆိုေတာ့ က်မအေနနဲ႔ ေျပာရရင္ တက္လာတဲ့ ဝန္ၾကီးခ်ဳပ္ေတြဟာ ကမၻာကိုေက်ာ္မယ္။ စကၤာပူကုိေက်ာ္မယ္။ ဘယ္သူကိုေက်ာ္မယ္။ ကမၻာၾကီးကို ဘယ္လို မ်ိဳးေက်ာ္မယ္ဆိုတဲ့ စကားမ်ိဳးေတြကုိ လိုခ်င္တာေတာ့ မဟုတ္ဘူး။ အဲဒီစကားေတြထက္ က်မတို႔က အခုလက္ရွိ ရွိေနတဲ့အေနအထားမွာ ပကတိ လက္ေတြ႕ဆန္တဲ့ ေအာင္ျမင္မႈေတြနဲ႔ တိုးတက္မႈ ေတြကို ျပသႏုိင္တဲ့ လူမ်ိဳးျဖစ္ရင္ ေက်နပ္တယ္။ မဟုတ္ဘဲနဲ႔ က်မတို႔က ကမၻာၾကီးကို ေက်ာ္မယ္ဆိုတဲ့ အိပ္မက္ေတြဟာ မျဖစ္ႏိုင္တဲ့ အရမ္းအလွမ္းကြာေဝးတဲ့ အေတြးေတြနဲ႔ မက္လံုးေတြ ေပးၿပီးေတာ့ အိပ္မက္ မက္ေနရတဲ့ အေနအထားမ်ိဳး က်မမလိုခ်င္ဘူး။ က်မတို႔ဟာ လက္ေတြ႕နဲ႔ နီးစပ္တဲ့ လက္ေတြ႕ ေျမျပင္ အခင္းအက်င္းမွာ တကယ့္တိုးတက္မႈကို ဖန္တီးႏိုင္တဲ့ အလုပ္ေတြလုပ္တဲ့ လူမ်ိဳး တစ္ေယာက္ျဖစ္တဲ့ အားရ ေက်နပ္ဖြယ္ရာ အလုပ္ေတြကုိ လုပ္ျပႏိုင္တဲ့ လူတစ္ေယာက္ကိုေတာ့ လိုခ်င္တယ္။ ဘာလို႔လည္းဆိုေတာ့ ျပည္သူေတြအားကိုးတဲ့ သူျဖစ္ေစခ်င္တယ္။ ေဒသတစ္ခုရဲ႕ ဖြံ႕ျဖိဳးတိုးတက္မႈက ဒီေဒသရဲ႕ အၾကီးအကဲ ဝန္ၾကီးခ်ဳပ္နဲ႔ ဆိုင္တယ္။ သူရဲ႕ စီမံခန္႔ခြဲမႈ သူ႕ရဲလုပ္ေဆာင္ခ်က္ေတြက ဘယ္ေလာက္ထိ အားတက္သေရာနဲ႔ အလုပ္လုပ္ေနသလဲ ဆိုတဲ့အေပၚမွာ မူတည္တယ္။ ဆုိေတာ့ က်မတို႔ အလုပ္လုပ္တဲ့လူကုိ လုိခ်င္တယ္။”

ဆရာသန္းထြန္း (စစ္ေတြတြင္ လူမူေရးေဆာင္ရြက္သူ)

“အခု က်ေနာ္တို႔  ေရြးေကာက္ပြဲ ႏွစ္ၾကိမ္ျဖတ္သန္းဖူးၿပီးေပါ့။ တျခားတိုင္းနဲ႔ ျပည္နယ္ေတြမွာ ေရြးေကာက္ပြဲ ႏွစ္ၾကိမ္ျဖတ္သန္းၿပီးတဲ့အခါ ဝန္ၾကီးခ်ဳပ္ ႏွစ္ဦးနဲ႔ပဲ ဆက္ဆံခဲ့ရတယ္။ တခ်ိဳ႕တိုင္းနဲ႕ ျပည္နယ္မွာ သံုးဦးေပါ့။ ရခိုင္ျပည္နယ္မွာ ထူးထူးျခားျခားက ေရြးေကာက္ပြဲႏွစ္ၾကိမ္မွာ ဝန္ၾကီးခ်ဳပ္ ေလးဦးနဲ႔ ဆက္ဆံခဲ့ရတယ္။ ေလးဦးနဲ႔ ဆက္ဆံခဲ့တဲ့အခါမွာ အဲေလးဦးထဲမွာ ဘယ္သူက ထက္ျမတ္တယ္။ ဘယ္သူက နည္းနည္း လိုအပ္တယ္။ ဘယ္သူက ရခိုင္လူမ်ိဳးအက်ိဳးကုိ ေဆာင္ရြက္ႏိုင္တယ္။ ဘယ္သူကအားျဖင့္ ပိုေဆာင္ရြက္ ႏိုင္တယ္ စသျဖင့္ ၄ ဦးကို အကဲျဖတ္ခြင့္ရခဲ့တယ္ေလ။ အဲဒါေလးတစ္ခုကေတာ့ ရခိုင္ျပည္နယ္က လူေတြ အတြက္ ဘယ္လုိလူမ်ိဳးက ဝန္ၾကီးခ်ဳပ္ျဖစ္သင့္သလဲဆိုတာ ရခိုင္ေတြအတြက္ ေရြးခ်ယ္မႈေပါ့။ စဥ္စားဉာဏ္ကို ပိုေကာင္းေစတယ္ေလ။ အဲတြက္ ရခိုင္ျပည္နယ္မွာ အခုက conflict ကႏွစ္ခုရွိတယ္။ ရခုိင္နဲ႔ ေနာက္ ႏိုင္ငံျခားသားေတြ ခိုးဝင္တဲ့ ကိစၥတစ္ခုရွိတယ္။ ေနာက္တစ္ခုက ျမန္မာ့တပ္မေတာ္နဲ႔ ရကၡိဳင္တပ္္ေတာ္နဲ႔ တိုက္ပြဲျဖစ္ေနတဲ့ က႑တစ္ခုရွိတယ္။ အဲဒီ conflict ႏွစ္ခုၾကားမွာ လံုးေထြးေနရတဲ့ ရခိုင္ျပည္သူေတြအတြက္ နည္းနည္းပါးပါး ၾကားဝင္ ညွိႏိႈင္းေပးႏိုင္တဲ့လူ၊ အဆင္ေျပေအာင္ ညွိႏိႈင္းေပးႏိုင္တဲ့လူျဖစ္ရမယ္။ ေနာက္တစ္ခ်က္ကေတာ့ ဖြံ႕ျဖိဳးတုိးတက္မႈ အနည္းဆံုးျဖစ္ေနတဲ့ ရခိုင္ျပည္နယ္ကို တျခားတိုင္းနဲ႔ ျပည္နယ္ေတြလို ရင္ေဘာင္တန္းႏိုင္ေအာင္ ဖြံ႕ျဖိဳးတိုးတက္ေအာင္ လုပ္ေပးႏိုင္တဲ့လူ ျဖစ္ေစခ်င္တယ္။ ေနာက္တစ္ခ်က္ကေတာ့ ျပည္သူလူထုေတြနဲ႔ မစိမ္းကားဘဲနဲ႕ ရခိုင္ျပည္သူလူထုေတြနဲ႔ ညွိႏႈိင္းၿပီး ရခိုင္ အက်ိဳးကို ေဆာင္ရြက္တဲ့လူမ်ိဳးကုိပဲ ဝန္ၾကီးခ်ဳပ္အျဖစ္ ေရြးခ်ယ္ေစခ်င္တယ္။ ”

ဦးစိုးႏိုင္(လွ်ပ္စစ္ပစၥည္းအေရာင္းဆိုင္၊ စစ္ေတြၿမိဳ႕)

“ အခု ရခိုင္ျပည္နယ္က ၄ ပံု ၁ပံု မဲေပးပိုင္ခြင့္ရွိသူေတြရဲ႕ မဲနဲ႔ပဲ အတည္ျပဳမယ္ဆိုရင္ လက္ရွိ ဝန္ႀကီးခ်ဳပ္ပဲ ခန္႔ခ်င္လို႔ ျဖစ္မွာေပါ့။ တကယ့္ လူထုကိုယ္စားျပဳ အမတ္ေတြထဲက ဝန္ႀကီးခ်ဳပ္ကို ေရြးခ်ယ္မယ္ဆိုရင္ေတာ့ ေနာက္က်န္တဲ့ ၿမိဳ႕နယ္ကိုလည္း ေရြးေကာက္ပြဲ ထပ္လုပ္ေပးမွ ျဖစ္မွာေပါ့။ ေရြးေကာက္ပြဲက မလုပ္ျဖစ္တဲ့ ျမိဳ႕နယ္ေတြမွာ ထပ္လုပ္ေပးမွ ရမယ္ေလ။ အဲတာ အေျဖက ရွင္းရွင္းေလးပဲ။  ေနာက္ဆက္တြဲ ေရြးေကာက္ပြဲကို မလုပ္ေပးဘူးဆိုရင္ လက္ရွိ လူကိုပဲ ဆက္ထားလိုတဲ့အေနအထားျဖစ္သြားမယ္။ အမ်ားထဲက လူကိုေရြးျပီး က်ယ္က်ယ္ ျပန္႔ျပန္႔ ဒီမိုကေရစီအရ ျပဳျပင္ေျပာင္းလဲ ေစခ်င္ပါတယ္။ ရခိုင္လူမ်ိဳးေတြနဲ႔ ျပည္ေထာင္စုအစိုးရရဲ႕ သဟဇာတ ျဖစ္ေစခ်င္တယ္ ဆိုရင္ေတာ့ ေနာက္ဆက္တြဲ ေရြးေကာက္ပြဲကို က်င္းပေပးဖို႕ ေမွ်ာ္လင့္ပါတယ္။ ျပည္သူတစ္ေယာက္ အေနနဲ႔ က်ေနာ္တို႔ ေခါင္းေဆာင္ေကာင္းကို ေမွ်ာ္လင့္ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကုိ အျပည့္အဝ ေရြးခ်ယ္ႏိုင္ခဲ့တဲ့ အေနအထား ရွိခဲ့တယ္။ လႊတ္ေတာ္လည္း အင္အားလည္း ျပည့္တယ္။ ေရြးေကာက္ခံ ကိုယ္စားလွယ္ေတြကလည္း အင္အားျပည့္တဲ့ လႊတ္ေတာ္ေပ့ါ။ အဲဒီလႊတ္ေတာ္ထဲကလည္း ဝန္ႀကီးခ်ဳပ္ တစ္ေယာက္ကို ဘယ္ေလာက္ပဲ ဖြဲ႕စည္းပံုက ဆိုပါေစ၊ အမ်ားစု အႏိုင္ရတဲ့ပါတီကို ခန္႔ထားမေပးခဲ့ဘူး။ ကိုယ္လိုခ်င္တဲ့ပံုေဖာ္လို႔ရႏိုင္မယ့္ လူတစ္ေယာက္ကိုပဲ ေရြးခ်ယ္ၿပီးေတာ့ အုပ္ခ်ဳပ္ခိုုင္းတယ္။ အဲဒါေၾကာင့္ ဒီေန႔ ျပည္ေထာင္စုျမန္မာႏုိင္ငံေတာ္ရဲ႕ အစိတ္အပိုင္း တစ္ရပ္ျဖစ္တဲ့ ရခိုင္ျပည္နယ္ရဲ႕ႏိုင္ငံေရးဟန္ခ်က္ဟာ ဟာမိုနီမျဖစ္ခဲ့ဘူး။ ဝ႐ုန္းသုန္းကား ျဖစ္ခဲ့တယ္။ ဝမ္းနည္းစရာအျဖစ္အပ်က္ေတြ အမ်ားႀကီးၾကံဳေတြ႔ခဲ့ရတယ္။ ေသြးေရာင္လြမ္းေသာ ႏိုင္ငံေရးပဲ ျဖစ္သြားခဲ့ရတယ္။ က်ေနာ္တို႔ ေမွ်ာ္မွန္းခဲ့တဲ့ ဒီမိုကေရစီႏိုင္ငံဟာ ေသြးေရာင္လြမ္းတဲ့ ဒီမိုကေရစီပဲျဖစ္ေနတယ္။ အခုလာမယ့္ လႊတ္ေတာ္အခင္းအက်င္းက ဘယ္လိုျဖစ္မလဲ၊ ပိုဆိုးသြားမယ့္ အေနအထားပဲရွိတယ္။”

------------------------- 

Unicode:

“ ဘယ်လိုလူမျိုးကို ရခို်င်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်စေချင်လဲ”

အိမ်စိုးဖြူ၊ သျှင်မင်းဇံ မေးမြန်းသည်။

နိရဥ္စရာ၊ ဒီဇင်ဘာ၂၆/၂၀၂၀

လာမည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နောက် ၅ နှစ် သက်တမ်းအတွက် NLD အစိုးရသစ် တက်လာ တော့မည် ဖြစ်သည်။ အစိုးရသစ်နှင့် အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့လည်း ပေါ်ပေါက် လာတော့မည်ဖြစ်သည်။ လက်ရှိ ရခိုင်ပြည်နယ်သည် ပြည်နယ်နှင့် တိုင်း ၁၄ခုတွင် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးပြည်နယ်တစ်ခုဖြစ်ပြီး ဆင်းရဲမွဲတည်မှု၊ အလုပ်အကိုင်ရှားပါးမှု၊ အကျင့်ပျက်ခြစားမှုများ၊ အဂတိလိုက်စားမှု၊ နေရပ်စွန့်ခွာမှုနှင့် လူသားရင်း မြစ်များဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ တစ်ဖက်မှာလည်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာထွက်ပြေးရသူများ သိန်းနှင့်ချီပြီးရှိနေသလို တစ်ဖက်ဘင်္ဂလာဒေရှ်သို့ ထွက်ပြေး ရောက်ရှိနေသည့် သိန်းနှင့်ချီရှိသည့် မူဆလင်ဒုက္ခသည်များ ပြဿနာလည်း ရှိနေသည်။ ထိုကဲ့သို့ ဖြေရှင်းစရာ စိန်ခေါ်မှု ပြဿနာမြောက်များစွာရှိနေသော ရခိုင်ပြည်နယ်တွင် နောက်ဖြစ်လာမည့် ဝန်ကြီးချုပ်သည် မည်ကဲ့သို့ ပုဂ္ဂိုလ်မျိုးဖြစ်သင့်ပါသလဲ။ လက်လှမ်းမီရာ ဒေသခံ ၄ ဦးကို မေးမြန်းတင်ပြပေးလိုက်ပါသည်။ 

ပန်းချီသျှင်လှ(ပန်းချီဆရာမ၊ စစ်တွေမြို့)

“ ဝန်ကြီးချုပ်ကို လုပ်ပိုင်ခွင့် အပြည့်အဝရတဲ့ ဝန်ကြီးချုပ်မျိုး ဖြစ်စေချင်တယ်။ ဘာလို့လဲဆိုတော့ အရင် ဝန်ကြီးချုပ်တွေ ရှိခဲ့ကြတယ်။ ကိုယ့်မြို့အတွက်၊ မြို့နယ်အတွက် တော်တော်ပဲ လုပ်ပေးတဲ့လူ ရှိခဲ့သလို၊ လုပ်ခွင့်မရတဲ့ လူတွေလည်း အများကြီးရှိခဲ့တယ်။ အဲတာမျိုးမဖြစ်ရအောင် အဓိကတော့ ဝန်ကြီးချုပ်ဆိုတာဟာ လုပ်ပိုင်ခွင့် သူ့ Authority ရှိရမှာပေါ့။ အဲလို လုပ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်စေချင်တယ်။ နောက်ပြီးတော့ စေတနာရှိတဲ့ လူမျိုးပေါ့။ အဲလို လူမျိုးဖြစ်စေချင်ပါတယ်။ ဖြစ်စေချင် တာတော့ ဒီတိုင်းရင်းသားပါတီက ဝန်ကြီးချုပ် တစ်ဦးလောက် ဖြစ်စေချင်တယ်။ ဘာလို့ဆိုတာ တိုင်းရင်းသား ဝန်ကြီးချုပ်ဆိုရင် နယ်မြေဒေသ၊  ကိုယ့်ရဲ့ ပြည်နယ် အကြောင်းကို နားလည်တယ်။ ဟို အကုန်လုံးကိုသိထားတယ်ဆိုတော့ လုပ်ငန်း ဆောင်ရွက်တဲ့နေရာမှာ၊ တာဝန် ဆောင်ရွက်တဲ့ အချိန်အခါမှာလည်း တိုင်းရင်းသားတွေရဲ့ခြေလှမ်းဟာ ဒီ့ပြင်လူတွေ၊ ဧည့်သည်ရဲ့ခြေလှမ်းထက် အရမ်းသာတယ်။ နေရာတကာကို စေ့စပ်တယ်ပေါ့။ လိုအပ် တာလေးတွေကို လုပ်ပေးနိုင်တယ်။ အဲတာကြောင့် တတ်နိုင်လို့ရှိရင် တိုင်းရင်းသား အဖွဲ့အစည်းက၊ ရခိုင် အဖွဲ့စည်းက အဲဒီ ဝန်ကြီးချုပ် တစ်နေရာရစေချင်တယ် ပေါ့နော်။ အဲလိုပဲ NLD ပါတီကိုလည်း တိုက်တွန်း ပါတယ်။ ကိုယ်ချင်းစာ တရားနဲ့ပေါ့နော်။ အမှန် အောင်မြင်ဖို့ အတွက် အန်တီတို့ဟာ နယ်မြေဒေသ အခြေအနေကို နားလည်သူ၊ ကျွမ်းကျင်တဲ့လူကို နေရာပေးလိုက်လို့ ရှိရင် ဒါဟာ အထက်ကပုဂ္ဂိုလ်တွေ မပင်ပန်းတော့ဘူးပေါ့နော်။ အကုန်လုံး အစစ အရာရာ အဆင်ပြေလိမ့်မယ်လို့ အန်တီထင်တယ်။”

မသန်းသန်းရွှေ (Triple E Management)တည်ထောင်သူ

“ရခိုင်ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကိုလိုချင်တယ်။ လူငယ်အရေးဆိုတော့ များသော အားဖြင့် ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပေါ့။ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းဆိုလို့ရှိရင် ပညာရေးကကျတော့ လူမှုရေးအခန်းကဏ္ဍ၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေကကျတော့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍ၊ ဆိုတော့ ဒီလူငယ်မျိုးဆက်တစ်ခုအနေနဲ့ လူငယ်တွေလိုအပ်တာက သူတို့ဟာ ပညာပြည့်ဝပြီးတော့ အရည်အသွေးရှိတဲ့ အရည်အချင်းရှိတဲ့လူတစ်ယောက်အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေနဲ့ ဝင်ငွေတွေနဲ့ ကမ္ဘာကိုလှမ်းနိုင်တဲ့ လူငယ်တွေဖြစ်ချင်တယ်ပေါ့။ ဆိုတော့ ကျမအနေနဲ့ ပြောရရင် တက်လာတဲ့ ဝန်ကြီးချုပ်တွေဟာ ကမ္ဘာကိုကျော်မယ်။ စင်္ကာပူကိုကျော်မယ်။ ဘယ်သူကိုကျော်မယ်။ ကမ္ဘာကြီးကို ဘယ်လိုမျိုးကျော်မယ်ဆိုတဲ့ စကားမျိုးတွေကို လိုချင်တာတော့ မဟုတ်ဘူး။ အဲဒီစကားတွေထက် ကျမတို့က အခုလက်ရှိ ရှိနေတဲ့အနေအထားမှာ ပကတိ လက်တွေ့ဆန်တဲ့ အောင်မြင်မှုတွေနဲ့ တိုးတက်မှု တွေကို ပြသနိုင်တဲ့ လူမျိုးဖြစ်ရင် ကျေနပ်တယ်။ မဟုတ်ဘဲနဲ့ ကျမတို့က ကမ္ဘာကြီးကို ကျော်မယ်ဆိုတဲ့ အိပ်မက်တွေဟာ မဖြစ်နိုင်တဲ့ အရမ်းအလှမ်းကွာဝေးတဲ့ အတွေးတွေနဲ့ မက်လုံးတွေ ပေးပြီးတော့ အိပ်မက် မက်နေရတဲ့ အနေအထားမျိုး ကျမမလိုချင်ဘူး။ ကျမတို့ဟာ လက်တွေ့နဲ့ နီးစပ်တဲ့ လက်တွေ့ မြေပြင် အခင်းအကျင်းမှာ တကယ့်တိုးတက်မှုကို ဖန်တီးနိုင်တဲ့ အလုပ်တွေလုပ်တဲ့ လူမျိုး တစ်ယောက်ဖြစ်တဲ့ အားရ ကျေနပ်ဖွယ်ရာ အလုပ်တွေကို လုပ်ပြနိုင်တဲ့ လူတစ်ယောက်ကိုတော့ လိုချင်တယ်။ ဘာလို့လည်းဆိုတော့ ပြည်သူတွေအားကိုးတဲ့ သူျဖစ်စေချင်တယ်။ ဒေသတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ဒီဒေသရဲ့ အကြီးအကဲ ဝန်ကြီးချုပ်နဲ့ ဆိုင်တယ်။ သူရဲ့ စီမံခန့်ခွဲမှု သူ့ရဲလုပ်ဆောင်ချက်တွေက ဘယ်လောက်ထိအားတက်သရောနဲ့ အလုပ်လုပ်နေသလဲဆိုတဲ့အပေါ်မှာမူတည်တယ်။ ဆိုတော့ ကျမတို့ အလုပ်လုပ်တဲ့လူကို လိုချင်တယ်။”

ဆရာသန်းထွန်း (စစ်တွေတွင် လူမူရေးဆောင်ရွက်သူ)

“အခု ကျနော်တို့  ရွေးကောက်ပွဲ နှစ်ကြိမ်ဖြတ်သန်းဖူးပြီးပေါ့။ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ရွေးကောက်ပွဲ နှစ်ကြိမ်ဖြတ်သန်းပြီးတဲ့အခါ ဝန်ကြီးချုပ် နှစ်ဦးနဲ့ပဲ ဆက်ဆံခဲ့ရတယ်။ တချို့တိုင်းနဲ့ ပြည်နယ်မှာ သုံးဦးပေါ့။ ရခိုင်ပြည်နယ်မှာ ထူးထူးခြားခြားက ရွေးကောက်ပွဲနှစ်ကြိမ်မှာ ဝန်ကြီးချုပ် လေးဦးနဲ့ ဆက်ဆံခဲ့ရတယ်။ လေးဦးနဲ့ ဆက်ဆံခဲ့တဲ့အခါမှာ အဲလေးဦးထဲမှာ ဘယ်သူက ထက်မြတ်တယ်။ ဘယ်သူက နည်းနည်း လိုအပ်တယ်။ ဘယ်သူက ရခိုင်လူမျိုးအကျိုးကို ဆောင်ရွက်နိုင်တယ်။ ဘယ်သူကအားဖြင့် ပိုဆောင်ရွက် နိုင်တယ် စသဖြင့် ၄ ဦးကို အကဲဖြတ်ခွင့်ရခဲ့တယ်လေ။ အဲဒါလေးတစ်ခုကတော့ ရခိုင်ပြည်နယ်က လူတွေ အတွက် ဘယ်လိုလူမျိုးက ဝန်ကြီးချုပ်ဖြစ်သင့်သလဲဆိုတာ ရခိုင်တွေအတွက် ရွေးချယ်မှုပေါ့။ စဉ်စားဉာဏ်ကို ပိုကောင်းစေတယ်လေ။ အဲတွက် ရခိုင်ပြည်နယ်မှာ အခုက conflict ကနှစ်ခုရှိတယ်။ ရခိုင်နဲ့ နောက် နိုင်ငံခြားသားတွေ ခိုးဝင်တဲ့ ကိစ္စတစ်ခုရှိတယ်။ နောက်တစ်ခုက မြန်မာ့တပ်မတော်နဲ့ ရက္ခိုင်တပ််တော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ကဏ္ဍတစ်ခုရှိတယ်။ အဲဒီ conflict နှစ်ခုကြားမှာ လုံးထွေးနေရတဲ့ ရခိုင်ပြည်သူတွေအတွက် နည်းနည်းပါးပါး ကြားဝင်ညှိနှိုင်းပေးနိုင်တဲ့လူ၊ အဆင်ပြေအောင် ညှိနှိုင်းပေးနိုင်တဲ့လူဖြစ်ရမယ်။ နောက်တစ်ချက် ကတော့ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကို တခြားတိုင်းနဲ့ ပြည်နယ်တွေလို ရင်ဘောင်တန်းနိုင်အောင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်တဲ့လူ ဖြစ်စေချင်တယ်။ နောက်တစ်ချက်ကတော့ ပြည်သူလူထုတွေနဲ့ မစိမ်းကားဘဲနဲ့ ရခိုင်ပြည်သူလူထုတွေနဲ့ ညှိနှိုင်းပြီး ရခိုင် အကျိုးကို ဆောင်ရွက်တဲ့လူမျိုးကိုပဲ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်စေချင်တယ်။ ”

ဦးစိုးနိုင်(လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ စစ်တွေမြို့)

“ အခု ရခိုင်ပြည်နယ်က ၄ ပုံ ၁ပုံ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ မဲနဲ့ပဲ အတည်ပြုမယ်ဆိုရင် လက်ရှိ ဝန်ကြီးချုပ်ပဲ ခန့်ချင်လို့ ဖြစ်မှာပေါ့။ တကယ့် လူထုကိုယ်စားပြု အမတ်တွေထဲက ဝန်ကြီးချုပ်ကို ရွေးချယ်မယ်ဆိုရင်တော့ နောက်ကျန်တဲ့ မြို့နယ်ကိုလည်း ရွေးကောက်ပွဲ ထပ်လုပ်ပေးမှ ဖြစ်မှာပေါ့။ ရွေးကောက်ပွဲက မလုပ်ဖြစ်တဲ့ မြို့နယ်တွေမှာ ထပ်လုပ်ပေးမှ ရမယ်လေ။ အဲတာ အဖြေက ရှင်းရှင်းလေးပဲ။  နောက်ဆက်တွဲ ရွေးကောက်ပွဲကို မလုပ်ပေးဘူးဆိုရင် လက်ရှိ လူကိုပဲ ဆက်ထားလိုတဲ့အနေအထားဖြစ်သွားမယ်။ အများထဲက လူကိုရွေးပြီး ကျယ်ကျယ် ပြန့်ပြန့် ဒီမိုကရေစီအရ ပြုပြင်ပြောင်းလဲ စေချင်ပါတယ်။ ရခိုင်လူမျိုးတွေနဲ့ ပြည်ထောင်စုအစိုးရရဲ့ သဟဇာတ ဖြစ်စေချင်တယ်ဆိုရင်တော့ နောက်ဆက်တွဲ ရွေးကောက်ပွဲကို ကျင်းပပေးဖို့ မျှော်လင့်ပါတယ်။ ပြည်သူတစ်ယောက် အနေနဲ့ ကျနော်တို့ ခေါင်းဆောင်ကောင်းကို မျှော်လင့်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို အပြည့်အဝ ရွေးချယ်နိုင်ခဲ့တဲ့ အနေအထား ရှိခဲ့တယ်။ လွှတ်တော်လည်း အင်အားလည်း ပြည့်တယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကလည်း အင်အားပြည့်တဲ့ လွှတ်တော်ပေ့ါ။ အဲဒီလွှတ်တော်ထဲကလည်း ဝန်ကြီးချုပ် တစ်ယောက်ကို ဘယ်လောက်ပဲ ဖွဲ့စည်းပုံက ဆိုပါစေ၊ အများစု အနိုင်ရတဲ့ပါတီကို ခန့်ထားမပေးခဲ့ဘူး။ ကိုယ်လိုချင်တဲ့ပုံဖော်လို့ရနိုင်မယ့် လူတစ်ယောက်ကိုပဲ ရွေးချယ်ပြီးတော့ အုပ်ချုပ်ခိုုင်းတယ်။ အဲဒါကြောင့် ဒီနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့နိုင်ငံရေးဟန်ချက်ဟာ ဟာမိုနီမဖြစ်ခဲ့ဘူး။ ဝရုန်းသုန်းကား ဖြစ်ခဲ့တယ်။ ဝမ်းနည်းစရာအဖြစ်အပျက်တွေ အများကြီးကြုံတွေ့ခဲ့ရတယ်။ သွေးရောင်လွမ်းသော နိုင်ငံရေးပဲ ဖြစ်သွားခဲ့ရတယ်။ ကျနော်တို့ မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီနိုင်ငံဟာ သွေးရောင်လွမ်းတဲ့ ဒီမိုကရေစီပဲဖြစ်နေတယ်။ အခုလာမယ့် လွှတ်တော်အခင်းအကျင်းက ဘယ်လိုဖြစ်မလဲ၊ ပိုဆိုးသွားမယ့် အနေအထားပဲရှိတယ်။”

(ပြီး)

https://burmese.narinjara.com/.../5fe71df93f8935047dbb797a


https://www.facebook.com/narinjara.info/posts/3906587642686617

No comments:

Post a Comment